"ကရင်ပြည်နယ်
မဘသ သဘောထားကြေညာချက်"
=============================
ဘားအံမြို့နယ်
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဘားအံမြို့ ကရင်ပြည်နယ်
ရခိုင်ပြည်နယ်တွင်
ဖြစ်ပေါ်နေသော အစွန်းရောက်ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကန့်ကွတ်ရှုတ်ချခြင်း
အမျိုး ဘာသာ သာသနာ ဖိနှိပ်ချုပ်ချယ်ခြင်းများ ရပ်တန့်စေရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ
သွေးစည်းညီညွတ်ရေးအတွက် အထူးအသိပေးဟောပြောပွဲ သဘောထားထုတ်ပြန်ချက်
၁။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ
၃၅၄(ဂ)ပြဋ္ဌာန်းချက်ပါ အသင်းအဖွဲ့ သို့မဟုတ်အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်နှင့်အညီ
နိုင်ငံတော်အစိုးရအဖွဲ့မှ တရားဝင်အသိအမှတ်ပြုပေးရန် အလေးအနက်တောင်းဆိုသည်။
၂။
အမျိုးသားရေး အသိပညာရေး ဂျာနယ်များဖြစ်သော အောင်ဇေယျတုဂျာနယ်၊ အတုမရှိဂျာနယ်များကို
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က) ပြဋ္ဌာန်းချက်ပါ မိမိ၏ ယုံကြည်ချက်ထင်မြင်ယူဆချက်
များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်ရှိသည်နှင့်အညီ တရားဝင်ထုတ်ဝေ
ဖြန့်ချိခွင့်ပေးရန်တောင်းဆိုသည်။
၃။
ဖမ်းဆီးထိန်းသိမ်းခံနေရသော အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ရဟန်းရှင်လူများအား အမြန်ဆုံး
လွှတ်ပေးရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ရပ်တန့်ရန်တောင်းဆိုသည်။
၎။
မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)တွင် မွတ်ဆလင် စစ်သွေးကြွ အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများအား
အလျင်အမြန် ဖော်ထုတ်စစ်ဆေး အရေးယူပေးရန် တောင်းဆိုသည်။
၅။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး လုံးဝမရှိကြောင်းကို နိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာပေးရန်
တောင်းဆိုသည်။
ဘဒ္ဒန္တကဝိဓဇ
ဇွဲကပင်တောင်ဆရာတော်
ဥက္ကဋ္ဌ၊
ကရင်၊ မဘသ
ဘားအံမြို့
ကရင်ပြည်နယ်
No comments:
Post a Comment