“iPhone
X အလှူရှင်”
===============
17.2.2018
ရက်နေ့မှာ မော်လမြိုင်မြို့ ယွန်းဝတီရွှေဆိုင်ပိုင်ရှင် ဒေါ်အေးအေးသိန်း ညီအစ်မနှစ်ယောက်နှင့်
တွေ့ဆုံပါတယ်။
ရန်ကုန် ရွှေတိဂုံစေတီတော်
စေတိယင်္ဂဏ ရာပြည့်ပွဲ ရောက်လာရင်း စာရေးသူထံ ဖူးမြော်လာတာပါ။
iPhone X
အမျိုးအစား ဟန်းဆက်တစ်လုံးနှင့် နဝကမ္မဝတ္ထုငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူသွားပါတယ်။
အလှူရှင်
ဒေါ်အေးအေးသိန်းကိုလည်း သူ၏ တပည့်များက ကန်တော့တာလို့ ဆိုပါတယ်။
သူမသုံးရက်လို့
မွန်မွန်မြတ်မြတ်နှင့် ဦးဦးဖျားဖျားအဖြစ် စာရေးသူအား လာရောက်လှူဒါန်းခြင်းပါပဲ။
စာရေးသူ လက်ရှိကိုင်နေတဲ့
ဖုန်းနှစ်လုံးအနက် တစ်လုံးက iPhone 5S ပါ။
ရွှေပြည်သာမြို့နယ်
မော်မော်ရွှေဆိုင်ပိုင်ရှင် ကိုရန်ကြီးအောင်+မတင်မော်မော်တို့ လှူဒါန်းတာပါ။
နောက်တစ်လုံးကတော့
SAMSUNG ON 7 ပါ။
ဒကာတစ်ဦး
လှူထားတာပါ။
ဒီမတိုင်ခင်
SAMSUNG NOTE 3 ကိုင်ပါတယ်။
နေ့စဉ်လဲအသုံးပြု
နှစ်ကာလလည်း အတော်ကြာပြီမို့ အင်တာနက်မပြောနဲ့ ဖုန်းဆက်သွယ်ဖို့တောင် အဝင်ကော မရတော့ပါ။
အထွက်ကောရသော်လည်း နားကျပ်နဲ့ပဲ နားထောင်လို့ ရပါတယ်။ စပီကာမှ အသံမထွက်တော့ပါ။ မူလအလှူရှင်နဲ့လည်း
အဆက်အသွယ်မရတော့လို့ ON 7 လေးနဲ့ပဲ အသုံးပြုနေရတာပါ။
စာရေးသူမှာ
ဓမ္မပူဇာအလှူငွေများဖြင့် ကိုယ်ရေးကိုယ်တာများ သုံးစွဲလေ့မရှိပါ။
လောကအလင်းပညာရေး၊
နဂါးနီစုဘူး၊ ကုလားဘေးဒုက္ခသည်နှင့် အမျိုးသားရေးလုပ်ငန်းအတွက်သာ ဓမ္မပူဇာတွေကို သုံးစွဲပါတယ်။
ဒါကြောင့်
ကားဝယ်စီးဖို့၊ ဇိမ်ခံပစ္စည်းတွေ ဝယ်ယူသုံးဆောင်ဖို့ အသာထားလို့ ဟန်းဆက်ဝယ်ဖို့တောင်
မသုံးစွဲပါဘူး။
ဒီလိုအခြေအနေမျိုးမှာ
ဒေါ်အေးအေးသိန်း ယွန်းဝတီရွှေဆိုင်မိသားစုက အခုလို iPhone X လှူတယ်ဆိုတော့ ပျော်ပြီပေါ့ဗျာ။
ဒေတာတွေမှတ်ဖို့ရယ်၊
သတင်းအချက်အလက်တွေ အဆက်မပြတ် လေ့လာဖို့ရယ် အမျိုးသားရေးအတွက် အများကြီးအထောက်အကူပြုလို့
လက်နက်တစ်ခုပါဗျာ။
နယူးကလီးယားထက်
ပြင်းပါတယ်။
နယူးကလီးယားက
တစ်ခါပစ်ရင် တစ်နေရာတည်းပဲ ကျတာပါ။
ကလောင်းလက်နက်က
တစ်ခါပစ်ရင် တစ်ကမ္ဘာလုံး အနှံ့ ရောက်ရှိတာပါ။
ခက်တာက ဖေးဘုတ်သုံးစွဲခွင့်မရတော့တာပါပဲ။
တက်မရှိရင်
လက်နဲ့လှော်မယ်ဆိုတဲ့ မြန်မာတို့ရဲ့အားမာန်သရုပ်ပြ စကားပုံဆိုရိုးလိုပဲ ဖေးဘုတ်အပိတ်ခံရတော့
အခြားနည်းနဲ့ ရပ်တည်ရမှာပေါ့လေ။
ဒီအတွက်
iPhone X လေးက အများကြီး အကျိုးပြုမှာပါ။
iPhone X
အလှူရှင် ဒေါ်အေးအေးသိန်းအမှူးရှိသော ယွန်းဝတီရွှေဆိုင်မိသားစု ကျန်းမာချမ်းသာ ဘေးရန်ကွာ၍
လိုရာဆန္ဒပြည့်ဝပါစေသော်………..ဝ်။
No comments:
Post a Comment