Friday, March 2, 2018

“ဘာ့ကြောင့် အမုန်းခံနေသလဲလို့မေးရင် ပြည်သူတွေ နိုင်ငံရေးကိုးကွယ်မှုမမှားအောင် အမုန်းခံနေတယ်လို့ပဲ ဖြေရမှာပါ (အပိုင်း-၁)”



“ဘာ့ကြောင့် အမုန်းခံနေသလဲလို့မေးရင် ပြည်သူတွေ နိုင်ငံရေးကိုးကွယ်မှုမမှားအောင် အမုန်းခံနေတယ်လို့ပဲ ဖြေရမှာပါ (အပိုင်း-၁)”
==========================================================
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- ပထမဆုံးမေးခွန်းအနေနဲ့ ခုရက် ပိုင်း အရှင်ဘုရားကို ဖမ်းမယ်ဆိုတဲ့ သ တင်းတွေက တော်တော်လေးကြားနေ ရတယ်ဘုရား။ အဲဒီအပေါ်မှာ စိုးရိမ်တဲ့သူ တွေရော ဝမ်းသာတဲ့သူတွေရော ရှိပါ တယ်ဘုရား။ သတင်းတွေ အဲဒီလိုထွက် နေတာနဲ့ပတ်သက်ပြီး ဘာများပြောချင် ပါသလဲဘုရား။
ဖြေ- အဓိကကတော့ လာမယ့် မတ် လ ၉ ရက်နေ့ဆိုရင် တရားပွဲပိတ်ထား တာ တစ်နှစ်ပြည့်ပြီပေါ့နော်။ ၁ဝ ရက် နေ့ဆိုရင် ပြန်လည်ဟောလို့ ရပြီပေါ့။ တရားဟောခွင့် ပြန်ရသွားမှာကို မလို လားတဲ့သူတွေ ရှိတယ်လေ။ တရား ဟောခွင့်ပြန်မရအောင် တခြားနည်းလမ်း နဲ့ ထိန်းချုပ်ဖို့ ကြံစည်တဲ့သဘောပါ။ တရားပွဲပိတ်တာကို ထပ်တိုးလို့ မရနိုင် တော့ဘူးလေ။ အဲဒီသဘောတရားကို တွေ့ရပါတယ်။

မေး- ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာပဲ ကိုယ်တော်တစ်ပါး ဦးဆောင်ပြီးတော့ ဦးဝီရသူကို အရေးယူပေးရန် သံဃာ တော်များအား နှိုးဆော်ခြင်း ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သတင်း စာရှင်းလင်းပွဲ လုပ်ကြမယ်လို့ သိရပါ တယ်ဘုရား။ ဦးဆောင်တဲ့ ပုဂ္ဂိုလ်ကပဲ အင်တာဗျူးဖြေတာတွေလည်း တွေ့ရ ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ နာမည် တပ်ပြီး လုပ်လာတာနဲ့ပတ်သက်ပြီး ဘာ များပြောစရာရှိမလဲဘုရား၊ ဘယ်လို တုံ့ ပြန်ဖို့တွေကော ရှိပါမလဲဘုရား။
ဖြေ- အဲဒါက ရဟန်းသံဃာလို့ ကိုယ့် ကိုယ်ကိုယ်ခံယူထားပေမယ့် ပိဋကတ် တော် မနှံ့စပ်ဘူးဆိုတာကို ကိုယ်ကိုယ် တိုင်ဖော်ပြရာ ရောက်တာပေါ့။ တကယ် ဆို အပြစ်ရှိရင် မဟနက ကြည့်မနေဘူး လေ။ ချက်ချင်းအရေးယူမှာပဲလေ။ အရေးယူရလောက်အောင် အပြစ်မတွေ့ ရလို့ တရားပွဲပဲ ပိတ်လိုက်ရတာကိုး။

