Monday, June 4, 2018

“ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ သဘောထားထုတ်ပြန်ချက်”


“ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ သဘောထားထုတ်ပြန်ချက်”
===========================================

သာသနာတော်နှစ် ၂၅၆၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၀ ပြည်နှစ်၊ နယုန်လပြည့်ကျော်(၅)ရက်၊ ၂၀၁၈ ခု၊ ဇွန်လ (၃)ရက်၊ တနင်္ဂနွေနေ့

၁။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲတွင် ထုတ်ပြန်သည့် သဘောထားကြေညာချက် (၇)ချက်အား ကရင်ပြည်နယ်(မ.ဘ.သ)အဖွဲ့က အပြည့်အဝထောက်ခံသည်။

၂။ ဇွဲကပင်ဆံတော်ရှင်စေတီတော်သို့ အလွယ်တကူတက်ရောက်ဖူးမြော်နိုင်ရန် မြိုင်ကြီးငူဆရာတော်ဦးဆောင်၍ ဇွဲကပင်တောင်တက် မော်တော်ကားလမ်းဖောက်လုပ်ခြင်းအား ရှင်လူ ရဟန်း ပြည်သူများနှင့် ဒေသခံများက လိုလားနှစ်သက်ကြသည်။ ထို့ကြောင့် အဆိုပါ ဇွဲကပင်တောင်တက် မော်တော်ကားလမ်း ဖောက်လုပ်ခြင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ဟန့်တားပိတ်ပင်ခြင်း မပြုရန် တိုက်တွန်းသည်။

၃။ ဘားအံမြို့နယ်၊ ကျောင်းထိုင်ဆရာတော်များ ၂၁.၃.၂၀၁၈ နေ့ လက်မှတ်ရေးထိုး မေတ္တာရပ်ခံထားသည့် ကရင်ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဗိမာန်”တော်ကြီး တည်ဆောက်နိုင်ရန် မြေနေရာရရှိရေး တောင်းခံထားမှု ကြန့်ကြာနေခြင်းကို အမြန်ဆုံးဆောင်ရွက်ပေးရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အား ထပ်မံမေတ္တာရပ်ခံသည်။


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)
ကရင်ပြည်နယ်


No comments:

Post a Comment