Monday, July 30, 2018

“ပြိုင်ပွဲဝင်ကဗျာများ (၁၁)”


“ပြိုင်ပွဲဝင်ကဗျာများ (၁၁)”
==============

“ပြုသမျှနုရမတဲ့လား”

ဒို့ သာသနာ
စိုရိမ်ရေ အမှတ်က
တိုးသထက် တိုးလို့ 
တက်ခဲ့ပြီိ။

မွတ်အပေါင်းကလည်းရက်စက်
ခွတ်ဒေါင်းကလည်းဖျက်နဲ့ 
အပျက်ပျက်တွေကြားမှာ
ခေါင်းငိုက်စိုက်ချရင်း
သာသနာလိုလားသူတို့ 
ရတက်မအေးနိုင်ရှာကြ။

ဘုရားလည်းမထောက်
တရားလည်းမကြောက်
သံဃာဆို
အရေကြိုသောက်မယ့်
တိုင်းတပါးသာ အထင်ကြီး
ရုပ်ဝါဒီသမားတွေကလည်း
ဝန်းကျင်မှာတောင်
ဒု နှင့် ဒေးရယ်။

ဒေါင်းအလံ
မတောက်ပ
မြောင်းထဲမှာ ထိုးကျစဉ်ကတော့
ဂတုံးဆို ဒို့ ဘုန်းဘုန်း
တအုံးအုံးနှင့်
ဆည်းကပ်ကြ
နိုင်ငံရေး သမားတို့ ရဲ့ 
သဘာဝပဲလေ။

အရှင်ဘုရားတို့ ပဲ
အပူတွေ
သက်သာပါစေတော့ရယ်လို့ 
ပြည်သူ့ အတွက်တခုတည်းနဲ့
လမ်းပေါ်တက်
သူရဲကောင်းလုပ်
မေတ္တာသုတ် ဖက်ဖက်မောအောင်ရွတ်
စစ်လက်နက်တွေကြားမှာ
သွေးချွေးတွေဒီးဒီးကျ
အောင်ပွဲရခဲ့တော့
သူတို့ တွေ…။

အဲ့ဒီနေ့ ကစပြီး
အာဏာလေး လက်ထဲရောက်
ရိုးသားမူတွေ
စ ပျောက်လာခဲ့တယ်။

အမျိုးဘာသာ သာသနာ
စောင့်ရှောက်ဖို့ အရေး
မဘသမလိုဘူး
ပြောလို့ ပြော။

မျိုးချစ်ရမည့်ခေတ်
ကုန်ပြီ ဆိုလို့ ဆို
သင်္ကန်းအရေခြုံတွေ ဆိုပြီလည်း
ပုတ်ခတ်ချင်တိုင်း ပုတ်ခတ်
ကျေးဇူးမသိတတ်တဲ့သူတွေ။

နိုင်ငံပိုင် ဒေါ်လာစား
DAILY ELEVEN ဂျာနယ်မှာ
သာသနာအပုတ်ချ
ဘယ်တုန်းကမှ အကောင်းမမြင်
နေ့ စဉ်နှင့်အမျှ
သံဃာမကောင်းကြောင်းကပါနေကျ။

အရှင်ဘုရားတို့ 
သတိရှိကြ
အသိရှိကြ
သတိထားကြ
အသိပွားကြ။
လိုတော့တစ်မျိုး
မလိုတော့ရင် လက်နှီးစုတ်လို
ဂျောင်မှာအထိုး ခံထားရတာက
တပည့်တော်တို့ ရဲ့ ဘဝတွေ။

ဟိုကတိုက်ခိုက်
ဒီကတိုက်ခိုက်နှင့်
အမျိုးမျိုးအထိုးနှက်ခံရင်း
အလဲလဲဖြို . ဖြိုခံနေရတာက
Facebook.
အမျိုးသားရေး အကောက်တွေ။

ဘာတွေဘယ်လိုပင်
ဖြုတ်ချလို့ ပြုတ်ကျကျ
အဓိကအရေးအကြီးဆုံး
ပြုတ်ကျမသွားဖို့ က
ဒို့ ရဲ့  နှလုံးသားတွေ။

ကြည့်လေ…
အကြမ်းဖက်နေသူတွေက
မဘသကို စွပ်စွဲလာကြတယ်။

လူသတ်နေသူတွေက
မဘသကို လူသတ်သူတွေလို့ 
စွပ်စွဲလာကြတယ်။

အစွန်းရောက်
နေသူတွေက
မဘသကို
အစွန်းရောက် သူတွေလို့ 
စွတ်စွဲလာကြတယ်။

တိုင်းပြည်ဆူပူအောင်
လုပ်ခဲ့တဲ့သူတွေက
မဘသကို
တိုင်းပြည်ဆူပူအောင် လုပ်သူတွေလို့ 
စွပ်စွဲလာကြတယ်။

သူခိုးက
လူပြန်ဟစ်တဲ့ ခေတ်ကြီးထဲမှာ
အရှင်ဘုရားတို့ 
ဘာမှနာစရာ အကြောင်းမရှိဘူး။

ဒို့ များလက်ထက်မှ
ရာဇဝင် အရိုင်းခံရမတဲ့လား။

ဒို့ တွေဟာ
သူတို့ ပြုသမျှတိုင်းသာ
နုရမတဲ့လား…။


တက္ကသိုလ်
ရင်သွေးငယ်




No comments:

Post a Comment