Saturday, August 18, 2018

“ပြိုင်ပွဲဝင်ကဗျာများ (၂၀)”


“ပြိုင်ပွဲဝင်ကဗျာများ (၂၀)”
===============

“သွေးကြောင်သူများမလာရ”

မြင့်မြတ်စိတ်ထား
ကြင်နာပွား၍
ဘိုးဘွားအမွေ
ဓွန့် ကြာရှည်အောင်
မနေမနား
သူကြိုးစားခဲ့။

မျိုးဂုဏ်မဖျက်
ဂုဏ်ရှည်တက်ဖို့ 
တွဲလက်ညီညာ
မြန်ပြည်သာ၍
ဘာသာတန်ခိုး
ရောင်မညိုးအောင်
အားကြိုးမာန်တက်
ရှေ့ သို့ ဆက်ခဲ့။

ဖြူမည်းမရော
သွေးမနှောဘဲ
ချစ်သောမြန်ပြေ(ပြည်)
လှပန်းဝေဖို့ 
ခါနွေပူကြမ်း
ခရောင်းလမ်းလည်း
လျှောက်လှမ်း ကြည်သာ
ပြည်ကျိုးရှာခဲ့။

သူရသတ္တိ
ဝီရရှိလို့ 
မိုးထိစွန့် စား
မျိုးချစ်အားနဲ့ 
ရိုးသားလူ့ ဘောင်
ရှေ့ သို့ ဆောင်မည်
သွေးကြောင်သူများမလာရ။

မိုးထက်ထွန်း(ရေနံချောင်း)



No comments:

Post a Comment