“၂၀၁၈ တေဝီသတိမ ဓမ္မသဘင်/ ချောင်းဦး-တောကျောင်းရွာ”
=================================
ဒုတိယဝါဆိုလဆန်း ၁၄ ရက်၊ 26.7.2018 ရက်နေ့၊ ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ တောကျောင်းရွာ၊ ရတနာကံမြင့် ပြုံးတော်မူဘုရားအနေကဇာတင်ပွဲနှင့်
သီတလာဝါသ အာရုံခံ ရေစက်ချပွဲအကြို ဓမ္မသဘင်။
တရားပွဲကုသိုလ်ရှင်ကတော့ တောကျောင်းရွာ ခေါ်ခင်မြင့်မိသားစုဖြစ်ပါတယ်။
ကွယ်လွန်သူ ဦးကြည်လင်းကိုရည်စူးပြီး အာရုံခံတန်ဆောင်းဆောက်လုပ်လှူဒါန်းခြင်း၊
တရားပွဲကျင်းပခြင်း ဖြစ်ပါတယ်။
(ဦးကြည်လင်း)+ဒေါ်ခင်မြင့် တို့ရဲ့ သားသမီးတွေထဲမှာ စာရေးသူနှင့်အတူ
အိုးဘိုထောင်မှာ နေခဲ့ရတဲ့ မောင်မြင့်သန်းတစ်ယောက်လည်း ပါပါတယ်။
စာရေးသူကို ပင့်ချင်လွန်းလို့ တရားဟောခွင့် ပြန်ရချိန်အထိ စောင့်ဆိုင်းပြီးမှ
ကျင်းပတဲ့ပွဲပါ။
မစိုးရိမ်တိုက်သစ် နာယကဆွမ်းစားဆောင် ဆွမ်းစားကျောင်းဘုန်းကြီး
ဦးဇနိတ (ဦးဖိုးစိန်)ရဲ့ ရွာလည်း ဖြစ်ပါတယ်။
သဟာယတန်းစီး ပတ်သက်ကြီး ဦးဝိစိတ္တရဲ့ရွာလည်း ဖြစ်ပါတယ်။
သဟာယတန်းစီး ဦးဝိစိတ္တနှင့် မောင်မြင့်သန်းတို့ ဦးဆောင်ကျင်းပတဲ့ပွဲပါ။
ရွာဦးကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး ရွာခံနောင်တော်ညီတော်များနှင့်
တရားဆွေးနွေးကာ တရားပွဲစတင်ပါတယ်။
နမောတဿတန်ဖိုး တရားတော်
ကောသလမင်း၊ သိကြားမင်း၊ မဟိန္ဒမင်း၊ ဗြဟ္မာယုပုဏ္ဏား၊ ဇာဏုေဿာဏိပုဏ္ဏား၊
ဓနဉ္ဇာနီပုဏ္ဏေးမ၊ ကာရဏပါလီအမတ်ကြီး အာရာမဒဏ္ဍပုဏ္ဏားကြီးတို့ ရွတ်ဆိုပူဇော်ခဲ့သော နမောတဿ
ဂါထာတော်ကြီးအကြောင်းကို အကျဉ်းချုံးဟောကာ ကာရဏပါလီအမတ်ကြီး ကျွတ်တန်းဝင်အောင် သူငယ်ချင်းဖြစ်သူ
အရပ်သားတစ်ဦးက မြတ်စွာဘုရားတရားတော်များကို ဥပမာငါးခုပေး၍ ဟောကြားခဲ့ပုံများကို သံပေါက်လေးတွေစီးပြီး
ဟောကြားခဲ့ပါတယ်။
နမောတဿ ရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ ချမ်းသာမှာ။
ဘေးကင်းလုံခြုံ ပြည့်စုံဖို့၊ နမောတဿရွတ်ကြစို့။
ဝီရသူ (မစိုးရိမ်)
28.7.2018























No comments:
Post a Comment