“ပါရမီပျိုးခင်းသွေးလှူအသင်း စုပေါင်းသွေးလှူဒါန်းပွဲ (ငွေတွင်း)”
==================================
၁၃၈၀-ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (26-8-2018) တနင်္ဂနွေနေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊
အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၊ သံဃနာယကဆရာတော်ကြီးသီတင်းသုံးရာ သပုညကာရီ ကျောင်းသစ်ကျောင်းမှာ
ကျင်းပပါတယ်။
စာရေးသူတည်ထောင်တဲ့ ပါရမီပျိုးခင်းသွေးလှူအသင်းရဲ့ (၂၁)ကြိမ်မြောက်
စုပေါင်းသွေးလှူဒါန်းပွဲပါ။
နိုင်ငံတော်ဘာသာနေ့အထိမ်းအဖြစ် ကျင်းပခြင်းဖြစ်ပြီး သွေးအိတ်ပေါင်း(၁၇၂)အိတ်ရရှိခဲ့ပါတယ်။
သွေးလှူဒါန်းပွဲကို ငွေတွင်း မဘသ အဖွဲ့ ဦးစီးကျင်းပတာပါ။
သွေးအလှူရှင်များကို အားဆေး၊ အအေး၊ စာအုပ်၊ တရားခွေ၊ ကြက်ဥများလှူဒါန်းပြီး
ပရိသတ်များကို ကြာဇံဟင်းနှင့် ထမင်းများကျွေးမွေးပါတယ်။
ငွေတွင်း မဘက ဦးစီးကျင်းပတာ ယခုနဲ့ဆိုရင် ၃ ကြိမ်ရှိပါပြီ။
ပထမအကြိမ်နှင့်
ဒုတိယအကြိမ်က မန္တလေး ပြည့်သူ့ဆေးရုံကြီးသွေးလှူဘဏ်မှာပြုလုပ်တာပါ။
နှစ်စဉ် ဝါခေါင်လပြည့်နေ့တိုင်း
ဆက်လက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အရင့်အရင်တုန်းက
ရွာထဲမှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အနီထီး အနီမ အနီဘုန်းကြီးတို့
အပြင်းအထန်ကန့်ကွက်ခဲ့ကြလို့ မန္တလေးဆေးရုံကြီးမှာ ပြုလုပ်ရတာပါ။
ဒီနှစ်တော့ စာရေးသူက
မဟာချိုင်ကိုရောက်နေတာဖြစ်လိုလားမသိ အနီကောင်တွေ အနီမတွေ ကန့်ကွက်သံ မကြားရတော့ပါဘူး။
နိုင်ငံရေးဆိုတာ
အကုသိုလ်မကြောက်တဲ့သူတွေရဲ့လုပ်ငန်းပါပဲ။
အဇာတသတ်၊ သခင်သန်းထွန်း၊
ဂဠုန်ဦးစော၊ မဆလ၊ နဝတ၊ နယက၊ လက်ပံတောင်း၊ မန်းသပိတ် ဒါတွေကို ကြည့်လိုက်ပါနော်။
လိုအပ်ရင် မိဘကိုပါပြန်သတ်ရတဲ့လုပ်ငန်းကို
နိုင်ငံရေးလို့ခေါ်ပါတယ်ဗျာ။

No comments:
Post a Comment