“သြဂုတ်လ ၂၂ ရက်နေ့ တိုင်းတရားရုံးမှာ တွေ့ဆုံမည်”
============================
ကိုကျော်မျိုးရွှေ တရားလိုလုပ်ပြီး တိုင်ကြားထားတဲ့ အမှုမှာ ကိုဆွေဝင်းဘက်က
အမြဲတန်း အချိန်ဆွဲနေခဲ့ပါတယ်။
သတင်းကြားရတာတော့ ၎င်းရဲ့အကြံပေးကြီးက တစ်ခေါက် ငါးသိန်းရလို့ အမှုကို
မကြာကြာအောင် ဆွဲဆန့်နေတယ်လို့ ဆိုပါတယ်။
အခုလည်း တရားလိုကိုစစ်ဆေးလို့ပြီးတဲ့အချိန်ကျမှ တိုင်းတရားရုံးကို
ထပ်တင်ပြန်ပါတယ်။
အမှုကို ရုပ်သိမ်းပေးစေလိုမှုနဲ့ တင်ထားတာပါ။
အမျိုးသားရေးရှေ့နေကြီးဦးဇော်ဝိတ်ကတော့ အမှုတစ်ထောင်မှာ တစ်ခု ဒါမျိုးတွေ့ရခဲတယ်လို့
ဆိုပါတယ်။
ပိုပြီးဆိုးတာက ဒီလိုအခြေအနေမျိုးဆိုရင် သုံးလခန့်ကြာမှ ဆင့်ခေါ်တာမျိုးရှိပေမယ့်
ဒီအမှုမှာတော့ အခု သြဂုတ်လ ၂၂ ရက်နေ့မှာ ဆင့်ခေါ်ထားလို့ပါပဲ။
အမှုကို ဖျက်သိမ်းပေးစေလိုမှုနဲ့ တင်ရတယ်ဆိုတာ ပြစ်မှုမထင်ရှားတာမျိုး
ပြစ်ဒဏ်တပ်လို့မရတာမျိုးမှာသာ ရှိခဲ့ဖူးတာပါ။
အခုဟာက သူရေးတာဆိုတာလည်း ဝန်ခံထားတယ်၊ ရုပ်သံတွေလည်း ရှိနေတယ်၊
အပြစ်တစ်ခုတင်မကဘဲ တစ်ခုပြီးတစ်ခု အဆင့်ဆင့်ကျူလွန်ထားတာလည်း ထင်ရှားတယ် ဒါကိုပဲ တိုင်းတရားရုံးက
လက်ခံတယ်ဆိုတာ အံ့သြစရာဖြစ်နေတော့တာပေါ့။
ဆွေဝင်းဘက်မှာ ဘယ်သူတွေရှိနေလဲ၊ မန္တလေးတရားစီရင်ရေး ဘယ်လိုရှိနေလဲ၊
NLD အစိုးရနှင့် ဘယ်လိုပတ်သက်နေသလဲ ဒါတွေကို သိရအောင် ၂၂ ရက်နေ့ တိုင်းတရားရုံးမှာ
ဆုံကြပါမယ် အမျိုးတို့။
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူကို ကြည်ညိုလေးစားကြကုန်သော သံဃာတော်များနှင့်
မျိုးချစ်မောင်မယ်များအားလုံး တိုင်းတရားရုံးသို့ လာဖြစ်အောင် လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါရစေ။

No comments:
Post a Comment