Monday, March 5, 2018

“မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ အောင်စာရင်းထုတ်”



“မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ အောင်စာရင်းထုတ်”
==================================
 
တပေါင်းလဆုတ် ၁ ရက် 2.3.2018 မွန်းလွဲ ၁း၀၀ နာရီမှာ ကျင်းပပါတယ်။
မစိုးရိမ်တိုက်သစ် နာယကဆွမ်းစားဆောင်မှာ ကျင်းပတာပါ။
တတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ စာဖြေသံဃာများ၏ အဖြေလွှာများကို နာယကဆရာတော် အသီးသီးက ကိုယ်စီစစ်ဆေးကြပြီး ဒီနေ့မှာ အမှတ်ပေါင်း အောင်စာရင်းထုတ်ပြန်ကြတာပါ။
သီလက္ခန်တစ်ကျမ်းစွဲ အောင်မြင်သူမရှိလို့ ဂေဇက်ဝိမုတ် ထုတ်ပြန်ခဲ့ရပြီး ကျန်ဘာသာရပ်များ အောင်ချက်ကောင်းကြပါတယ်။
မစိုးရိမ်တိုက်သစ်မှာ တစ်နှစ်လျှင် သုံးကြိမ် အစမ်းစာမေးပွဲကြီး ကျင်းပပါတယ်။
လေးလတစ်ကြိမ် ကျင်းပတာပါ။
ဓမ္မာနုဂ္ဂဟစာမေးပွဲလို့ ခေါ်ပါတယ်။
အောင်မြင်သူတိုင်းကို ဆုပေးပါတယ်။
တတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲအောင်မြင်သူများကိုတော့ ကျောင်းကြီးပြန်ဖွင့်တဲ့အခါ အခမ်းအနားနှင့် ဆုပေးပါတယ်။
အားလုံး နိုင်ငံကျော်ရရှိသူများ၊ သကျသီဟ၊ စေတိယင်္ဂဏ အောင်မြင်ကြသူများ အစိုးရ စာမေးပွဲ အောင်မြင်ကြသူများနှင့် အတူ တတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲအောင်မြင်သူများကိုတော့ ဆုပေးတာဖြစ်ပါတယ်။































No comments:

Post a Comment