Sunday, February 4, 2018

"ဒုက္ခသည်စခန်းမှ မုသားများ"


"ဒုက္ခသည်စခန်းမှ မုသားများ"
===================
 
(23.5.2013 ရက်နေ့မှာ ဟန်နာဘိခ်ျ လာရောက် တွေ့ဆုံသွားပါတယ်။
1.7.2013 ရက်စွဲပါ Time မဂ္ဂဇင်းမှာ The Face of Buddhist Terror  ခေါင်းစဉ်နှင့် မျက်နှာဖုံးပုံတပ်ပြီး ရေးသားခဲ့ပါတယ်။
ရက်စွဲက ဇူလိုင်လ ၁ ရက်နေ့ထုတ် မဂ္ဂဇင်းဖြစ်သော်လည်း ဇွန်လ နောက်ဆုံးပတ် 26.6.2013 မှာ လိုင်းပေါ်ပျံ့နှံ့နေပါပြီ။
အဲဒီနောက်ပိုင်းမှာတော့ မြန်မာစာနယ်ဇင်းတွေက သူ့ကိုပြန်လည်ချေပကြ၊ သံဃာတော်များ သီလရှင်များနှင့် ဗုဒ္ဓဘာသာဝင်များက ဆန္ဒပြပွဲများ ကျင်းပပြီး ကန့်ကွတ်ရှုတ်ချခဲ့ကြ အမေရိကန်နိုင်ငံ တိုင်းမဂ္ဂဇင်း ရုံးရှေ့မှာ ဆရာတော်သံဃာတော်များနှင့် ရွှေမြန်မာများ ဆန္ဒပြခဲ့ကြနှင့် ကမ္ဘာ့ဇာတ်ခုံပေါ်ကို တင်ပေးလိုက်တာကတော့ နှမငယ်လေး ဟန်နာဘိခ်ျပါပဲ။
အဲဒီအချိန်ကနေစပြီးတော့ အကြမ်းဖက်သမားကြီး ဝီရသူအဖြစ် တစ်ကမ္ဘာလုံးက မှတ်ထင်သွားကာ နိုင်ငံတကာမီဒီယာများ နိုင်ငံတကာဧည့်သည်တော်များ စာရေးသူထံ မကြာခဏ လာရောက် အကဲခတ် စူးစမ်းကြပါတယ်။
အချို့ဆိုရင် တိုင်းမဂ္ဂဇင်းရေးသလို လုံးဝမဖြစ်နိုင်ဘူးဟု တစ်ထိုင်တည်းမှာပဲ ဆယ်ခါမက ပြောသွားသူတွေ ရှိပါတယ်။
အဲဒီလိုပြောတဲ့အထဲမှာ EU အဖွဲ့မှ မွတ်စလင်အချို့၊ တူရကီသတင်းဌာနမှ မွတ်စလင်အချို့လည်း ပါပါတယ်။
အဲဒီတုန်းက လက်နက်ကြီးနဲ့အထုခံရသလို ခံစားခဲ့ရတဲ့ ဝေဒနာတွေဟာ ပြည်တွင်းပြည်ပ ရဟန်းရှင်လူ ပြည်သူများရဲ့ ကုသပေးမှုကြောင့် အလျှင်းပျောက်ကင်းသွားခဲ့ပါတယ်။
တစ်ချိန်ချိန်မှာ ဟန်နာဘိခ်ျနှင့် အင်္ဂလိပ်လို ဒီဘိတ်လုပ်နိုင်လောင်အောင် သို့တည်းမဟုတ် ဟန်နာဘိခ်ျရေးသားတဲ့ အမှားတွေကို ပြန်လည်ချေပတဲ့ ဆောင်းပါးတွေ အင်္ဂလိပ်လိုရေးနိုင်တဲ့အဆင့် ရောက်အောင် လေ့လာလိုက်စားမယ်လို့ စိတ်ကူးမိခဲ့ပါသေးတယ်။
အခုတော့ နှမငယ်ဟန်နာဘိခ်ျက ဒုက္ခသည်စခန်းမှ မုသားများဆိုတဲ့ခေါင်းစဉ်နဲ့ အလိမ်အညာ ဇာတ်ထုတ်ကြီးကို အစဆွဲထုတ်ပေးနိုင်ခဲ့လို့ ဟန်နာဘိခ်ျပေးတဲ့ဝေဒနာ ဟန်နာဘိခ်ျပဲ ပြန်ကုစားသွားသလို သက်သာရာရသွားခဲ့ပါပြီ။
ကျေးဇူးတင်ပါတယ် နှမငယ်။
ပြန်ဆုံချင်ပါတယ် နှမငယ်။
မင်းလည်း စာပေသမား ငါလည်း စာပေသမား။
ကမ္ဘာ့ဇာတ်ခုံမှာ နောင်တစ်ချိန် ပြန်လည်တွေ့ဆုံကြတဲ့အခါ အတိတ်ကဝေဒနာတွေ မေ့ထားလိုက်ကြပြီး စာပေအတတ်ပညာနဲ့ ကမ္ဘာသူကမ္ဘာသားတွေကို အကျိုးပြုဖို့ ပျော်ပျော်ရွှင်ရွှင်ကြီး သန္နိဋ္ဌာန်ချမှတ်နိုင်တဲ့ အဆင့်ထိ တို့တတွေ ခင်မင်ရင်းနှီးနိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ်။
ဟန်နာဘိခ်ျတစ်ယောက် မီဒီယာအတတ်ပညာဖြင့် ကမ္ဘာသူ ကမ္ဘာသားကို အကျိုးပြုနိုင်ပါစေ။
ဝီရသူ(မစိုးရိမ်)
5.2.2018
PM 12:03
========================================================
ဟန်နာဘိခ်ျ ဆောင်းပါး လင့်-
https://mobile.nytimes.com/2018/02/01/world/asia/rohingya-myanmar-camps.html?referer=http%3A%2F%2Fm.facebook.com













No comments:

Post a Comment