“လောကအလင်းဆီသို့”
==============
18.7.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ လောကအလင်းသို့ ရောက်ရှိခဲ့ပါတယ်။
ကျောင်းဖွင့်ရက်ဖြစ်တာကြောင့် Repeater တန်းတွေပဲ တွေ့ရပါတယ်။
Repeater တန်းတွေကို ဆရာဦးတင်နိုင်ဝင်း သင်္ချာသင်ပေးနေပါတယ်။
မနက်ဖြန် အာဇာနည်နေ့ ကဗျာရွတ် စကားရည်လုကြမှာဖြစ်လို့ မြန်မာစာဆရာတော်လေး
ဦးသုမနက ဆုပေးဖို့ စီစဉ်နေပါတယ်။
လောကအလင်းမှာ စနေ တနင်္ဂနွေဆိုရင် တစ်နေကုန်နီးပါး ကျောင်းဖွင့်ပါတယ်။
Repeater နှင့် Fresher တန်း ပေါင်းသင်ရတဲ့ဘာသာရပ်တွေလည်း ရှိပါတယ်။
လောကအလင်းမှာ ကျောင်းပိတ်ရက်မရှိပါဘူး။
သူ့အတန်းနဲ့သူ နားသူကနား တက်သူကတက် အမြဲတန်း လည်ပတ်နေပါတယ်။
ဒီလကုန်ရင် ညဂိုက်တန်း စပါတော့မယ်။
ညဂိုက်တန်းတက်နိုင်ဖို့ စာမေးပွဲဖြေဆိုကြရပါမယ်။
လောကအလင်း သားသားမီးမီးလေးတွေ ကံကောင်းကြပါတယ်ဗျာ။
အမြဲတန်း ကံကောင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။












No comments:
Post a Comment