“ကရင်ပြည်နယ် မဘသ နှစ်ပတ်လည်အခမ်းအနား”
===========================
နယုန်လပြည့်ကျော် (၅)ရက်၊ 3.6.2018 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊
ကရင်ပြည်နယ်၊ ဘားအံမြို့ မဲဘောင်ကျောင်းတိုက်မှာ ကျင်းပပါတယ်။
မနက်ပိုင်းမှာ ကရင်ဒုံးယိမ်းအကဖြင့် ဧည့်ခံခြင်း၊ စတုဒိတာကျွေးမွေးခြင်း၊
ဆရာတော်သံဃာတော်များအား ကြိုဆိုခြင်းဖြင့် စည်ကားလှပါတယ်။
ရွာမဆရာတော်ကြီး၊ မြစေတီရဲကျောင်းဆရာတော်ကြီး၊ ပန်းတနော် မြတောင်ဆရာတော်ကြီး
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ စုံလင်လှသလို ကရင်ပြည်နယ်ရှိ သံဃာတော်များလည်း စုံလင်လှပါတယ်။
အနယ်နယ်အရပ်ရပ်မှ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများလည်း
လာရောက်ဝန်းရံအားဖြည့်ကြပါတယ်။
သံဃာတော်အပါး (၄၉၀)၊ သီလရှင်အပါး (၅၀)၊ လူ (၁၁၇၁)ဦး စုစုပေါင်း
(၁၇၉၁)ဦး တက်ရောက်ကြပါတယ်။
သြဝါဒတွေလည်း မှတ်သားစရာတွေပါပဲ။ ရဲရဲတောင် သြဝါဒတွေပါ။
ထိုသြဝါဒတွေကြောင့် ပရိသတ်များ ပိုပြီးအားရှိ ပိုပြီးတက်ကြွလာကြပါတယ်။
ဇွဲကပင်ဆရာတော်ကြီးက ပွဲပန်းနေလို့ ကျန်းမာရေးမကောင်းပါ။ အကြိုညကလည်း
ဆေးထိုးရပါတယ်။ အခမ်းအနား မနက်ပိုင်းမှာလည်း ဆေးထိုးထားရပါတယ်။ ဒါပေမဲ့ နိဂုံးချုပ်သြဝါဒကိုတော့
လက်သံပြောင်လောက်အောင် အားရစရာကောင်းလှပါတယ်။
စာရေးသူက ငါသည် ထာဝရ မဘသ ခေါင်းစဉ်ဖြင့် ဟောကြားခဲ့ပါတယ်။
၁။ ပြည်သူ့အတွက် မဘသ၊
၂။ တစ်မျိုးသားလုံးအတွက် မဘသ၊
၃။ တိုင်းပြည်အတွက် မဘသ၊
အခန်းသုံးခန်းခွဲ ဟောကြားခဲ့ပါတယ်။
၁။ မီးဘေးဆိုလည်း မဘသ၊
ရေဘေးဆိုလည်း မဘသ၊
မွတ်ဘေးဆိုလည်း မဘသ၊
ပြည်သူ့အတွက် မဘသ။
၂။ ဘာသာရေးလည်း မဘသ၊
သာသနာရေးလည်း မဘသ၊
အမျိုးသားရေးလည်း မဘသ၊
ယဉ်ကျေးမှုလည်း မဘသ၊
တစ်မျိုးသားလုံးအတွက် မဘသ။
၃။ ကာကွယ်ရေးလည်း မဘသ၊
စောင့်ရှောက်ရေးလည်း မဘသ၊
တိုင်းပြည်အတွက် မဘသ။
၎။ ကုသိုလ်မှန်သမျှ မဘသ၊
ကောင်းတာမှန်သမျှ မဘသ၊
အားလုံးအတွက် မဘသ၊
ကမ္ဘာတည်တရွေ့ မဘသ၊
ငါသည် ထာဝရ မဘသ။
No comments:
Post a Comment