"သီလပွဲတရားလေးပါ"
==============
တော်သလင်းလပြည့်
5.9.2017 မနက် ၉း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် သူရဲကျော်ရပ်ကွက် သူရဲကျော်ဓမ္မာရုံမှာ
ဟောကြားပါတယ်။
နှစ်စဉ်နှစ်တိုင်း
ပင့်ထားတဲ့ပွဲလေးပါ။
ကိုအောင်အောင်+မနီလာစိုး
(သား)မောင်ဆင့်လေးတင်(သမီး)မဟန်နီဦး မိသားစုတို့ရဲ့ သီလပွဲကုသိုလ်ပါ။
အခြားဓမ္မာရုံများသီလပွဲကတော့
မဟနပိတ်ပင်မှုကြောင့် မပင့်ရဲကြတော့ပါဘူး။
တရားပွဲပိတ်ပင်တာက
သီလပွဲတွေ ဟောပြောပွဲတွေ သြဝါဒခံယူပွဲတွေနှင့် လုံးဝမဆိုင်ဘူးဆိုတာ မသိကြလို့ ကြောက်တာလဲပါပါတယ်။
သိလျက်နဲ့
ဆိုင်ရာတာဝန်ရှိသူတွေက နှောက်ယှက်ကြလို့ မပင့်ရဲကြတာလည်းပါပါတယ်။
ဒီပွဲမှာတော့
နှောက်ယှက်သူလည်းမရှိ ကြောက်ရွံ့သူလည်းမရှိတဲ့အတွက်ကြောင့် သီလပွဲလေး ဖြစ်မြောက်သွားတာပါ။
ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး
ဟောကြားခဲ့ပါတယ်။
ဓမ္မပဒ
သဟဿဝဂ် သံကိစ္စသာမဏေဝတ္ထုလာ ဂါထာလေးကို သံပေါက်စီဟောကြားခဲ့ပါတယ်။
ယောစ
ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော
ဧကာဟံ
ဇီဝိတံ သေယော၊ သီလဝန္တဿ ဈာယိနော။
သီလမဲ့စွာ
သက်တစ်ရာ မမွန်မြတ်လှပါ။
သီလရှိစွာ
တစ်ရက်တာ လွန်စွာမြတ်လှတာ။
သီလမဲ့စွာ
ဤခန္ဓာ အနှစ်မရှိပါ။
သီလရှိစွာ
ဤခန္ဓာ အနှစ်အပြည့်ပါ။
သီလမဲ့စွာ
ဤခန္ဓာ ရောဂါထူလှတာ။
သီလရှိစွာ
ဤခန္ဓာ ရောဂါကင်းလှတာ။
No comments:
Post a Comment