"မုဒိတာရပ်ဝန်း
(မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၁၇"
မန္တလေးမြို့တွင်
တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်
အမရပူရမြို့၊
ကွမ်းဆွဲရပ်၊ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK-ကျောက်မျက်) မိသားစုနှင့်
ဝိုင်းတော်သားများက အလှူငွေ ၁၃၇၉၀၀၀(တစ်ဆယ့်သုံးသိန်းခုနစ်သောင်းကိုးထောင်)ကျပ် လှူဒါန်းစဉ်။
(25.1.2018)
(မန်း မဟော်သဓာ
ပညာရေး အလှူငွေဖြတ်ပိုင်း ဘောင်ချာစာအုပ် နံပါတ်(၆၇)ဖြင့် အလှူခံရာ အလှူရှင် ၉၈ဦးတို့က
တစ်ထောင်ကျပ်၊ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ်၊ နှစ်သောင်းကျပ်၊ သုံးသောင်းကျပ်၊
ငါးသောင်းကျပ်၊ နှစ်သိန်းကျပ်တိုင်အောင် အသီးအသီး လှူဒါန်းငွေများကို အမရပူရမြို့နှင့်
မဟာအောင်မြေကျောက်ဝိုင်း အလှူရှင်များကိုယ်စား ဦးမိုးကိုနှင့် ဝိုင်းတော်သားများက
ဆက်ကပ်လှူဒါန်းခြင်းဖြစ်သည်။
ဦးမိုးကို+ဒေါ်ခိုင်မာဝင်း
မိသားစုသည် မန်းမဟော်သဓာကျောင်းတော်ကြီး မုခ်ဦးနှင့် အုတ်တံတိုင်း၊ သံတံခါးအတွက် အလှူငွေများ
လှူဒါန်းထားပြီး သောက်ရေသန့်စက်တစ်လုံး ဆက်လက်လှူဒါန်းရန် တာဝန်ယူကာ ငွေစုဆောင်းလျက်ရှိသည်။)
မန်း မဟော်သဓာအတွက်
ဝါခင်းကုန်း
ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ
သိန်းပေါင်း ၁၃၅၀ ကျပ်၊
ကျောက်မဲမြို့
တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။
ထိုင်းနိုင်ငံ
မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊
ထိုင်းနိုင်ငံ
မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊
သီခြားအလှူရှင်များ
လှူဒါန်းငွေ ၃၀,၂၁၄,၅၀၀ိ ကျပ်။
စုစုပေါင်း
- ၁၉၅,၄၁၄,၅၀၀ (တစ်ထောင့် ကိုးရာ့ ငါးဆယ့် လေးသိန်း တစ်သောင်း လေးထောင့် ငါးရာကျပ်)
ရရှိပြီဖြစ်သည်။
အလှူရှင်များနှင့်အတူ
အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင်
ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
No comments:
Post a Comment