"မဘသရဲ့
ကံကြမ္မာက ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်နေတယ်(၁)"
===========================================
(ဆရာတော်ဦးဝီရသူနှင့်
အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်)
အောင်ဇေယျတုရဲ့
နောက်ဆုံးနေ့ရက်တွေဟာ နီးကပ်လာပါပြီ။ ဒီမိုကရေစီခေတ်ထဲမှာ ပထမဆုံး ပိတ်သိမ်းခံရတဲ့
ဂျာနယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားရေးအသံတွေကို ကျယ်ကျယ်လောင်လောင်
ဖော်ပြနိုင်ခဲ့တဲ့အောင်ဇေယျတုဟာ ပုံစံတမျိုးနဲ့ ပြည်သူတွေဆီကို ပြန်ရောက်လာမှာပါ။ အခုလက်ရှိအချိန်၊
ဂျာနယ်နောက်ဆုံးနေ့တွေမှာတော့ အပတ်စဉ်တင်ဆက်နေကြ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်အင်တာဗျူးများကို
ဝတ်မပျက် တင်ဆက်ပေးလိုက်ပါတယ်။
မေး
- ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ
အရှင်ဘုရား ပါဝင်ဟောပြောတာကိုတွေ့ပါတယ်ဘုရား။ ဆန္ဒပြပွဲတွေလုပ်တယ်ဆိုတော့ အစိုးရက လူထုရဲ့အသံကို
ဘယ်လောက်ထိ အားစိုက်နားထောင်မယ်လို့ အရှင်ဘုရားတို့ ယုံကြည်ပါသလဲဘုရား။
ဖြေ
- အစိုးရ နားစိုက်ထောင်တာ တစ်ခါပဲတွေ့ဖူးတယ်။ ရန်ကုန်မန္တလေး သပိတ်စခန်းတွေဖွင့်တုန်းကတော့
နားစိုက်ထောင်ပုံရတယ်ပေါ့ကွာ။ ကျန်တာကတော့ နားလည်းမထောင်ပါဘူး။ မြင်လည်း မမြင်ချင်ယောင်ဆောင်နေတာပေါ့။
ဒါပေမယ့် သူနားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မြင်သည်ဖြစ်စေ၊ မမြင်ချင်ယောင်ဆောင်သည်ဖြစ်စေ
သမိုင်းပေးတာဝန်အရ တို့တတွေက သူတို့သိအောင် တင်ပြပြီးသွားပြီလေ။ အဲဒီတော့ တို့ဘက်က
တာဝန်ကျေတယ်ပေါ့ကွာ။
မေး
- မဘသအဖွဲ့ကိုပေးထားတဲ့ အတုမရှိ၊ အောင်ဇေယျတုစတဲ့ ဂျာနယ်ထုတ်ဝေခွင့်ကဒ်တွေ ပြန်အပ်ရမယ်ဆိုတဲ့
အကြောင်းကြားစာ ရောက်လာတယ်ပေါ့ဘုရား။ အကြောင်းကြားစာထဲမှာပါတာက မဘသဟာဖျက်သိမ်းပြီးအဖွဲ့ဖြစ်တယ်ဆိုပြီး
မဟနကြေညာချက်ကို ကိုးကားပြီးပြောထားတာ တွေ့ရပါတယ်ဘုရား။ ဆိုတော့ မန်းမဘသရဲ့ အခြေအနေဟာ
ဘယ်လိုရှိနေလဲ ဘုရား။ မဘသအဖွဲ့ကြီးဟာ တကယ်ပဲ ဖျက်သိမ်းသွားပြီလား၊ ဗုဒဓမ္မအနေနဲ့ ဆက်ရှိနေသလား။
