Wednesday, August 1, 2018

“ပညာရေးအကယ်ဒမီကျောင်း မွေးနေ့အလှူ”


“ပညာရေးအကယ်ဒမီကျောင်း မွေးနေ့အလှူ”
=======================

ဒုတိယဝါဆိုလဆုတ် ၁ ရက်၊ 28.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်အတွင်း၌ ဖွင့်လှစ်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ အရုဏ်ဆွမ်းကပ်ပါတယ်။
အုန်းနို့ခေါက်ဆွဲပါ။

အလှူရှင်ကတော့ ကိုအောင်ကိုဝင်း+မဂျူးဂျူး မိသားစု ဖြစ်ပါတယ်။ သားငယ်လေး ထီးလှိုင်ကျော် (ခ) ဘိုထီး (၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပါ။
သံဃာတော်များအား အရင်ဆက်ကပ်ပြီးမှ ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများအား ကျွေးမွေးပါတယ်။ 
ယွန်းဝတီရွှေဆိုင်မိသားစု လှူဒါန်းထားတဲ့ ထမင်းစားပွဲခုံရှည်များနှင့် စုပေါင်းလှူဒါန်းထားတဲ့ ထိုင်ခုံလေးများ စတင်အသုံးပြုနိုင်လို့ အတော်အဆင်ပြေသွားပါပြီ။
အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။










No comments:

Post a Comment