Monday, March 5, 2018

“ပြောင်းပြန်ကြီးမပြောပါနဲ့ ကိုမြအေးရာ”



“ပြောင်းပြန်ကြီးမပြောပါနဲ့ ကိုမြအေးရာ”

ဒီအစိုးရတက်လာမှ တိုင်းရင်းသားထက် မူဆလင်တွေက အခွင့်အရေးပိုရလာတာပါဗျာ။
ဧည့်စာရင်းဥပဒေကိုဖျက်ပေးတာက မူဆလင်တွေအတွက်မဟုတ်ဘူးလား။
ဧည့်စာရင်းဥပဒေဖျက်လိုက်လို့ ခိုးဝင်မူဆလင်တွေတောင် ရန်ကုန်မြို့ထဲထိ ပြောင်ပြောင်တင်းတင်း နေထိုင်နိုင်ပြီလေ။
အချို့ရွာတွေ အချို့ရပ်ကွက်တွေမှာ ခိုးဝင်မူဆလင်တွေ ဝင်ရောက်နေထိုင်မှန်းသိပေမဲ့ ဧည့်စာရင်းဥပဒေမရှိတော့တာကြောင့် ဘာမှလုပ်လို့မရလို့ လက်ပိုက်ကြည့်နေရတဲ့ပြည်သူတွေအများကြီးပါ။
ဗလီတွေ အာရဗီစာသင်ကျောင်းတွေ လိုက်ကြည့်လိုက်ပါဦး ခွင့်ပြုချက်မတင် ခွင့်ပြုချက်မရဘဲ ဆောက်ထားတဲ့ဗလီတွေက ရာကျော်ပါတယ်။ ထောင်ချီပါတယ်။
ခွင့်ပြုချက်မရတာချင်းအတူတူ ဓမ္မာရုံတွေ ဘုံဆွမ်းလောင်းအသင်းတွေ ဘုန်းကြီးကျောင်းတွေ အဖျက်ခံရပေမဲ့ ဗလီတွေကိုတော့ တို့တောင် မတို့ရဲပါဘူး။
သင်္ချိုင်းကုန်းတွေကို ကြည့်ဦးမလား။ ပြောင်းရွှေ့မိန့် အတူတူကျလာပေမဲ့ ခရစ်ယာန်သင်္ချိုင်း ဗမာသင်္ချိုင်း တရုတ်သင်္ချိုင်းတို့က အလွယ်တကူပြောင်းရွှေ့ပြေးကြပြီး ကုလားသင်္ချိုင်းကတော့ ဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြ ဟိုကပ် ဒီကပ် ဟိုတိုင် ဒီတိုင်နဲ့ လုံးဝမဖယ်ပဲထားခဲ့တာ မြို့တိုင်းနီးပါးမှာ ရှိပါတယ်။
ဟင်္သာတမြို့လယ်ခေါင်ကို သွားကြည့်လိုက်ပါဦး။
အမရပူရ လင်ဇင်းကုန်းကို သွားကြည့်လိုက်ပါဦး။ အမိန့်မနာခံတာလည်း ခင်ဗျားတို့ပဲ အခွင့်အရေးပိုယူတာလည်း ခင်ဗျားတို့ပဲဗျ။
ဒီအစိုးရတက်လာမှ ခင်ဗျားတို့ပဲမျက်နှာသာပေးလို့ တမန်တော်မွေးနေ့ပေါင်းလည်း မနည်းဘူးလုပ်ကြတယ်လေ။
ဒီကြားထဲ အိမ်ရှင်လူများစု ဗုဒ္ဓဘာသာတွေ လုပ်တဲ့အတိုင်း ရန်ကုန်မြို့ထဲ လှည့်လည်ပြီး ဘုရားပွဲလိုလို ဘာလိုလို လုပ်သေးတယ်မဟုတ်လား။
ဥပဒေပိုင်းမှာလည်း ကြည့်ဦးလေ မင်္ဂလာတောင်ညွန့်မှာ တကယ်ဆူပူသောင်းကြမ်းတဲ့ လက်နက်ကိုင်မူဆလင်တွေကို မဖမ်းဘဲ ရဲတပ်ဖွဲ့ ခေါ်လို့ လိုက်ပါကူညီရတဲ့ ရွှေမြန်မာတွေကို ဖမ်းလိုက်တာကော ခင်ဗျားဘာငြင်းမလဲ။
NLD ပါတီ ဥပဒေအကြံပေးအရာရှိတစ်ယောက် အသတ်ခံရတာကိုပဲ ဗိုလ်ချုပ်အောင်ဆန်းအသတ်ခံရသလို နိုင်ငံတော်လုပ်ကြံမှုကြီးအထိ ပုံဖော်ပေးကြတယ်၊ နိုင်ငံတော်အကြီးအကဲတွေကအစ အလိုလိုက်ကြတယ်၊ အမှတ်တရအခမ်းအနားတွေကလည်း ပေါမှပေါပဲ၊ ဦးကြည်လင်းတို့ကို ထောင်ထဲမှာ အတူနေခဲ့တဲ့ သံယောဇဉ်လေးနဲ့ သွားတွေ့တာတောင်မှ အကြောင်းပြပြီး ထောင်ချပစ်လိုက်ကြတယ်။
အခုပရဟိတအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ မူဆလင်အဖွဲ့အစည်းတွေ လိုက်ကြည့်လိုက်ပါ ဒီအစိုးရတက်လာမှ မြေတွေရ ကားတွေရ စုံနေတာပါပဲ။
မဘသကျတော့ မဘသဆိုရင် ကားပါမစ် ခွင့်မပြု၊ ကျောင်းဆောက်ဖို့ ခွင့်မပြု ဒါမျိုးတွေနဲ့ ကန့်သတ်ထားတာလေဗျာ။
