Saturday, January 27, 2018

မန်းမဟော်သဓာ အဖွဲ့သားများ တွေ့ဆုံစည်းဝေးကြမည့် အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၈)


မန်းမဟော်သဓာ အဖွဲ့သားများ တွေ့ဆုံစည်းဝေးကြမည့် အစည်းအဝေး
အမှတ်စဉ်(၂/၂၀၁၈)
===============================================

မန်းမဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး
ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးမှ ကော်မတီဝင်
သံဃာတော် အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များကို
၂၈-၁-၂၀၁၈ (တနင်္ဂနွေနေ့) ညနေ (၄) နာရီတွင်
မဟော်သဓာ ကျောင်းတော်ကြီးတည်ရှိရာ
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကျော်ချောဒေသရှိ
မန်းမဟော်သဓာ စီမံကိန်းလုပ်ငန်းခွင်သို့ ဖိတ်ကြားထားကြောင်း
ဗဟိုကော်မတီ တာဝန်ခံဆရာတော် ဦးဝီရသူ(မစိုးရိမ်)က မိန့်ကြားသည်။
သွားလာမှု လွယ်ကူစေရန်အတွက်
မန္တလေးမြို့၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းတွင်
မော်တော်ယာဉ်များ စီစဉ် ထားကြောင်းနှင့်
ညနေ (၃)နာရီတိတိတွင်
မော်တော်ယာဉ်များ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်

No comments:

Post a Comment