Sunday, June 10, 2018

“မန်း ဟော်သဓာ အလှူငွေပေးအပ်ပွဲ”


“မန်း ဟော်သဓာ အလှူငွေပေးအပ်ပွဲ”
====================

နယုန်လဆုတ် (၈)ရက်၊ 6.6.2018 ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်း မဟော်သဓာ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။
အလှူရှင်များကတော့ တပည့် အရှင်ကောသလ္လ(ဘိက္ခုကောသလ္လ)၊ တပည့် အရှင်ဇောတိက(အရှင်ဇောတိက မစိုးရိမ် ရေစကြို)တို့နှင့် ကိုင်းတန်းဈေး ဈေးချိုမှ ဦးတင်မောင်+ဒေါ်ခင်တင့် (ရတနာထွန်း ရေချိုကုန်ရောင်းဝယ်ရေး)မိသားစုတို့ပါ။
မစိုးရိမ် ရေစကြို အရှင်ဇောတိကနှင့် အရှင်ကောသလ္လတို့က (၂)သိန်းကျပ်၊
ဦးတင်မောင်+ဒေါ်ခင်တင့် ရတနာထွန်း မိသားစုက (၁၀)သိန်းကျပ်၊
သမီး မခိုင်ခိုင်ထွေး (ရတနာထွန်း)က (၁)သိန်းကျပ်၊
စုစုပေါင်း (၁၃)သိန်းကျပ် လှူဒါန်းပါတယ်။
အလှူရှင်များကို မန်း မဟော်သဓာ ကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီ၏ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းပြပြီး မကြာမီဖွင့်လှစ်တော့မည့် ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်း စီမံကိန်းကိုလည်း ရှင်းပြလိုက်ပါတယ်။
မန်း မဟော်သဓာကျောင်းတော်ကြီးမြေကွက်ဟာ အပေါ်ကွက်နှင့် အောက်ကွက် နှစ်ကွက်ရှိပါတယ်။
ရွှေဆံနွယ်ဆရာတော် လှူဒါန်းထားတာက အပေါ်ကွက်ပါ။
ဦးထွန်း+ဒေါ်မေ အကွက်က အောက်အကွက်ပါ။
၎င်းအကွက်ကို မြေထိုးစက်ကြီးများဖြင့် မြေညှိထားပြီးပါပြီ။
အားလုံးအဆင်သင့်ဖြစ်နေပါပြီ။
အလှူရှင်တွေကော ရွာသူရွာသားတွေပါ မဟော်သဓာနေရာကိုရောက်တိုင်း သဘာဝအလှများကို ခံစားကာ ပျော်ရွှင်ချမ်းမြေ့နေတာ တွေ့ရပါတယ်။ 








No comments:

Post a Comment