“ပြိုင်ပွဲဝင်ကဗျာများ (၁၃)”
===============
“သွေး”
ဘာသာကွဲပြား လူမျိုးခြား၏
သွေးသားစွက်ဖက် သွေးတစ်စက်ကား
ကူးစက်မိရာ တို့ မြန်မာအတွက်
ရောဂါပိုးမွှား အန္တရာယ်များ၏
သွေးသားတစ်စက် ရောဝင်စွက်က
အသက်လည်းဆုံး လူမျိုးတုံးကာ
ဆုံးရှုံးဘာသာ သာသနာလျှင်
ရှည်ကြာမတောက် အမှောင်ရောက်လိမ့်။
အမျိုးဘာသာ သာသနာ၏
ရင်လွှာမွေးဖွား သမီးသားတို့ 
ကွဲပြားအယူ မျိုးမတူသည့်
မူယာနှင့်မျှား လူမျိုးခြား၏
သွေးသားတစ်စက် ဆိပ်လက်နက်ကို
ရင်ဝှက်ပန်းခင်း သွေးကြောတွင်းသို
့
မသွင်းမိအောင် မဝင်အောင်လို့ 
ရှောင်ကြဉ်ကြိုးစား သစ္စာထားမည်
အမျိုးသားရေး စောင့်ပါမည်။
ကြယ်ကလေး(အိုင်ကြီး)

No comments:
Post a Comment