ဘယ်လိုပုံစံမျိုး ရှိနေလဲဘုရား။0
ဖြေ
- မန်းမဘသကတော့ နဂိုတုန်းကလည်း မဘသပဲ၊ အခုလည်း မဘသပဲ။ အမည်နာမ ပြောင်းလဲသွားတာမျိုး
မရှိသလို အဖွဲ့အစည်းဖျက်သိမ်းတာမျိုးလည်း မရှိဘူး။
ပုံမှန်အလုပ်တွေလည်း
ဆက်လုပ်နေတယ်။ မဘသအဖွဲ့ အဖျက်ခံရတယ်ဆိုတာကတော့ ဥပဒေအရ ပြောရရင် လုံးဝလက်မခံနိုင်စရာစကားပေါ့နော်။
မဘသအဖွဲ့ကို
နိုင်ငံတော် သံဃာမဟာနာယက အသိအမှတ်မပြုဘူးဆိုရင်တော့ တို့က အဲဒီစကားကို လက်ခံတယ်လေ။
ဒါပေမယ့်
တရားမ၀င်ဘူးတို့၊
ဖျက်သိမ်းလိုက်ပြီ၊ ဖျက်သိမ်းခံရပြီ၊ ပျက်သွားပြီဆိုတာမျိုးတော့ တို့က လုံးဝ လက်မခံနိုင်ဘူး။
ဘာကြောင့်လဲဆိုရင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပ်တည်ခွင့်ရှိတဲ့အဖွဲ့အစည်းဖြစ်တယ်။ ၂၀၁၄ အသင်းအဖွဲ့များဆိုင်ရာ
မှတ်ပုံတင်ခြင်းဥပဒေအရ
တရားဝင်ရပ်တည်ခွင့်ရှိတဲ့
အဖွဲ့အစည်းကြီးဖြစ်တယ်လေ။ မဘသကို တရားမ၀င်ဘူးလို့ ပြောတဲ့သူမှန်သမျှဟာ တရားဥပဒေရဲ့အပြင်ဘက်က
လူသားတွေချည်းပဲပေါ့နော်။
မေး
- အခုတွေ့ရတာက အတုမရှိတို့၊ အောင်ဇေယျတုတို့နားမယ်ဆိုတဲ့သတင်းကို ၀မ်းပမ်းတသာနဲ့ တချို့ဖော်ပြနေတယ်ဆိုတော့
ဂျာနယ်တွေက
အထူးသဖြင့်
အရှင်ဘုရားတို့ ဦးစီးထုတ်ဝေနေတဲ့ အတုမရှိက ဆက်ထွက်လာနိုင်စရာရှိသေးလားဘုရား။
ဖြေ
- ပုံသဏ္ဍာန်မျိုးစုံနဲ့ ထွက်လာဦးမှာပဲလေ။ ဘယ်လိုပုံစံနဲ့
ထွက်လာဦးမလဲဆိုတာကိုတော့ ထွက်လာမှပဲ သိရမှာပေါ့လေနော့။
မေး
- နောက်တစ်ခုက မဘသအဖွဲ့ကြီးပဲ ပြောပါတော့ဘုရား။
မဘသအဖွဲ့ကြီးတစ်ဖွဲ့လုံးအနေနဲ့ဆိုရင် အစိုးရနဲ့ ထိပ်တိုက်တွေ့တိုင်း
နောက်ဆုတ်
နောက်ဆုတ်လာတာ အခုဆိုရင် ဂျာနယ်တွေပါ ရပ်နားဖို့အထိ ဖြစ်လာပြီပေါ့ဘုရား။ ဆိုတော့ အစိုးရဘက်က
ဘာတွေ ရှေ့ဆက်တိုးလာနိုင်စရာရှိလဲ။
အဖွဲ့ကြီးအနေနဲ့ရော
ဘယ်လိုတွေ ရင်ဆိုင်ဖို့ရှိမလဲ။
ဖြေ
- အဓိကတော့ သူတို့က မဘသကနေ ဖောင်ဒေးရှင်းဆိုတဲ့အမည်ကို ပြောင်းကတည်းကိုက သူတို့တွေက
မဘသကျဆုံးသွားပြီလို့ ခံယူထားကြတာပေါ့။
အောင်ဇေယျတုနဲ့
