“မုဒိတာရပ်ဝန်း”
(နဝကမ္မ အလှူတော်)
=======================
ဝံသာနုဓမ္မကထိက
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌
လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ
မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ်၊ ပဲပုပ်တန်းရပ်ကွက်၊ မိဘနှစ်ပါးဖြစ်ကြသော ဦးဝင်းမင်းသန်း+ဒေါ်ခင်မျိုးဝင်းတို့အား
အမှူးထား၍ သမီးလေး မနှင်းအိဝင်းမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။
(9.6.2018)
အလှူရှင်
သမီးလေး မနှင်းအိဝင်းနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်
ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဝံသာနုဓမ္မကထိက
အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ်
မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊
မဟာအောင်မြေမြို့နယ်
မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊
ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တို့၌ ဆင်းရဲသူဆင်းရဲသား များအတွက်
နဂါးနီစုဘူးအသင်း တည်ထောင်၍လည်းကောင်း၊
လူမျိုးခြား
ဘာသာခြားတို့ထံ၌ ဆန္ဒမရှိဘဲအလုပ်လုပ်နေရသော မိန်းကလေးများ၊ ကလေးသူငယ်များအတွက် မြန်မာလုပ်သားကယ်ဆယ်ရေးအဖွဲ့
ဖွဲ့စည်း၍လည်းကောင်း၊
အတုမရှိ ပြည်ချစ်သားဂျာနယ်
ဖြန့်ချိလျက်လည်းကောင်း၊ မဟာဝီရ ရသစုံ မဂ္ဂဇင်းထုတ် ဝေလျက်လည်းကောင်း၊
စစ်ကိုင်းမြို့နယ်၊
မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်အတွင်း မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း
ဖွင့်လှစ်၍လည်းကောင်း
အခြားသော
ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း အမျိုး ဘာသာ သာသနာအကျိုးကို အားကြိုးမာန်တက်
ဆောင်ရွက်သယ်ပိုးလျက်ရှိပါသည်။
No comments:
Post a Comment