“ ကျောက်ချောရွာ ကျူရှင်ကျောင်းဟောပြောပွဲ”
===========================
ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ မနက် ၁၀း၀၀ နာရီ၊ မန္တလေးမြို့၊
ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။
၉-၁၀ တန်း ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။
ဘက်စုံပညာထူးချွန်ဆုများရှင်၊ စာပေဆုများရှင် ဘာသာစုံဂုဏ်ထူးရှင်
ဆရာဦးအောင်ကျော်ဆန်းက သားအတွက် ဓားတစ်လက် သမီးအတွက် ထီးတစ်လက် ခေါင်းစဉ်နဲ့ ဟောပြောတာပါ။
တဝါးဝါးတဟားဟားနဲ့ ပရိသတ်များ ပွဲကျကြပါတယ်။
ဆရာ့မေးခွန်းကို ဖြေနိုင်သည့် ကလေးများအား တစ်သောင်းကျပ်စီ ဆရာကြီးမှ
ဆုချပါတယ်။
ကျောက်ချောရွာကျူရှင်ကျောင်းကို မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး
ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ဖွင့်လှစ်ပေးထားတာပါ။
ကျောင်းသားကျောင်းသူ ၁၅၀ ကျော်ရှိပါတယ်။
လောလောဆယ် ဆရာ ဆရာမ ၂၀ ကျော်ဖြင့် အနီးကပ်ကြီးကြပ်သင်ကြားပေးလျက်ရှိပြီး
လေ့ကျင့်ခန်းစာမေးပွဲဖြေဆိုနိုင်သူများကို ညဂိုက်တန်း ဆက်လက်သင်ကြားပေးသွားမှာပါ။






No comments:
Post a Comment