အတုမရှိက မဘသမကျဆုံးသေးဘူးဆိုတာကို ပြည်သူတွေကို အမြဲတန်းတင်ပြနေတာပေါ့။ အဲဒီတော့ အဖွဲ့အနေနဲ့
ကျဆုံးသွားသော်လည်းပဲ
မီဒီယာအနေနဲ့
ကျန်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မီဒီယာကိုပါ အသေသတ်တဲ့သဘောမျိုးပေါ့ကွာ။ နောက်ပြီး မဘသသေမှ
အမျိုးသားရေးသမားတွေ ကျဆုံးသွားမှ တိုင်းပြည်ကို ရောင်းစားလို့ရမှာလေ။ တိုင်းပြည်ကိုရောင်းစားဖို့အတွက်
နိုင်ငံသားဥပဒေတို့ အမျိုးစောင့်ဥပဒေတို့ ဒါတွေကို ပြင်ပေးမှဝယ်ယူကြမှာပေါ့။ ဒီလို
အပေးအယူတွေနဲ့ ရောင်းကုန်တစ်ခုဖြစ်အောင် ဆက်လက်လုပ်ဆောင်နေဦးမှာပဲလေ။
မေး
- အရှင်ဘုရားပြောတဲ့အထဲမှာလည်း ပါပါတယ်ဘုရား၊
မဘသဖျက်သိမ်းတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးပေါ့ဘုရား၊ ဖွဲ့စည်းပုံအရဆို မဘသက ရပ်တည်ခွင့်ရှိတယ်ဆိုတော့သဘောမျိုးဆိုတော့
အစိုးရသစ်လက်ထက်မှာ
ဖွဲ့စည်းပုံနဲ့ ကွဲလွဲချက်ရှိနေတဲ့ ဆောင်ရွက်ချက်တချို့ မြင်နေရတယ်လို့ သုံးသပ်တာတွေ
ရှိသလို သူတို့ကြွေးကြော်တဲ့ ဒီမိုကရေစီစနစ်နဲ့လည်း အံချော်နေတာတွေ တွေ့ရတော့
အဲဒီအပေါ်မှာ
ဘာများပြောချင်ပါသလဲဘုရား။
ဖြေ
- ဟိုအရင် ဦးသိန်းစိန်လက်ထက်ကတော့ ဒီမိုကရေစီ လမ်းလျှောက်တတ်ခါစ ကလေးသူငယ်ပုံစံမျိုး
သတ်မှတ်ထားတာပေါ့။ တကယ်ဆိုရင်တော့ ဒီမိုကရေစီ
မူကြိုအဆင့်ကို ရောက်သင့်ပြီလို့ အောက်မေ့တာပေါ့။
အခုကျတော့
ဒီမိုကရေစီက လမ်းလျှောက်တတ်တဲ့ မတ်တပ်သွားကလေးအဆင့်မှာပဲ သေဆုံးသွားတဲ့သဘော ဖြစ်သွားတာပေါ့။
မေး
- ကိုဝင်းကိုကိုလတ်တို့ ရင်ဆိုင်နေတဲ့အမှုနှစ်ခုမှာ ဗဟန်းတရားရုံးကစစ်ဆေးနေတဲ့အမှုတစ်ခုက
၆ ရက်နေ့စီရင်ချက်ချမယ်လို့ သိရပါတယ်ဘုရား။
တပည့်တော်သိချင်တာက
ရိုဟင်ဂျာမရှိဘူးဆိုပြီးဆန္ဒပြတယ်၊ ဘင်္ဂါလီပဲရှိတယ်လို့သာ ကြွေးကြော်တယ်၊ အခုအချိန်မှာ
နိုင်ငံတော်အတိုင်ပင်ခံရုံး၊ တပ်မတော် ကာကွယ်ရေးဦးစီးဌာန စတဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ
ဘင်္ဂါလီအကြမ်းဖက်သမားလို့
သုံးလာတယ်၊ သူတို့ကိုယ်တိုင်သုံးလာပြီဆိုတော့ ဒီအပေါ်မှာရော အမှုအခြေအနေတွေက ဘယ်လိုတွေဖြစ်လာနိုင်ရာရှိပါသလဲဘုရား။
