Monday, July 16, 2018

"မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၃၁"


"မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၃၁"
============================

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်
ညောင်ဦးမြို့၊ မဟာစည်သာသနရိပ်သာ ဒေါ်ဝိမလစာရီမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (15.7.2018)

မန်း မဟော်သဓာအတွက်
ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊
ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊
ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊
ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း)
ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က အလှူငွေ ဘတ် ၁၀၀၀၀ (ဘတ်တစ်သောင်း)
သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ပညာရေးအလှူတော် တရားပွဲဓမ္မပူဇာကုသိုလ်ရှင်များ လှူဒါန်းငွေ ၅,၃၀၀,၀၀၀ိ ကျပ်၊
မန်းမဟော်သဓာ ဗဟိုကော်မတီ အလှူခံရရှိငွေ ၅၀,၀၀၀,၀၀၀ိ (သိန်းငါးရာ)ကျပ်
ရမည်းသင်း မဘသ နှင့် ပြည်သူများ လှူဒါန်းငွေ ၁၁,၁၀၀,၀၀၀ (တစ်ရာ့ တစ်ဆယ့် တစ်သိန်းကျပ်)
ရမည်းသင်းမြို့၊ သိမ်ကုန်းကျေးရွာနေ ဦးစိုးလင်း(ခ)ဦးနေဇင်လတ်+ဒေါ်မြင့်မြင့်စိန် အလှူငွေ ၅,၀၀၀,၀၀၀ (သိန်းငါးဆယ်ကျပ်)
မန်း မဟော်သဓာ ဗဟိုကော်မတီ ဒုတိယအကြိမ် အလှူခံရရှိငွေ ၅၀,၀၀၀,၀၀၀ (သိန်းငါးရာကျပ်)
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ၅,၀၀၀,၀၀၀ (ငါးဆယ်သိန်းကျပ်)
သီခြားအလှူရှင်များ လှူဒါန်းငွေ ၆၇,၃၀၈,၀၀၀ (ခြောက်ရာ့ ခုနစ်ဆယ့် သုံးသိန်း ရှစ်ထောင်ကျပ်)
စုစုပေါင်း - ၃၃၉,၈၀၈,၀၀၀ (သုံးထောင့် သုံးရာ့ ကိုးဆယ့် ရှစ်သိန်း ရှစ်ထောင်ကျပ်)ရရှိပြီဖြစ်သည်။

အလှူရှင် ဒေါ်ဝိမလစာရီနှင့်အတူ အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။



No comments:

Post a Comment