          ဒါကို ဝိနည်းနားမလည်၊ ပိဋကတ် တော် မနှံ့စပ်ဘဲနဲ့ လူတွင်ကျယ်လုပ်ပြီး တိုက်ရိုက်စော်ကားလာတဲ့ အဆင့်ထိ ရောက်လာတာပေါ့နော်။ အဲဒါက နိုင်ငံ ရေးသွေးတွေကြောင့်ပါ။ ပြောရမယ်ဆို ရင်တော့ နိုင်ငံရေးကိုးကွယ်မှု လွဲသွား တာပေါ့။
          ဗုဒ္ဓသားတော်လို့ ခံယူထားတယ် ဆိုရင် ဗုဒ္ဓသာသနာတော်ရဲ့ အလံတော် အောက်မှာနေမှာလား၊ နိုင်ငံရေးအလံ အောက်မှာ နေမှာလား ကိုယ့်ဘဝရဲ့ အခြေအနေမှန်ကို ကိုယ်သိဖို့လိုတယ် လေ။ အဲဒီတော့ အခြေအနေမှန်ကိုမသိ တဲ့သူတွေက အလံပြောင်းပြီးတော့၊ ကိုး ကွယ်တဲ့အဆင့် ရောက်သွားပြီးတော့ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းတာ ကိုပဲ သခင်အားရ ကျွန်ပါးဝဆိုတဲ့အတိုင်း သူ့ဆန်စား ရဲပြရတဲ့သဘော တွေ့ရတာ ပေါ့နော်။ ဦးဇင်းကတော့ သူတို့အပေါ် ကရုဏာသက်ပါတယ်။ သနားစရာလို့ပဲ မြင်ပါတယ်။

မေး- အရှင်ဘုရားကို ဖမ်းမယ်ဆိုတဲ့ သတင်းတွေက သာသနာရေးဝန်ကြီး ဦးအောင်ကိုရဲ့ ဖေဖော်ဝါရီလ ၂ဝ ရက် နေ့က သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးမှာ လျှောက်ထား တဲ့ လျှောက်ထားချက်တွေနောက်မှာ တောက်လျှောက် ကပ်ပါလာတာပေါ့ ဘုရား။
          သာသနာရေးဝန်ကြီး ဦးအောင်ကို က ဝိနည်းနဲ့မညီတဲ့ ရဟန်းသံဃာတော် တွေကို ဓမ္မစက်ကနေ အာဏာစက်နဲ့ အရေးယူနိုင်ရေး ထပ်မံညွှန်ကြားသင့် တယ်လို့ လျှောက်ထားခဲ့တာပါဘုရား။ သမဏသာရုပ္ပမဖြစ်တဲ့ ကာယကံမှု၊ ဝစီ ကံမှု ကျူးလွန်နေကြတဲ့သူတွေကို နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ကြီးက ထုတ်ပြန်ပြီးဖြစ်တဲ့ ညွှန်ကြားလွှာ အ မှတ်(၇၂)နဲ့အညီ အောက်ခြေသံဃအဖွဲ့ အစည်းအဆင့်ဆင့်ရဲ့ ဓမ္မစက်၊ အာဏာ ပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့ရဲ့ အာ ဏာစက်နဲ့ အကောင်အထည်ဖော်ဆောင် ရွက်ဖို့ လျှောက်ထားတယ်လို့လည်း သိ ရပါတယ်ဘုရား။
          အဲဒီအပေါ်မှာ အရှင်ဘုရားအနေ နဲ့ ဘာများ ပြောစရာရှိမလဲဘုရား။ ဖြေ- သူ့ရဲ့လျှောက်ထားချက်က (၇၂) ညွှန်ကြားလွှာကို ရည်ရွယ်တယ်ဆိုရင် ကောင်းတာပေါ့နော်။ (၇၂)ညွှန်ကြား လွှာက အရက်သေစာ သောက်စားတဲ့ သူ၊ စီးပွားရေးမှာ တစ်ခုခု မှောင်ခိုကူးတဲ့ သူတို့၊ မူးယစ်ဆေး မှီဝဲတဲ့သူတွေတို့၊ တခြား ဒုဿီလတို့ခေါ်တဲ့ အကျင့်သီလ လုံးဝပျက်ပြားတဲ့အဆင့်ထိ ရောက်သွား တဲ့သူတွေတို့၊ နောက် ပွဲလမ်းသဘင်တွေ မှာ အကြည်ညိုပျက်ရလောက်တဲ့အထိ ဒုစရိုက်မှုတစ်ခုခု လုပ်မိတာတွေတို့ အဲဒီ လို ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ရည်ရွယ်ထုတ်ပြန်ထားတာပါ။ အဲဒါတွေ ကို ရည်ရွယ်တယ်ဆိုရင်တော့ သာသ နာတော်ကို တကယ်သန့်ရှင်းစေချင်လို့ လုပ်တယ်လို့ သတ်မှတ်ပြီး သာဓုခေါ်ရ မှာပါ။
          အဲဒါကိုပဲ သံယောင်လိုက်ပြီးတော့ ဦးဝီရသူကို ရည်ရွယ်ပြီး ပြောတာပါလို့ ထင်ပြီး စိုးရိမ်တဲ့သူတွေကလည်း ရှိ တယ်လေ။ အဲဒီလို သံယောင်လိုက်ပြီး အရေးနိမ့်တဲ့အချိန်မှာ အလဲထိုးဖို့ ကြိုး စားလာကြတာတွေလည်း တွေ့ရတယ် ပေါ့။
          အခု သတင်းတွေမှာပါသလို သ တင်းစာရှင်းလင်းပွဲတွေလုပ်ပြီး ဖိအား ပေးတယ်။ ဒါ ဝန်ကြီးရဲ့လျှောက်ထား ချက်ကို တလွဲယူပြီးတော့ အရေးနိမ့်သူ ကို အလဲထိုးဖို့ ကြံစည်ပြီးတော့ အပြီး တိုင်ထောင်ထဲထည့်ဖို့ လုပ်လာတာပေါ့ နော့။ အဲဒီလိုမျိုးတွေလည်း တွေ့ရတာ ပေါ့။

မေး- သာသနာရေးဝန်ကြီး လျှောက် တဲ့ကိစ္စကိုပဲ သာသနာရေးနဲ့ ယဉ်ကျေး မှုဝန်ကြီးဌာနက သာသနာ့ရေးရာ ဝိနိစ္ဆ ယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့် ကျွိုင်္ဗ က ဆက်သွယ်မေးမြန်းခဲ့တာ တွေ့ရပါတယ်ဘုရား။
          အဲဒီမှာတော့ ဦးထွန်းညွန့်က ဝန် ကြီးနဲ့ ဆရာတော်ကြီးတွေရဲ့ မိန့်ကြား ပြောဆိုမှုတွေဟာ တစ်ဦးတစ်ယောက် ကို ရည်ရွယ်တာမဟုတ်ဘဲ သာသနာ တော်အတွင်းမှာရှိတဲ့ သံဃာအားလုံးကို ခြုံပြောတာဖြစ်တယ်လို့ ပြောတာကို တွေ့ ရပါတယ်ဘုရား။ ဒါပေမဲ့လို့ ပြည်တွင်း ပြည်ပသတင်းဌာနတွေ တော်တော်များ များကတော့ နိမိတ်ပြမေးခွန်းတွေ မေး ပြီး အရှင်ဘုရားကို အရေးယူဖို့အတွက် တွန်းအားပေးနေကြတာမျိုးတွေကိုလည်း ဒီရက်ပိုင်းမှာ တော်တော်လေးကို အင် အားကောင်းကောင်းနဲ့ လုပ်နေတာကို တွေ့ရပါတယ်ဘုရား။ သတင်းမီဒီယာ တွေရော အရှင်ဘုရားကို မလိုလားတဲ့ သူတွေကရော အရှင်ဘုရားကို အတင်း ပဲ ဖမ်းခိုင်းနေတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲဘုရား။
