“သဟာယ နေ့ဆွမ်းအလှူတော်”
================
ဒုတိယဝါဆိုလပြည့် 27.7.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။
ဓမ္မပါရဂူ၊ ဓမ္မဝိမုတ္တိရသ နာယကဆရာတော်လေးများနှင့်အတူ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်
ကြီး ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)လည်း ကြွရောက်ချီးမြှောက်ပါတယ်။
ကုသိုလ်ရှင်ကတော့ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစု
ဖြစ်ပါတယ်။
မန္တလေးသို့အလာ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ရေကြီးပြီး ပိတ်မိနေလို့
တစ်ညလုံး ကားပေါ်မှာပဲ အချိန်ကုန်ခဲ့ရသလို နောက်ဆုတ်လို့လည်းမရ၊ ရှေ့လို့လည်းမရတာကြောင့်
ဆွမ်းကပ်လည်း မမီတော့ပါဘူး။
မဟော်သဓာကလေးငယ်များအတွက် ရေခဲမုန့်ကျွေးလည်း မမီတော့ပါဘူး။
ပုထိုးတော်ကြီး ဘကကျောင်း ထမင်းစားဆောင်အတွက် စားပွဲခုံရှည်များ
လှူဒါန်းမှုရေစက်ချပွဲလည်း မမီတော့ပါဘူး။
ဆွမ်းကပ်နေပုံကို Live လွှင့်ပြီး ပြသထားရပါတယ်။
ဝေယျာဝစ္စကုသိုလ်ရှင်တွေကတော့ နဂါးနီဝိုင်းတော်သားများနှင့် ၉၆၉
ဝိုင်းတော်သားများ ဖြစ်ပါတယ်။
https://wirathu.blogspot.com/




No comments:
Post a Comment