ကိုမြအေးရေ ခင်ဗျားတို့မူဆလင်တွေ နိုင်ငံရေးလောကမှာ မရှိလေကောင်းလေဗျာ။
ဦးအောင်ဇော်ဝင်းကိုကြည့်ပါ။ ကြံ့ခိုင်ရေးပါ။ အခု အကြမ်းဖက်သမားတွေကို ငွေထောက်ပံ့တဲ့သူ ဖြစ်သွားပြီ။ ခင်ဗျားတို့မူဆလင်တွေကို ဘာကြည့်ပြီး ယုံရမှာလဲ။
မြန်မာပြည်မှာ ခင်ဗျားတို့မူဆလင်တွေ နိုင်ငံရေးထဲ ဝင်ပါနေသမျှ ပြည်သူ့လုံခြုံရေးဟာ အမြဲတမ်းစိုးရိမ်နေရမှာပါ။
ဒါကြောင့် နိုင်ငံရေးလောကကို ကြောခိုင်းပြီး ကိုယ့်သားမယားနှင့်ကိုယ် အေးအေးဆေးဆေး နေပါတော့ဗျာ။
ဒိုင်းမွန်းရွှေကြည်ကြီးဆိုရင် ကျုပ် သိပ်လေးစားတယ်။
နိုင်ငံရေးဝင်မစွက်ဖက်ဘူး၊ သူ့စီးပွားရေးသူလုပ်တယ်၊ သံဃာတွေကိုလေးစားတယ်၊ ပြည်သူတွေနဲ့ တည့်တယ်၊ ဘာအခွင့်အရေးမှ မယူဘူး၊ အမှတ်-၁မူဆလင်တွေကို မိတ်ဆွေရင်းအဖြစ်သဘောထားဖို့ပဲ အမြဲတမ်းတောင်းဆိုတယ်၊ ခင်ဗျားရယ်၊ ကျုပ်ရယ် ဒိုင်းမွန်းကြီးရယ် 29.3.2014 ရက်နေ့ ရန်ကင်းမြို့နယ် မီကာဆာဟိုတယ်မှာ  တွေ့ဆုံဆွေးနွေးတုန်းကလည်း ဒီသဘောတူညီချက်ပဲ ကြေညာခဲ့ကြတယ်မဟုတ်လား။
ဒါကြောင့် ကိုမြအေးရေ နာမည်လေးနဲ့လိုက်အောင် အေးအေးမြမြလေးပဲ မြင်ချင်ပါတယ်ဗျာ။
အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
6.3.2018
PM 2:14
==========================================================
အစ္စလာမ်ဘာသာဝင်အားလုံး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရလိုကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး တောင်းဆို
— —— —— —— —
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင် အတွင်းကပေးထားသော နိုင်ငံသားများ၏ ရသင့်ရထိုက်သော အခွင့်အရေးကို အစ္စလာမ်ဘာသာဝင်အားလုံး အပြည့်အ၀ရလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက တောင်းဆိုလိုက်သည်။
“မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သော နိုင်ငံသားများဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံသားအခွင့်အရေးကတော့ ကျွန်တော်တို့ အပြည့်အ၀လိုချင်ပါတယ်။ ပိုပြီးမပေးပါနဲ့။ နည်းနည်းလေးမှ မလိုချင်ပါဘူး။ လျှော့ပြီးတော့လည်း မလုပ်ပါနဲ့။ နည်းနည်းလေးမှ လက်မခံပါဘူးဆိုတာကို ကျွန်တော်တို့ ဒီနေ့ အတိအလင်းပြောချင်ပါတယ်။ အစဉ်အဆက်က မြန်မာမွတ်ဆလင်များ ရှင်းရှင်းလေးပါ။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သော လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်တွေ အားလုံးကို ပြောခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်းကပေးထားတဲ့ နိုင်ငံသားတွေရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို လိုချင်ပါတယ်။ လျှော့ပေးတာမလိုချင်ပါဘူး။ လျှော့ပေးတဲ့ မည်သည့်စနစ် မည်သည့် အစိုးရကိုမဆို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး”ဟု ၄င်းကပြောသည်။