ဖြေ- ပြည်တွင်းပြည်ပ သတင်းမီဒီယာ တွေရဲ့ ဖိအားကြောင့်သာ အရေးယူရ မယ်၊ ဖမ်းကြမယ်ဆိုရင် ဝီရသူ ထောင် ကကို ထွက်ရမှာမဟုတ်တော့ဘူးပေါ့ နော်။ ကိုယ်အမြင်ကပ်တိုင်း၊ ကိုယ်ကြည့် မရတိုင်း ဒီလိုပဲ ဖိအားပေး အရေးယူခိုင်း တာတွေ တွေ့ရတာပေါ့။
          အဲဒီတော့ ဖမ်းစေချင်တာမှန်တယ်၊ ဘာပြစ်မှုကျူးလွန်လို့ ဖမ်းရမှာလဲ။ ဘာ ပုဒ်မတပ်ပြီး အရေးယူရမှာလဲ။ ဒါတွေ သိဖို့ လိုတာပေါ့နော်။ အခုဟာက သူတို့ ကိုးကွယ်တဲ့ဘုရားကို မကိုးကွယ်ဘဲ တ ခြားဘုရားကို ကိုးကွယ်တာနဲ့တင် ပြစ်မှု ကြီးတစ်ခုလို သတ်မှတ်ပြီးတော့ လိုက် ရန်လုပ်နေတာကိုး။ ဖမ်းစေချင်ရင် ပုဒ်မ တွေ ချပြပါ။ ကျူးလွန်တဲ့ပြစ်မှုတွေကို ချပြပါ။ အဲဒီ ပုဒ်မနဲ့ ပြစ်မှုကို ချမပြဘဲနဲ့ ရမ်းဖမ်းခိုင်းတာဟာ သတင်းမီဒီယာတွေ သိက္ခာကျပါတယ်။ သတင်းမီဒီယာတွေ ရဲ့ ရေးသားဖော်ပြနေမှုတွေကို ကြည့်ပြီး ဝီရသူကို ဖမ်းချင်တဲ့ရောဂါ နိုင်ငံရေး ဘုန်းကြီးတွေကိုတောင် ကူးစက်သွားတာ တွေ့ရတာပေါ့။ အဲဒီတော့ ကိုယ့်သိက္ခာ ကိုယ်ပြန်ချနေတဲ့ နိုင်ငံရေးဘုန်းကြီးတွေ လို့ပဲ ပြောရမှာပေါ့။

မေး- အခုလို ဖမ်းဖို့ ဆီးဖို့ ကြိုးစားလာ တာတွေ၊ လှုံ့ဆော်လာတာတွေဟာ ထမင်းဝအောင်စားထား ပြဿနာကနေ လာတယ်လို့ မြင်ပါတယ်ဘုရား။ ဦး ကြည်လင်းက ရုံးချိန်းတစ်ခုမှာ ထမင်းဝ အောင်စားထားလို့ ပြောပြီးတဲ့နောက်မှာ အဲဒီစာသားပါတဲ့ အင်္ကျီတွေဝတ်ပြီး ဦးကြည်လင်းရဲ့ရုံးချိန်းကို သွားပြီး အား ပေးတဲ့သူတွေ ပေါ်ခဲ့ပြီးတဲ့နောက်မှာ အ ရှင်ဘုရားက ကြည်လင်းဆရာတော်ဆို ပြီး ဗီဒီယိုဖိုင်တွေ တင်ခဲ့တယ်။ ရွာမ ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲမှာလည်း ထမင်းဝအောင်စားဖို့ သြဝါဒပေးခဲ့သေး တယ်။
          ဒီကိစ္စတွေ အားလုံးပေါင်းပြီးတော့ ပဲ ထမင်းဝအောင်စားထားဆိုတာကို ပြစ် မှုတစ်ခုလို ဗာရာဏသီချဲ့ကြတာလို့ ထင် ပါတယ်ဘုရား။ ထမင်းဝအောင်စားထား ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အရှင် ဘုရားက ဘာရည်ရွယ်ချက်နဲ့ ပြောတာ လဲ၊ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို ထပ် ပြီးရှင်းပြပေးပါဦးဘုရား။
ဖြေ- အဓိကကတော့ ထမင်းဝအောင် စားထားဆိုတဲ့ စကားလုံးတစ်ခုနဲ့တင် ရှေ့နေအဖွဲ့ဆိုသူတွေက လူငယ်တွေအ ပေါ် ဖိအားပေးလာတာကို တွေ့ရတာပေါ့ နော်။ ဒီစကားက တကယ်ပဲ ပြစ်မှုကျူး လွန်ရာ ရောက်သလား၊ ဒီအပေါ်မှာ ဥပ ဒေကြောင်းအရရော၊ ဝိနည်းတော်အရ ရော ခြုံပြီးတော့ တုံ့ပြန်လိုက်တာပေါ့ နော်။
          ဒါကြောင့်မို့လို့ လူငယ်တွေရဲ့ စ ကားဟာ ပြစ်မှုမမြောက်ဘူး၊ ပြစ်မှု မမြောက်တာကြီးကို အုပ်စုဖွဲ့ပြီး ဖိအား ပေး အဖမ်းခိုင်းနေတာဟာ ဥပဒေဘောင် ကို ကျော်လွန်ပြီး လုပ်ရာရောက်တယ်။ ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို ချိုးဖောက် ရာရောက်တယ်။ ပြီးတော့ အနိုင်ကျင့် ရာရောက်တယ်။ အဲဒီလို မတရားတာ အပေါ်၊ တစ်နည်းအားဖြင့် အုပ်စုဖွဲ့အနိုင် ကျင့်တဲ့ မတရားမှုကြီးအပေါ် မလိုလား လို့ ထမင်းဝအောင်စားထားဆိုတာကို ပြည့်ပြည့်စုံစုံ ဗီဒီယိုဖိုင်တင်ပြီးတော့ တုံ့ ပြန်လိုက်တာပေါ့နော်။ ထမင်းဝအောင် စားထားလို့ပြောတိုင်း ရာဇဝတ်မှုမမြောက် ဘူးဆိုတာကို သိစေချင်တာ။

          အဲဒီတော့ (၁) ထမင်းဝအောင်စား ထားလို့ ဘယ်သူ့ကိုပြောတာလဲ။ (၂) ထမင်းဝအောင်စားထားခိုင်းပြီးတော့ ဘယ်လိုခြိမ်းခြောက်တာလဲ။
          ဥပမာ- သတ်မယ်လို့ ခြိမ်းခြောက် တာလား၊ ဖြတ်မယ်လို့ ခြိမ်းခြောက်တာ လား၊ အကြမ်းဖက်မယ်လို့ ခြိမ်းခြောက် တာလား။ အဲဒီလို ခြိမ်းခြောက်မှုမပါဘဲ နဲ့ အပြောခံရတဲ့သူ ရည်ညွှန်းရာက ဘာ တွေနစ်နာသွားသလဲ။ ဒီလိုအချက်တွေနဲ့ တခြားစီဖြစ်နေတာကြီးကို ၅ဝ၅(ခ)ကြီး အထိ မတရားစီရင်လာတာက အစိုးရ ကိုယ်တိုင်ကိုယ်က ပြည်သူအပေါ် အနိုင် ကျင့်ခြင်းပဲလေ။ အဲဒီမတရားမှုကို မခံနိုင် လို့ ရည်ညွှန်းတဲ့သူတွေလည်း အပြည့် အစုံထည့်ထားတယ်၊ နောက်မှာ သတိ ပေးစကားလည်း အပြည့်အဝထည့်ထား တယ်။
          သူတော်ကောင်းကို စော်ကားတဲ့ သူတွေ ထမင်းဝအောင်စားထား၊ ငရဲကျ ရင် စားချိန်မရှိတော့ဘူး။ အဲဒီအပြည့်အ စုံလေးထည့်ထားတာဟာ ဝိနည်းတော် အရလည်း လွတ်တယ်၊ ဆုံးမသြဝါဒပေး ရာလည်းရောက်တယ်၊ သတိလက်လွတ် နေထိုင်တဲ့သူတွေကို သတိပေးပြီးသား လည်းဖြစ်တယ်။ ဥပဒေကြောင်းအရ လည်း လွတ်တယ်ပေါ့နော်။
          ဦးဇင်းကတော့ အဲဒါတွေအားလုံး ကို ရည်ရွယ်ပြီးတော့ ထမင်းဝအောင် စားထားဆိုတဲ့စကားကို အပြုသဘော ဘက်ကနေ ပြန်ဟောတာပေါ့နော်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment