Thursday, June 7, 2018

“ပုဆိန်ရွာ ပုရှိန်ဆရာတော် ပုဆိန်တရားပွဲ”


“ပုဆိန်ရွာ ပုရှိန်ဆရာတော် ပုဆိန်တရားပွဲ”
======================

နယုန်လဆုတ် (၅)ရက်၊ 3.6.2018 ရက်နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၊ ကရင် မဘသ အခမ်းအနားမှအပြန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မော်ဘီကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။

ဘုန်းကြီးကျောင်းအပေါ်ထပ်မှာ လူအုပ်စုနှစ်ခု ရန်ဖြစ်နေကြလို့ လူစုကွဲအောင် ခြောက်လန့်တဲ့အနေနဲ့ ပုဆိန်ပြေးယူပြီး ပုဆိန်နဲ့ရွယ်ဖို့ ပြန်ထွက်အလာ ကျောင်းဒကာတွေက အခမ်းဝမှ ပုဆိန်ကိုဝိုင်းလုပြီး ကျောင်းအောက်ထပ်သို့ ပစ်ချလိုက်တာကို ရွာမျက်နှာဖုံးဆိုသူ အမျိုးသမီးတစ်ဦးက သံဃနာယကကိုတိုင်လို့ သံဃနာယက က ဝိနည်းဓိုရ်ဖွဲ့ကာ နှင်ထုတ်လိုက်တဲ့အမှု၊ နှင်ထုတ်လို့မထွက်တဲ့အတွက်ကြောင့် အာဏာစက်ကိုလွဲကာ အာခံမှုနဲ့ ထောင်ချဖို့ကြံစည်ကြတဲ့အမှု ဒီရွာလေးမှာ ဖြစ်ခဲ့ပါတယ်။
မော်ဘီရွာလို့ ခေါ်ပါတယ်။ ဒါမေမဲ့ ပုဆိန်ရွာလို့ ထင်ရှားသွားပါပြီ။
ပုရှိန်ဆရာတော်လေးကိုလည်းအားပေးရင်း၊ ရွာသူရွာသားတွေကိုလည်း အားပေးရင်း ကရင်ပြည်နယ်ကအပြန် ဝင်ရောက်ဖြစ်သွားတာပါ။

ဗုဒ္ဓသာသနာတော်အရိပ်အောက်မှာပဲ နေပါတယ်။ ဗုဒ္ဓသာသနာထက် ဘယ်အရာကိုမှ အလေးအမြတ်ပြုစရာမလိုပါ။
ဒါကြောင့် ဘုန်းကြီးလည်း ထွက်စရာမလို၊ ရွာသူရွာသားတွေလည်း စိုးရိမ်စရာမလိုကြောင်း အားပေးစကားပြောကြားခဲ့ပါတယ်။
ထောင်ကို မကြောက်နဲ့၊
အမှောင်ကို ကြောက်ပါ။
ထောင်က လွတ်လမ်းရှိတယ်၊ လွတ်ရက်ရှိတယ်၊
ငရဲက လွတ်လမ်းမမြင်ဘူး၊ လွတ်ရက်မထင်ဘူး။
ဒါကြောင့် ပြည်သူတွေ ထောင်ကိုမကြောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝီရသူ (မစိုးရိမ်)
7.6.2018










No comments:

Post a Comment