“မြိုင်မြို့ ကိုးဆောင်ဆရာတော်ကြီးအား ဖူးမြော်ပူဇော်”
=============================
16.6.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊
မြိုင်မြို့၊ ကိုးဆောင်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပါတယ်။
သက်တော်ရှည် ကိုးဆောင်ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒအား သွားရောက်ဖူးမြော်ကြတာပါ။
မြိုင် မဘသ နှစ်ပတ်လည်အခမ်းအနားတက်ရင်း ကိုးဆောင်ဆရာတော်ကြီးအား
မန်း မဘသ ဝိုင်းတော်သားများအားလုံး ဖူးမြော်ပူဇော်ပြီး သြဝါဒနာယူခဲ့ကြပါတယ်။
ဆရာတော်ကြီးက သက်တော် (၉၁)နှစ်ရှိပါပြီ။ မိုးကုတ်ဝိပဿနာကမ္မဋ္ဌာန်းဆရာတော်ကြီးဖြစ်ပါတယ်။
အမျိုးသားရေးသြဝါဒများ ချီးမြှင့်တော်မူပါတယ်။
စာရေးသူ ထောင်မကျခင်က ဟောကြားခဲ့တဲ့ အမျိုးသားရေးတရားတွေကို နားထောင်ပြီး
ထပ်မံကူးယူကာ ဖြန့်ဝေခဲ့တယ်လို့ မိန့်တော်မူပါတယ်။
မျိုးချစ်စိတ်ဘယ်လောက်ကြီးမားလဲဆိုရင် အဲဒီကတည်းက စာရေးသူကို တွေ့ချင်နေတာ
အခုမှပဲတွေ့ရတယ်လို့ မိန့်တော်မူပါတယ်။
ငါ့တစ်သက် မတွေ့ရတော့ဘူးလို့ အောက်မေ့နေတာ၊ အခုလိုတွေ့ရလို့ ဝမ်းသာပါတယ်ဟု
ပြုံးပြုံးကြီး မိန့်တော်မူပါတယ်။
သြဝါဒပေးရင်း ကဗျာတွေလည်း ရွတ်ပြပါတယ်။
စာရေးသူကိုလည်း ထပ်ခါတစ်လဲလဲ ချီးကျူးတော်မူပါတယ်။
No comments:
Post a Comment