"ပညာရေးကို
အင်မတန်လိုလားတဲ့ ကျောင်းသားတွေကို ကျောင်းထုတ်လိုက်ခြင်းကြောင့် ဒီမိုကရေစီအစိုးရကြီး
ဘာများ အကျိုးရှိသွားသလဲ(အပိုင်း-၁)"
======================================================
(ဆရာတော်ဦးဝီရသူနှင့်
မေးသမျှ ဖြေသမျှ)
========================
မေး - ပထမဆုံးအနေနဲ့က
အရှင်ဘုရားရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာ အပိတ်သိမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး
ဘာများပြောစရာရှိမလဲဘုရား။
အဲဒါလေးသိချင်ပါတယ်ဘုရား။
ဖြေ- အဓိကကတော့
ကလောင်ချင်းမယှဉ်နိုင်လို့ လုပ်ကြံလိုက်တဲ့သဘောပါပဲ။
သူတို့မရှိစေချင်တဲ့အကောင့်စာရင်းတွေက
ဘယ်လောက်ရှိတယ်။ ဘယ်နှစ်ခုနှစ်အတွင်း အပြတ်ရှင်းမယ် ဆိုတာကြားခဲ့ရတာကြပါပြီ။
ရည်ရွယ်ချက်ကတော့
အာဏာတည်မြဲရေးအတွက် အတိုက်အခံတွေကို အကုန်ရှင်းဖို့ပါပဲ။
ဆိုလိုတာကတော့
နိုင်ငံရေးစင်မြင့်ပေါ်မှာ ကလောင်ချင်းယှဉ်ရမှာ ကလောင်ချင်းမယှဉ်ရဲတော့ စင်အောက်ကနေပဲ
အောက်လမ်းနည်းနဲ့ လုပ်ကြံပစ်လိုက်တာပါ။
မေး -
Facebook ကုမ္ပဏီပေါ့ဘုရား၊ အမေရိကန်မှာရှိတဲ့ Facebook ကိုယ်တိုင်ကုက ဇန်န၀ါရီလ ၂၂
ရက်နေ့ကပဲ လူမှုမီဒီယာပေါက်ကွဲမှုသည် ဒီမိုကရေစီအတွက် ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုလို့
ဝန်ခံခဲ့ရပါတယ်ဘုရား။
Facebook
အသုံးပြုသူ နှစ်ဘီလျံကြားတွင် သတင်းမှားတွေကို မရပ်တန့်နိုင်ခဲ့ဘူးပေါ့ဘုရား၊ မှားယွင်းသော
သတင်းအချက်အလက်တွေကို ပျံ့နှံ့စေမှုအားရပ်တန့်ရန် ပျက်ကွက်ခြင်းတယ်ဆိုပြီးတော့လည်း အများကြီး
ဝေဖန်ကြတယ် ပေါ့ဘုရား။ သူတို့ ပြောတာတွေနဲ့ကော အရှင်ဘုရားအကောင့်အပိတ်ခံရတာနဲ့ ပတ်သက်မှုရှိမလားဘုရား၊
အစိုးရပိုင်းလား၊ ဒါမှမဟုတ် အရှင်ဘုရားအပေါ် အမြင်မကြည်လင်တဲ့ မွတ်ဆလင်တွေကြောင့်လား။
ဘယ်လိုကြောင့်လို့
သုံးသပ်လဲ။
ဖြေ- အဓိကကတော့
အနီအနက်ပေါင်းပြီးတော့ အနိုင်ကျင့်ကြတာ။ စီးချင်းမထိုးရဲလို့ လုပ်ကြံလိုက်တာလေ။ သူတို့
မကြည့်ချင်မမြင်ချင်တော့ဘူးလေ။ အဲတော့ ဒီFacebook ကလည်း Follower အရေအတွက်က
အမြဲတမ်းတက်နေတယ်။
ပို့စ်တစ်ခုကလည်း Like အရေအတွက်၊ Share တဲ့ အရေအတွက်၊ ကူးပြီးပြန်တင်တဲ့အရေအတွက်တွေက
အမြဲတမ်းတက်နေတာကိုး။ ဒီက သြဇာတက်နေပြီးတော့ သူတို့ကတော့ သူတို့ရဲ့နိုင်ငံရေးလုပ်ဆောင်ချက်တွေကြောင့်