မတ် ၄ရက်က ရန်ကုန်မြို့၊Park Royalဟိုတယ်တွင် Social Alliance လူမှုမဟာမိတ်အဖွဲ့မှ ကြီးမှူးကျင်းပသော နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသားတာဝန်၊ နိုင်ငံအကျိုးပြုခြင်း အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ၌ ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာမွတ်စလင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးကိုလည်းချိုးဖောက်ခံနေရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းကပြောသည်။
“ဥပမာပြောမယ်ဗျာ ပက်စပို့စ်ကိစ္စဆိုပါစို့၊ သွားကြတယ်၊ လျှောက်ကြတယ်။ သူ့ဆီမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ တယ်၊ ကိုယ့်ဆီမှာလည်း ရှိတယ်၊ သို့သော် ဘာသာမတူဘူး၊ လူမျိုးမှာ အခြားမျိုးနွယ်သာပါနေရင် သူချက်ချင်း တန်းမရဘူး၊ အဲဒါသည် ထင်သာမြင်သာရှိတဲ့ ခွဲခြားဆက် ဆံခံရမှုပေါ့။ ဥပဒေရဲ့ရှေ့မှောက်မှာ အားလုံးက တန်းတူပဲ ဥပဒေရဲ့အကာ အကွယ်လည်း တန်းတူပဲ ရရမယ်ဆိုပြီးတော့ ဆိုတယ်။ သို့သော်နိုင်ငံသားဖြစ်ခြင်းလည်းကျရော အမျိုးအစားက နှစ်မျိုးကွဲ သွားတယ်၊ တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားရင် သူတို့က ပြောစရာမလိုဘူး၊ ဒါနိုင်ငံသားတွေ၊ သွေးနှောတွေက နို်င်ငံ သားတော့ဖြစ်မယ်၊ ဒါပေမယ့် သူတို့က ဥပဒေအရ နိုင်ငံသား ဟိုဟာကတိုင်းရင်းသားကနေ ဖြစ်ထွန်းလာတဲ့ နိုင်ငံသား နောက်တယောက်က နိုင်ငံသားကတ်တော့ ရလာမယ်။ ၁၂/ဘာညာရလာမယ်၊ သူလည်းနိုင်ငံသား ဒါပေမယ့် ကွဲပြားခြားနားမှုက ရှိနေတယ်၊ တိုင်းရင်းသားမိဘကနေ ဆင်းသက်လာတဲ့ သူနဲ့သာမန်ဥပဒေအရ နိုင်ငံသားရလာတဲ့ကောင် ပြစ်မှုတရပ်ကို အတူတူကျူးလွန်ကြတယ်၊ ဥပမာ အစိုးရနဲ့ ဆန့်ကျင်တဲ့ ပြစ်မှုတရပ်ပေါ့၊ ပြစ်ဒဏ်ချမှတ်ခံရတာ အတူတူပဲ ထားဦး၊ တိုင်းရင်းသား မိဘနှစ်ပါးက ဆင်းသက်လာတဲ့သူက ပြစ်ဒဏ်ပြည့်လို့လွတ်ရင် အပြင်မှာနိုင်ငံသားအဖြစ် အဆင့်သင့် ရှိနေမယ်၊ အလုပ် အကိုင်ပြုတ်ရင် ပြုတ်မယ်။ သို့သော် အခြားဘာမှ ထိခိုက်မှုမရှိဘူး၊ ဟိုတယောက်လည်းကျရော အခြေအနေအရ သူရဲ့နိုင်ငံသားဖြစ်မှုကို ရုတ်သိမ်းခံရကောင်း ခံရနိုင်တယ်၊ မသေချာတော့ဘူး၊ ဒါက မြင်သာတဲ့ ကွဲပြားနေတဲ့ အချက်တခု၊ အဲဒီလူဟာ တကယ်လို့ သူ့အဘိုးအဖွား တယောက် ယောက်က အိန္ဒိယ၊ ဘင်္ဂလားတခုခုဖြစ်ခဲ့ရင် သူမျိုးဆက်ပြတ်သွားပြီ၊ မျိုးကန်းသွားပြီ။ ဆိုပါစို့ အဲဒီလိုလူတွေ အများကြီးရှိတယ်၊ မြန်မာနိုင်ငံမှအပ သူ့မှာ မိခင်နိုင်ငံမရှိဘူးလေ”ဟု ၄င်းကပြောသည်။
အဆိုပါ အခမ်းအနားကို မြန်မာမွတ်စလင်အများစု တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့မှ ၀န်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားထားသော်လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
ကျော်ဝဏ္ဏ
https://www.facebook.com/NewsWatchJournal/posts/1616222845082177







No comments:

Post a Comment