"ကျောက်ချောရွာ
သားသားမီးမီးများနှင့်အတူ(၂)"
===========================
တော်သလင်းလပြည့်ကျော်
၁၅ ရက် 20.9.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမန်းမဟော်သဓာကျောင်းတော်ကြီးတည်ဆောက်မည့်
ကျောင်းမြေဝန်း ထဲမှာ တွေ့ကြတာပါ။
ထုံးစံအတိုင်း
သားသားမီးမီးလေးတွေ အပြေးအလွှားလာကြပါတယ်။
သူ့ထက်ငါဦးအောင်
နှုတ်ဆက်ကြပါတယ်။
လူတွေစုံတဲ့အခါ
သြကာသရှိခိုး နမော တဿရွတ်ဆို ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်ဆိုပြကြပါတယ်။
ညီညီညာညာနှင့်
မြိုင်မြိုင်ဆိုင်ဆိုင် ရွတ်နိုင်ကြတာတော့ အံ့သြစရာပါ။
ဘုရားရှိခိုးပြီးမှ
အိပ်ရာဝင်ဖို့ ကျောင်းသွားကျောင်းပြန် နမော တဿ ရွတ်ဆိုဖို့ သတိရတိုင်း စိတ်ထဲက နမော
တဿရွတ်ဆိုဖို့ တိုက်တွန်းပြီး မုန့်ဖိုးတစ်ထောင်ကျပ်စီ ဝေပေးပါတယ်။
ကလေးတွေအပြင်
ကလေးတွဲလောင်းနှင့်မိခင်များကိုလည်း ကလေးနည်းတူ တစ်ထောင်ကျပ်စီ ဒါနပြုပါတယ်။
မန်း
မဟော်သဓာ ကျောင်းတော်ရာကြီးကတော့ ကျောက်ချောရွာသူရွာသား သားသားမီးမီးလေးတွေနှင့် ပနံရနေပါတယ်။
ပြင်ဦးလွင်တောင်ရှုခင်းနောက်ခံထားပြီး
သားသားမီးမီးတွေကို မုန့်ဖိုးပေးနေတဲ့ပုံတွေကတော့ ဖေးဘုတ်ပရိသတ်ကြီးအတွက် အမှတ်တရဖြစ်လောက်စရာပါ။
ဝီရသူ(မစိုးရိမ်)
21.9.2017
PM
10:28















No comments:
Post a Comment