သြဇာက ကျနေတာကိုး။ ဒီကထောက်ပြတာတွေကို ပရိသတ်ကလက်ခံပြီးတော့ သူတို့ကို ထောက်ခံမှုတွေကျတော့
လျော့ကျသွားတာကိုး။
အဲဒီအတွက်
နိုင်ငံရေးအရ ဒီအကောင့်ဟာ သူတို့အတွက် အင်မတန်ကြီးမားတဲ့ အန္တရာယ်ပဲဆိုပြီးတော့ အနီနဲ့အနက်နဲ့ပေါင်းပြီး
လုပ်ကြံလိုက်ကြတာပါ။
ဘာကိုကြည့်ပြီး
ဒါကိုပြောသလဲဆိုတော့ တစ်ရက်တည်းမှာပဲ ဗမာလိုတင်တဲ့ ဦးဇင်းအကောင့်ရယ်၊ အင်္ဂလိပ်လိုတင်တဲ့
အကောင့်ရယ်၊ နှစ်ကောင့်လုံးတစ်ပြိုင်နက်တည်းဖြစ်သွားတာလေ။
အဲဒီနောက်တစ်နေ့ကြတော့
We Love Wirathu Groupပါ ပြုတ်သွားတယ်ပေါ့။ ဒီနေ့ကျတော့ မဟောသဓာအတွက် ရန်ပုံငွေတရားပွဲကျင်းပတာ
Live လွှင့်နေတုန်း အတားခံရတယ်လေ။ အတားခံရလို့ Live လွှင့်တာကိုရပ်လိုက်တဲ့အချိန်မှာ
၇ ရက် အပိတ်ခံရတယ်။ အဲဒီလောက်ထိကို တင်းတင်းကျပ်ကျပ်လုပ်လာကိုတွေ့ရတော့ ကျုပင်ခုတ်၊ကျူငုတ်မကျန်
အပြုတ်နှံနေတဲ့သဘော သတ်မှတ်ရမှာပါ။
မေး - အရှင်ဘုရားအနေနဲ့
အခြားနာမည်တွေနဲ့ အခြားအကောင့်တွေနဲ့ Facebook ဆက်သုံးဖို့ရှိဦးမလား။
ဖြေ -
Facebook ကတော့ အခုလောလောဆယ် သူများအကောင့်နဲ့ သုံးနေတာပေါ့နော့။ ကိုယ့်အကောင့်က ပြန်ရလိုရငြားဆိုတော့
နာမည်မပြောင်းသေးဘူးပေါ့။
နောက်တစ်ခုကတော့
Follower အရေအတွက်များတဲ့ အကောင့်တွေလည်း လှူထားတာရှိတယ်။ အဲဒီအကောင့်ကို စိစစ်ပြီးတော့
သုံးသင့်မသုံးသင့်လည်း သေချာချိန်ဆနေတာပေါ့နော့။
ဒါပေမယ့်
သတင်းကတော့ ပုံမှန်ရေးဖြစ်တယ်။ တခြားအကောင့်တွေကို ပို့ဖြစ်တယ်။ တခြားအကောင့်တွေကနေတစ်ဆင့်
ဟိုဟိုဒီဒီ ပြန့်နှံ့သွားတာတော့ရှိတာပေါ့။
တစ်ပတ်တစ်ခါလောက်ကို
ရုပ်သံလေး ဖန်တီးပြီးတော့ ကိုယ်ပြောချင်တာတွေကို Youtube ကနေတစ်ဆင့် ဆက်ပြောမယ်လို့တော့
စိတ်ကူးထားတယ်။
မေး - နဂိုကတည်းကိုက
အရှင်ဘုရားတို့ အကောင့်တွေကို Facebook က ပျံ့နှံ့မှုနည်းအောင် ထိန်းချုပ်တဲ့သဘော လုပ်တာတွေ
ရှိတယ်လို့ နည်းပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက သုံးသပ်တာတွေရှိပါတယ်ဘုရား။ ဒါပေမယ့်
အရှင်ဘုရားက ပရိသတ်များတယ်၊ ၀င်ပြီး မန့်တဲ့သူ၊ ကော်ပီ ကူးပြီးတင်တဲ့သူတွေများလွန်းလို့သာ
မထိန်းနိုင်လို့ ပျံ့နေတဲ့သဘောပေါ့ဘုရား။ အဲဒီတော့
မြန်မာပြည်ရဲ့
Facebook Team ဆိုတာရှိပါတယ်ဘုရား။ အဲဒီအဖွဲ့ကိုရော ဘာပြောချင်ပါသလဲဘုရား။
ဖြေ-
Facebook ကတော့ အဂတိလိုက်သွားပြီလေ။ လွတ်လပ်တဲ့အဖွဲ့ကြီးမဟုတ်တော့ဘူး။ နိုင်ငံရေးအဖွဲ့အစည်းကြီးဖြစ်သွားပြီလားလို့
