"မဟော်သဓာမြေမှ
ခရိုနီပေါက်စလေးတွေ"
========================
28.1.2018
ရက်နေ့ ညနေ ၄း၀၀ နာရီ မန်း မဟော်သဓာ ကော်မတီအသီးသီးမှ အဖွဲ့ဝင်များ ပုသိမ်ကြီးမြို့နယ်၊
ကျောက်ချောကျေးရွာသို့ သွားရောက်ကြပါတယ်။
ကျောက်ချောကျေးရွာမရောက်ခင်
မျိုးချစ်မယ်နှစ်ဦးက လက်ဖက်ရည်တိုက်ဖို့ ပင့်ဖိတ်တာကြောင့် ကျွဲနဖားရွာ ဆိုင်းဘုတ်အနီးက
လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။
အမျိုးသားအမျိုးသမီးများက
လက်ဖက်ရည်မှာယူသောက်ကြပြီး ဆရာတော်သံဃာတော်များက သံပုရာရည် ဘုဉ်းပေးကြပါတယ်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်က
မျိုးချစ်တွေဖြစ်နေပါတယ်။
လက်ဖက်ရည်ဆိုင်ကြွဖို့
ပင့်ဖိတ်တဲ့အမျိုးသမီးက ဆိုင်ရှင်အမျိုးသမီးဖြစ်နေတာပါ။
မန်း မဟော်သဓာ
ဝိုင်းတော်သူ ဝိုင်းတော်သားအားလုံး ပွဲဦးထွက် ကံကောင်းတယ်လို့ မှတ်ရမှာပါ။
မိတ်သစ်ဆွေသစ်တွေ
တိုးသွားလို့ပါ။
၎င်းနောက်
မဟော်သဓာမြေကွက်ကို လိုက်လံကြည့်ရှုကြပါတယ်။
စာသင်ဆောင်မဆောက်လုပ်ခင်
ကြိုတင်ဆောက်လုပ်ရမှာတွေကို ပြင်ဆင်ကြရပါတယ်။
အဲဒီနောက်မှာတော့
မဟော်သဓာလောင်းလျာ ခရိုနီပေါက်စလေးတွေကို မုန့်ဖိုးပေးပါတယ်။ ဝိုင်းတော်သူ ဝိုင်းတော်သားများ
ပျော်ရွှင်နေကြပါတယ်။
ခါတိုင်းလိုပါပဲ
ကလေးတွေမုန့်ဖိုးတန်းစီယူကြစဉ် မုန့်ဖိုးမယူခင် သြကာသရှိခိုးကြတယ်၊ သရဏဂုံဆောက်တည်ကြတယ်၊
သီလဆောက်တည်ကြတယ်၊ နမော တဿ ရွတ်ကြတယ်၊ ကလေးတွေအားလုံး ငါးပါးသီလ ဆောက်တည်တတ်ကြတာကတော့
ချီးကျူးစရာပါ။
မဟော်သဓာလောင်းလျာ
ခရိုနီပေါက်စလေးတွေရဲ့ အနာဂတ်ကတော့ လင်းရောင်ခြည်လေး သန်းနေပါပြီ။
ဝီရသူ(မစိုးရိမ်)
31.1.2018
PM 9:01
No comments:
Post a Comment