Friday, August 31, 2018

“ထိုင်းနိုင်ငံခရီးစဉ် (၂)”


“ထိုင်းနိုင်ငံခရီးစဉ် (၂)”
===========

ဝါခေါင်လပြည့်နေ့ 26.8.2018 ရက်နေ့၊ မနက်ပိုင်းမှာ အရုဏ်ဆွမ်းဆက်ကပ်ပါတယ်။
ထိုင်းဆရာတော်တစ်ပါးလည်း ကြွရောက်အားပေးပါတယ်။
အဲဒီနောက်ပိုင်းမှာ မဟာချိုင်ရှိ ပရဟိတအဖွဲ့ဝင်အသီးသီး လာရောက်နှုတ်ဆက်ကြပါတယ်။

မနက် ၁၀း၀၀ နာရီမှာတော့ မဟာချိုင်မြို့၊ ဝပ်ဆီမိန်းကျောင်းတိုက်အတွင်း ဆွမ်းလောင်းပွဲကျင်းပပါတယ်။
မဟာချိုင်ရှိ အမျိုးများလာရောက်လောင်းလှူကြပါတယ်။
လှူဖွယ်ပစ္စည်းကတော့ မျိုးစုံပါပဲ။
အများစုကတော့ ဘတ်ငွေတွေပါ။
ဝပ်ဆီမိန်းဆရာတော်ကြီးဦးဆောင်ကြွပြီး ထိုင်းဆရာတော်တစ်ပါးလည်း လာရောက်အားပေးပါတယ်။
ဆွမ်းလောင်းပြီးတဲ့အခါ ဘန်ကောက်နှင့် မဟာချိုင်အနီးတစ်ဝိုက်မှအမျိုးများ တစ်ဖွဲဖွဲ လာရောက်အားပေးကြပါတယ်။













No comments:

Post a Comment