“ကျောက်ချောရွာ ကျူရှင်ကျောင်းဖွင့်လှစ်နိုင်ရေး အစည်းအဝေး”
==================================
နယုန်လဆုတ် ၁၂ ရက်၊ (10.6.2018) တနင်္ဂနွေနေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်း မဟော်သဓာကျောင်းအဝင်းအတွင်းရှိ
ရှင်းလင်းဆောင်မှာကျင်းပပါတယ်။
မန်း မဟော်သဓာ ပညာရေးကော်မတီ အကြီးအကဲများနှင့် ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။
ယခု စာသင်နှစ်မှာ ၉ တန်း ၁၀ တန်း ကျူရှင်ဖွင့်လှစ်နိုင်ရန် သင်ကြားရေးဆရာ
ဆရာမများ၊ ဂိုက်ဆရာ ဆရာမများ စုစည်းပြီး အချိန်ဇယားဆွဲကြတာပါ။
လောလောဆယ် မိုးတွေအဆက်မပြတ်ရွာနေလို့ စာသင်ခုံများ ဆေးသုတ်လို့
မပြီးသေးပါ။
မကြာမီ ဖွင့်လှစ်တော့မှာပါ။
No comments:
Post a Comment