"ဓမ္မဓရဝါဆိုကျောင်း
နောင်တော်ညီတော်များနှင့်အတူ"
=================================
29.1.2018
ရက်နေ့ ညနေ ၆း၀၀နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် ဓမ္မဓရဝါဆိုကျောင်းမှာ တွေ့ဆုံကြတာပါ။
ဓမ္မဓရဝါဆိုကျောင်း
ဆရာတော် ဒေါက်တာအရှင်ကုမာရထံ သွားရောက် ဂါရဝပြုရင်း ကျောင်းတိုက်ကြီးတစ်ခုလုံးရဲ့ ပရိယတ္တိပညာရပ်ဆိုင်ရာ
သာသနာရေးရာများကို တိုင်ပင်ဆွေးနွေးကြတာပါ။
လောလောဆယ်တော့
ခရီးတိုတိုနဲ့ အင်မတန်အောင်မြင်တဲ့ စာသင်တိုက်ကြီးပါ။
သာမဏေကျော်ဘွဲ့ရ
ညီတော်လေးတွေ ဓမ္မာစရိယဘွဲ့ရ ညီတော်လေးတွေ ဦးစီးသင်ကြားပေးနေပါတယ်။
စာချဆရာတော်လေးများနဲ့
သီးခြားတွေ့ဆုံ ဆွေးနွေးဖြစ်ပါတယ်။
သာသနာရေးရာ
အင်မတန်တက်ကြွတဲ့ ရဟန်းပျိုလေးတွေပါ။
နောင်တော်ကြီးဦးကုမာရ
ကံကောင်းတယ်လို့ ဆိုရမှာပါ။
ဓမ္မဓရဝါဆိုကျောင်းနဲ့ပတ်သက်ပြီး
အရင်နှစ်တွေတုန်းက တောထွက်ဦးဇင်းကြီးတစ်ပါး(ဖိုးတောကြီးတစ်ပါး) ကျောင်းလုလို့ ရှင်းခဲ့ရပါသေးတယ်။
ဖိုးတောကြီးဘက်မှာ
လူမိုက်အားပေးလုပ်နေတဲ့ ကိုယ်တော်ကြီးတစ်ပါးက အဝင်အထွက်ကောင်း တာကြောင့် မြို့နယ်ဝိနည်းဓိုရ်အဖွဲ့ကလည်း
မတရားဆုံးဖြတ်ခဲ့တာပါ။
အဲဒီကျမှ
အခမဲ့လူမိုက်ကြီး(အိတ်စိုက်လူမိုက်ကြီး)က စာသင်သားတွေကို သွားအားပေး နောင်တော်ကြီးကိုလည်း
သွားအားပေးပြီး ဖိုးတောကြီးကို နှိမ်နင်းဖို့ တာဝန်ယူခဲ့ပါသေးတယ်။
အခုတော့ ဖိုးတောအန္တရာယ်ကင်းသွားပါပြီ။
ဖိုးတောအန္တရာယ်ကင်းလို့
စိတ်ချမ်းသာသွားပေမဲ့ နောင်တော်ကြီးဦးကုမာရ ကျန်းမာရေးမကောင်းလို့ ကိုယ်မချမ်းသာသေးပါ။
နောင်တော်ကြီး
သာသနာရေးလုပ်ငန်းများ လုပ်ဆောင်တဲ့အခါ ဝါဆိုကျောင်းတိုက်ရဲ့ ပရိယတ္တိပညာရေး အတွက် နောက်ဆံမတင်းရလေအောင်
ရှိရင်းဆွဲ စာချဆရာတော်လေးတွေနဲ့ တိုင်ပင်ပြီး ရေရှည်စီမံကိန်းတစ်ခု ရေးဆွဲကြဖို့ အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့
တိုင်ပင်ညီညွတ်ခြင်းဖြစ်ပါတယ်။
နောင်တော်ကြီးဦးကုမာရနှင့်
ညီတော်လေးများ ကျန်းမာချမ်းသာဘေးရန်ကွာ၍ သာသနာအကျိုး သယ်ပိုးနိုင်ကြပါစေ။
ဝီရသူ(မစိုးရိမ်)
1.2.2018
PM 10:05
No comments:
Post a Comment