"ပညာပါရမီ
ကုသိုလ်ရှင်များအတွက် သတင်းကောင်း"
==============================
ငါးဘာသာ ဂုဏ်ထူးရှင်လေးပါ။
ဆေးကျောင်းတက်နေပါတယ်။
ဒီလမှ စတက်တာပါ။
ပညာသင်စရိတ်
ထောက်ပံ့ကြေး လိုအပ်နေပါတယ်။
ဆရာဝန်ဖြစ်သည်အထိ
ထောက်ပံ့နိုင်သူဖြစ်စေ၊ မိမိတတ်နိုင်သလောက် လှူဒါန်းနိုင်သူဖြစ်စေ၊ ဆက်သွယ်နိုင်ပါတယ်။
မိဘနာမည်နှင့်
ကျောင်းသားနာမည် ခုံနံပါတ်တို့ကို ထည့်မထားတာက ကျောင်းသားကို စာနာလို့ပါ။
ကူညီထောက်ပံ့လိုသူတွေကို
မိသားစုနှင့် ကျောင်းသားနှင့် တိုက်ရိုက် ဆက်သွယ်ပေးပါ့မယ်။
ပြီးခဲ့တဲ့နှစ်ကလည်း
ကျောင်းသားတစ်ဦး ပညာရေးစရိတ်အခက်အခဲရှိနေလို့ သတင်းတင်ပေးလိုက်တာ တစ်လ ငါးသောင်းလှူဒါန်းသူနှစ်ဦး
ပေါ်ပေါက်ခဲ့ပါတယ်။
ထိုကျောင်းသားလေး
ပထမနှစ်အောင်သွားပါပြီ။
အဲဒီလိုပဲ
အလှူရှင်ရှာပေးထားတဲ့ဆေးကျောင်းသားတွေလည်း မနည်းပါဘူး။
အားလုံးကြိုးစားကြပါတယ်။
အားလုံးအောင်မြင်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့
စာကြိုးစားတဲ့ ကျောင်းသားလေးတစ်ယောက် ယာဉ်မတော်တဆမှုနှင့် ဆုံးပါးသွားခဲ့ပါတယ်။
ဆရာဝန်မဖြစ်ခင်
လမ်းခုလတ်မှာ ဆုံးပါးသွားခဲ့ရတာ စိတ်မကောင်းပါဘူး။
တိုင်းပြည်အတွက်
အများကြီးနစ်နာပါတယ်။
သူများဆေးကျောင်းတက်ခိုင်းလို့
ဆေးကျောင်းတက်ရတဲ့ ကျောင်းသားတွေမဟုတ်ဘဲ အမှန်တကယ် ဆရာဝန်ဖြစ်ချင်လို့ ဆေးကျောင်းတက်နေကြတဲ့
ကျောင်းသားတွေထဲမှာ အခုလို ပညာသင်စရိတ် အခက်အခဲရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေ အများကြီးပါပဲ။
ပညာပါရမီကုသိုလ်ယူလိုသူများ
အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်လိုသူများ လူသားချင်းစာနာကြသူများ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
ဦးတွတ်
09.5092037
No comments:
Post a Comment