မေးစရာရှိလာတာပေါ့။ နိုင်ငံရေးအရ Facebook Team ကိုယ်တိုင်က အရေးယူတယ်ဆိုတာ သိသာသွားပြီပေါ့နော်။
ဒီမတိုင်ခင်ကလည်းဦးဇင်း Follwer တွေကို နှစ်လသုံးလဆက်တိုက် လျှော့လျှော့ ချပစ်တာလည်း
တွေ့တယ်လေ။ ပို့စ်တွေကိုလည်း အကုန်မပျံ့အောင် ထိန်းချုပ်တာလည်းတွေ့ရတယ်လေ။ Like လုပ်တဲ့အရေအတွက်နည်းအောင်၊
Share တဲ့သူအရေအတွက်နည်းအောင် ထိန်းချုပ်ဟန့်တားနေတာတွေလည်း အများကြီးတွေ့ရတာပေါ့နော့။
အဲဒီတော့ ပြည်သူ့အစိုးရလို့ အမည်ခံထားပြီးတော့ ကိုယ့်အကြောင်းကို ဖွင့်ပြောမှာ ဘာကြောင့်ကြောက်နေတာလဲ။
ပွင့်လင်းမြင်သာမှုကို
အမြဲတမ်းပြောလာခဲ့သူတွေက ပွင့်လင်းမြင်သာစွာဝေဖန်တာကို ဘာကြောင့်ခွင့်မပေးချင်တာလဲ။
အဲတော့ ပွင့်လင်းမြင်သာတဲ့ ဝေဖန်မှုမျိုးကို Facebook က ဘာကြောင့် ခွင့်မပြုရဲတာလဲ။
Facebook ဆိုတာ ခင်ဗျားတို့ ကိုယ်ပိုင်ပစ္စည်းလားလို့ မေးချင်တာပေါ့နော်။
မေး- အကောင့်အပိတ်ခံရတာနဲ့ပတ်သက်ပြီးတော့
အမုန်းစကားခေါင်းစဉ်နဲ့ ပြောမိတာ၊ ရေးမိတာတွေ ရှိလို့ ပိတ်တယ်လို့ကော ပြောလို့ရနိုင်မလား။
ဘာကြောင့်ပိတ်တယ်လို့
ပြောနိုင်မလဲဘုရား။
ဖြေ- သူတို့အကြောင်းပြချက်ကတော့
Facebook စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့အတွက်ကြောင့် ပိတ်သိမ်းတယ်လို့ ပါတာပေါ့နော်။
ဒါပေမယ့်
ဘယ်ဓာတ်ပုံက ဘယ်စည်းကမ်းနဲ့ ငြိတယ်၊ ဘယ်သတင်းက ဘယ်စည်းကမ်းနဲ့ ငြိတယ်၊ ဘယ်ပို့စ်၊ ဘယ်ဆောင်းပါးက
ဘယ်စည်းကမ်းနဲ့ ငြိတယ်ဆိုတာ မပါဘူး။ မပါတဲ့အတွက်ကြောင့် ပိတ်ချင်လို့ ပိတ်တယ်ကွာဆိုတဲ့သဘောမျိုး
သက်ရောက်သွားတာပေါ့။
လောလောဆယ်တို့
ဦးဇင်းတို့ ရေးနေတာ ပြုနေတာတွေက နိုင်ငံရေးအရ အရေးအသားတွေပဲ သူတို့အမြင်စောင်းတာလေ။
တခြားကိစ္စတွေကျတော့
ဟိုးအရင်ကလို ကြီးကြီးမားမားမပေါ်တော့ဘူးပေါ့။ ဥပမာ ကုလားမုဒိန်းလိုဟာမျိုးမပေါ်တော့ဘူးလေ။
အဲဒီအတွက်
သူတို့ပြောတဲ့ အမုန်းတရားဘာညာဆိုတာကလည်း လုံးဝမဖြစ်နိုင်ဘူးလေ။ အဲတော့ အတိုက်အခံကို
ရှင်သန်ခွင့်မပေးချင်တော့လို့ ပိတ်တယ်လို့ပဲ ယူဆရမှာပါ။
မေး- တရားပွဲကလည်း
ပိတ်ထားတယ်၊ Facebook ကလည်း ခု အပိတ်ခံရပြန်ပြီပေါ့ဘုရား။ ဒါတွေဟာ အရှင်ဘုရားကိုယ်တိုင်
စစ်အစိုးရလက်ထက်က ကြုံခဲ့ပြီးသားတွေပေါ့လေ။ ထောင်ချခဲ့တာတွေတောင် ရှိခဲ့တာကိုး။ ဆိုတော့
ခုအစိုးရဟာ စစ်အစိုးရနဲ့ တူတာတွေများနေပြီလား။ ဘယ်လိုသုံးသပ်နိုင်မလဲဘုရား။
