Thursday, March 1, 2018

“စေတိယင်္ဂဏ ရာပြည့်ပွဲတော်”



“စေတိယင်္ဂဏ ရာပြည့်ပွဲတော်”
==================
 
ရွှေတိဂုံစေတီတော် ရာဟုထောင့်မှာ ကျင်းပပါတယ်။
18.2.2018 မွန်းလွဲ ၂း၀၀ နာရီမှာ ကျင်းပတာပါ။
စေတိယင်္ဂဏ ဝဋံသကာဘွဲ့တံဆိပ်ရ ဆရာတော်များ ဂဏဝါစကဓမ္မာစရိယ ဆရာတော်များ၊ အဘိဝံသဆရာတော်များ တက်ရောက်ကြပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များလည်း တက်ရောက်ကြပါတယ်။
ယောဆရာတော်ကြီးက သြဝါဒပေးပါတယ်။
ဗဟန်းညောင်တုံးကျောင်းတိုက် လရတနာဆရာတော်နှင့် မန္တလေး မိုးကောင်းကျောင်းတိုက် ဇယဝတီဆရာတော်တို့က သံဂါယနာတင်အခမ်းအနားအတိုင်း အမေးအဖြေ ပြုလုပ်ကြပါတယ်။
အလင်္ကာဝတ်ရည်အဖွဲ့က ရတုများ တေးဓာတ်များဖြင့် ပူဇော်ပါတယ်။
အခမ်းအနားအပြီးမှာတော့ ရွှေတိဂုံစေတီတော် ရင်ပြင်မှာပဲ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပါတယ်။
နေကျသွားပြီဖြစ်လို့ ခြေမပူတော့ပါ။
လောင်းလှူသူများလည်း ဝမ်းပန်းတသာ လောင်းလှူနိုင်ကြပါတယ်။
စေတိယင်္ဂဏ ရာပြည့်ပွဲတော်ကြီးကတော့ ပြီးဆုံးသွားပါပြီ။
မန္တလေးသကျသီဟအသင်းကြီးက အသင်းနှစ်တစ်ရာပြည့် ရာပြည့်ပွဲသက်သက် စာမေးပွဲ နှစ်တစ်ရာပြည့် ရာပြည့်ပွဲသက်သက် အဘိဝံသနှင့် ဝဋံသကာ ထပ်ဆင့် ဂုဏ်ပြုပွဲသက်သက် သုံးကြိမ်ပြုလုပ်ပြီးပါပြီ။
ရန်ကုန် စေတိယင်္ဂဏကတော့ ယခုအကြိမ်မှ ရာပြည့်ပွဲတစ်ကြိမ် ကျင်းပဖြစ်တာပါ။
ပိဋကတ်အကျော်အမော် စာချအကျော်အမော် ကျမ်းတတ်အကျော်အမော် ကျမ်းပြုအကျော်အမော် ဆရာတော်သံဃာတော်များ နှစ်ရာကျော် သုံးရာနီးပါး ကြွရောက်ချီးမြှောက်တဲ့ စေတိယင်္ဂဏ ရာပြည့်ပွဲတော်ကြီးကိုတော့ သတိရနေဦးမှာ အမှန်ပါပဲ။

































No comments:

Post a Comment