"လောကအလင်း
ညဂိုက်တန်း ယာယီပိတ်ထားရ"
လောကအလင်း
ပညာဒါန စာသင်ကျောင်းကလေး ညဂိုက်တန်းနားထားရပါတယ်။
မိဘတွေက စိုးရိမ်တကြီးနှင့်
စိတ်ပူကြလို့ပါ။
ပြီးခဲ့တဲ့
11.9.2017 ရက်နေ့ ညကြီးမှာ မနော်ဟရီလမ်းနှင့် ၅၉လမ်းကြား ဓားကိုင်သောင်းကျန်းမှုကြောင့်
စိတ်ပူပြီး မိဘတွေက ကျောင်းပိတ်ဖို့ တင်ပြကြတာပါ။
ကောလဟလတွေကလည်းကြီးမား
လျှို့ဝှက်သတင်းတွေကလည်းပေါက်ကြားထားတော့ ပြည်သူတွေ အထိတ်တလန့်ဖြစ်ကြတာပေါ့။
ဒါကြောင့်
ညဂိုက်တန်းယာယီပိတ်ထားပါတယ်။
12.9.2017
ရက်နေ့မှ စတင်ပိတ်ထားတာပါ။
ကောလဟလတွေ
အကြမ်းဖက်ဂယက်တွေကြောင့် ပြည်သူတွေ ဘယ်လိုစိုးရိမ်သောကဖြစ်နေတယ်ဆိုတာ လောကအလင်းကသက်သေပြနေပါပြီ။
ဒါတောင် မန္တလေးမှာ
သူတို့တတွေဟာ အနည်းငယ်သာရှိသေးတာပါ။
ဘူးသီးတောင်
မောင်တောမှာလို အများစုမဟုတ်သေးပါဘူး။
ဒါပေမဲ့ အများစုဖြစ်တဲ့
အိမ်ရှင်တိုင်းရင်းသားတွေကတော့ ကိုယ့်ရပ်ကွက်ထဲကကျောင်းကိုတောင် ကိုယ့်သားသမီးတွေ မလွှတ်ရဲလောက်အောင်၊
အကြိုအပို့မလုပ်ရဲလောက်အောင် စိုးရိမ်ပူပန်နေကြရတာပါ။
ရှည်ရှည်ဝေးဝေး
မပြောတော့ပါဘူး။
11.9.2017
ရက်နေ့ ညဂိုက်တန်းပုံများဖြစ်ပါတယ်။
ဝီရသူ(မစိုးရိမ်)
13.9.2017
PM 12:49
No comments:
Post a Comment