ဖြေ - ဦးသိန်းစိန်အစိုးရထက်တော့
တအားကြီးကို လွန်လွန်ကဲကဲ ဆိုးဝါးသွားပြီလေ။ ဦးသန်းရွှေနောက်တော့ ထပ်ကြပ်မကွာလိုက်နေသလားပဲ။
တစ်ခါတစ်လေကျတော့
သာသွားတာတွေတောင် ရှိနိုင်တယ်၊ သူကတောင် လက်စောင်းထက်နေတယ် ဆိုရမှာပေါ့။
ဦးသိန်းစိန်လက်ထက်ကထက် ၆၆(ဃ)အမှုတွေပိုများလာတယ်၊
ဆက်သွယ်ရေးဥပဒေကို မဖျက်သိမ်းဘူး၊
ဗိုလ်ချုပ်မှူးကြီးသန်းရွေနဲ့
ချိန်ကြည့်ပြန်တော့လည်း ဟိုက သူ့အာဏာမထိရင် မသိချင်ယောင်ဆောင်တာတွေ၊ မမြင်ချင်ယောင်ဆောင်တာတွေ
ရှိတယ်လေ။
ခုတော့ မျက်လုံးဒေါက်ထောက်ကြည့်ပြီးတော့
ခြေလှုပ် လှုပ်ပါပြီ၊ လက်လှုပ် လှုပ်ပါပြီဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ကို မထောက်ခံတဲ့သူတွေ
ခြေမလှုပ်ရ၊ လက်မလှုပ်ရဆိုတဲ့ အဆင့်ထိ ထိန်းချုပ်ချင်လာတယ်လေ။ နောက်ပိုင်း စိတ်ကို ထိန်းချုပ်လို့ရရင်တောင်မှ
စိတ်ကို ထိန်းချုပ်ဦးမယ့်ပုံစံမျိုး သက်ရောက်နေတယ်ဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတောင်
လက်ဖျားခါရမည့် ပုံစံမျိုး သက်ရောက်နေတာပေါ့နော့။ ဥပမာ နဝတလက်ထက်က နိုင်ငံရေးအကျဉ်းသားတွေ
ကျန်းမာရေး တအားချို့တဲ့ရင် ထောင်ထဲမှာ အသေမခံဘူး ဆေးရုံတက်ခွင့်ပေးလိုက်တယ်၊ ဒီအစိုးရလက်ထက်ကျတော့
ကိုကျော်မျိုးရွှေ သေလုမျောပါးဖြစ်တယ် ဆေးရုံတက်ခွင့်မရဘူး။ အာမခံမပေးဘူး သူတို့ကိုမထောက်ခံတဲ့
သူဆိုရင် ထောင်ထဲမှာပဲ သေပစေဆိုတဲ့သဘောမျိုး ညှဉ်းဆဲရက်ကြတယ်။
မေး- လတ်တလော
ဖြစ်ပျက်နေတဲ့သတင်းတွေနဲ့ပတ်သက်လို့လည်း နည်းနည်းမေးချင်ပါတယ်ဘုရား။
ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အကြံပေးအဖွဲ့ထဲကနေ အဖွဲ့ဝင်
တဦးဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန် နုတ်ထွက်သွားတယ်ပေါ့ဘုရား။
သူကတော့
ရိုဟင်ဂျာ
ပဋိပက္ခရဲ့ အရင်းဇစ်မြစ်ကို သုံးသပ် ကိုင်တွယ်ရမယ့်အစား အစိုးရ ပေါ်လစီကို အားပေး ချီးမြှောက်နေတဲ့
အဖွဲ့တဖွဲ့လိုပြုမှုနေတယ်လို့ ပြောတယ်ပေါ့ဘုရား။
နောက်ပြီးတော့
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ခေါင်းဆောင်ပိုင်း ကျင့်ဝတ်သိက္ခာ
ကင်းမဲ့တယ် ဆိုပြီး သူက စွပ်စွဲပြောဆိုတာတွေလည်းရှိတယ်ပေါ့ဘုရား။
အစိုးရဘက်လည်းပဲ
ပြစ်တင်ဝေဖန်တာတွေ ရှိပါတယ်ဘုရား။ သူနုတ်ထွက်သွားတာနဲ့ပတ်သက်ပြီး ရခိုင်အရေးကို
အရှင်ဘုရားအနေနဲ့
ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။
ဖြေ - နုတ်ထွက်သွားတော့
နားအေးတာပေါ့။ မဟုတ်ရင် သူတို့က ၀င်ရှုပ်နေမှာကိုး။
ပြည်သူတွေကတော့
အဲ့ဒီလူတွေကို ခန့်ထားတာ အစကတည်းက မကြိုက်ကြတာလေ။
သူပြောတဲ့
အကြောင်းပြချက်ကတော့ သတင်းမှားတွေကို အဟုတ်ထင်ပြီးတော့ သတင်းမှန်တွေကို လက်မခံဘူး၊
ဒီလိုပြောနေတာပေါ့နော်။
အဲဒါက ပြောင်းပြန်ကြီးဖြစ်နေတာပေါ့။
တကယ်တော့ အမေရိကန်တို့ အီးယူတို့ UNတို့က OIC ပြောသမျှပဲ သိထားရတာလေ။ အခြေအမြစ်ကျကျ
သူတို့က သိခွင့်မရဘူး။
ဒီက တကယ့်
ကာယကံရှင်ဖြစ်တဲ့အတွက်ကြောင့် တိတိကျကျသိထားတာကို သူတို့က ဆန့်ကျင်ဘက်ကြီး ပြန်ပြောနေတာပေါ့နော်။
ဒါကြောင့်မို့
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာဟာ ဆန့်ကျင်ဘက်ြ ကီးကို လွဲမှားနေတယ်။
ဒီအတွက် သူနုတ်ထွက်တာကို ၀မ်းမြောက်ဝမ်းသာနဲ့ကို ထောက်ခံတယ်ပေါ့။
နောက်တစ်ခုက
သူပြောတာ သူဝင်စွက်ဖက်တာကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီးတော့ ပြင်းပြင်းထန်ထန်ပြန်ပြောတယ်ပေါ့။
အဲဒီအပေါ်မှာ
သူမကျေနပ်ဘူးပေါ့။ တကယ်တော့ ရိုက်တာသတင်းသမားနှစ်ဦးလုပ်လိုက်တဲ့ ကိစ္စက နိုင်ငံတော်ရဲ့
အချုပ်အခြာနဲ့ သက်ဆိုင်နေတယ်လေ။
အဲတော့ သတင်းသမားနှစ်ဦးရဲ့ကိစ္စက
လုပ်ငန်းဖော်ဆောင်ရေးအကြံပေးအဖွဲ့နဲ့ လုံးဝမသက်ဆိုင်တဲ့အရေးပေါ့။
ဒီအကြောင်းတွေကို
ပြောတယ်ဆိုတော့ သူက အချုပ်အခြာကိုဝင်ပြီးတော့ စွက်ဖက်တဲ့ ပုံစံမျိုးဖြစ်လာတယ်။
ပြီးတော့
အကြံပေးအဖွဲ့လုပ်ရမယ့် မူတွေဘောင်တွေကို ကျော်ခွလာတာ
တွေ့ရတယ်။
ဒီအရေးမှာ
ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန်ပြန်ပြောတာကို ဦးဇင်းတို့က အပြည့်အ၀ ထောက်ခံတယ်။
သဘောကျတာပေါ့ဗျာ။
ကျန်တဲ့ အပိုင်းတွေကိုပြောမယ်ဆိုရင်
ဆိုကြပါစို့ ၂၂ ရက်နေ့က ရခိုင်သွားတယ်၊ ရခိုင်သွားပြီးတော့ ကွင်းဆင်းလေ့လာမယ့်အရေးကျတော့
သူမပါဘူး။
ရခိုင်သတင်းတွေကို
ဒီက ပြောတဲ့အခါကျတော့ ဒီသတင်းတွေကို သတင်းအမှားလို့၊ သူ့သတင်းမှ သတင်းအမှန်လို့ ဆန့်ကျင်ဘက်ကြီး
ကန့်ကွက်တယ်။ ဒီလိုလူမျိုး ဒီနေရာမျာ ဒီလိုအချိန် ထွက်သွားတာဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက်
အန္တရာယ်တစ်ခုရှင်းသွားသလိုပဲ ပြည်သူတွေ အင်မတန် ကုသိုလ်ကံကောင်းလို့လို့ မှတ်ရမှာပေါ့နော်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment