“ပညာရေးအကယ်ဒမီကျောင်း မွေးနေ့အရုဏ်ဆွမ်းအလှူ”
===============================
ဝါခေါင်လဆန်း ၇ ရက် (18.8.2018)ရက်နေ့၊ မနက် ၆း၃၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊
မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။
ဆရာတော် သံဃာတော်များကို မုန့်ဟင်းခါးအရုဏ်ဆွမ်းကပ်လှူတာပါ။
သံဃာတော်များကို ဆွမ်းကပ်အပြီးမှာ ဆရာ ဆရာများ ကျောင်းသားကျောင်းသူများအား
ဆက်လက်ကျွေးမွေးပါတယ်။
အလှူရှင်က စာရေးသူရဲ့တပည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊
၅၅ လမ်း၊ (အောင်ပင်လယ်ဈေးအရှေ့ဘက်)နေ ကိုသော်တာ+မဇင်မာ၊ သမီး မမေဇင်သွန်း (သော်တာ
ဆိုင်ကယ်ပြုပြင်ရေးနှင့် ဝါယာရိန်း) မိသားစုဖြစ်ပါတယ်။
သမီးလေး မမေဇင်သွန်းရဲ့ (၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကပ်လှူတာဖြစ်ပါတယ်။
အလှူရှင်မိသားစု ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်ဝ်…။

No comments:
Post a Comment