ဖြေ
- အပြောင်းအလဲ မရှိနိုင်ပါဘူးကွာ။ သူတို့တတွေကတော့
အမျိုးသားရေးသမားတွေ မှန်သမျှကို ကြည့်မရတာလေ။
အမျိုးသားရေးသမားတွေမရှိမှ သူတို့ အမျိုးသားလုံခြုံရေးစည်းတွေကို စိတ်တိုင်းကျ
ချိုးဖောက်ဖျက်ဆီးနိုင်မှာလေ။
အဲတော့ ဘင်္ဂါလီလို့ အစိုးရကပဲ တရားဝင်ထုတ်ပြန်ထုတ်ပြန်၊ ရိုဟင်ဂျာမရှိဘူးလို့ပဲ တရားဝင်ကြေညာကြေညာ၊
အမျိုးသားရေးသမားတွေကို စမက ပုဒ်မနဲ့ ဖမ်းစီးအရေးယူနေဦးမှာပါပဲ။
မေး
- အစိုးရဘက်ကပေါ့ဘုရား၊ အမျိုးသားရေးသမားတွေကို အမြင်မကြည်လင်မှု၊ အမျိုးသားရေးသွေးလန့်မှုက
ဘယ်လောက်ထိရှိမယ်လို့သုံးသပ်လဲ။ ဖိနှိပ်မှုတွေက ဆက်ရှိလာနိုင်စရာ အကြောင်းရှိမလား။
ဖြေ
- အစိုးရကတော့ အမျိုးသားရေးသမားတွေအပေါ်မှာ အမြင်မကြည်လင်မှု ၁၀၀ ရာခိုင်နှုန်းရှိတာပေါ့။
နိုင်ငံရေး အာဃာတပေါ့လေ။ သူတို့က လက်စားမချေနဲ့၊ သင်ပုန်းချေလို့ ပြောလာခဲ့ပေမယ့်
တကယ်တမ်းကျတော့
သူတို့ရင်ထဲမှာကိုက သူတို့ကို မထောက်ခံတဲ့သူ၊ သူတို့ကို ဝေဖန်တဲ့သူ၊ သူတို့ကို ထောက်ပြ
တဲ့သူကို ရန်သူလို သဘောထားတာကိုး။
ဒီအစိုးရတက်လာပြီးတဲ့အချိန်နောက်ပိုင်းမှာ
ကြံ့ခိုင်ရေးပါတီကလည်း အတိုက်အခံအလုပ်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး။ အတိုက်အခံမပီသခဲ့ဘူး။
အတိုက်အခံတာဝန်မကျေခဲ့ဘူးပေါ့။
ဒါပေမယ့်
အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လာရင်တော့ မဘသနဲ့ အမျိုးသားရေးသမားတွေ၊ အမျိုးသားရေးဆရာတော်သံဃာတော်တွေကတော့
တာဝန်ကျေပြွန်စွာပဲ ခုခံကာကွယ်ခဲ့တယ်။
ဝေဖန်ထောက်ပြခဲ့တယ်ပေါ့နော်။
ပြောရမယ်ဆိုရင် သူတို့က အမျိုးသားလုံခြုံရေးစည်းတွေကို တစ်ခုချင်းတစ်ခုချင်း ချိုးဖောက်ချင်တယ်၊
ဖျက်ဆီးချင်တယ်လို့ ယူဆသုံးသပ်နိုင်စရာတွေ အများကြီးရှိတယ်။။
ဒီက
လုံးဝ တစ်ခုမှ အဖောက်မခံနိုင်ဘူး၊ အဖျက်မခံနိုင်ဘူး။
ဒီမှာတင် အစိုးရက အမျိုးသားရေးသမားတွေကို မျက်စိဆံပင်မွှေးစူးသွားတာပေါ့နော်။
(ဆက်လက်ဖော်ပြပါမည်။)
(ဆက်လက်ဖော်ပြပါမည်။)
No comments:
Post a Comment