"နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်၏မိန့်ခွန်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်"
=======================================================
ရက်စွဲ။
၂၀-၉-၂၀၁၇
အမျိုးသားဒီမိုကရေစီအင်အားစု
NDF ပါတီသည် ပါတီ၏မူဝါဒများနှင့်အညီ နိုင်ငံနှင့်ပြည်သူလူထုအကျိုး စီးပွားအလို့ငှာ
အစိုးရနှ်င့ နိုင်ငံတော်တာဝန်ရှိသူများက ဆောင်ရွက်ရန်လိုအပ်သည်များရှိပါက ထောက်ပြဝေဖန်
အကြံပြုသည်များ ရှိခဲ့ပါသည်။ တစ်ပါတီချင်းသော်လည်းကောင်း၊ ပါတီများစုပေါင်း၍ သော်လည်းကောင်း
အကြောင်းအရာအလိုက် တစ်ပါတီချင်း၏ လွတ်လပ်သောဆုံးဖြတ်ချက်များအရ ဆော်ငရွက်ခဲ့ပါသည်။
ထို့အတူ အစိုးရနှင့် နိုင်ငံတော်တာဝန်ရှိသူများက နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးကို
ထိရောက်စွာကာကွယ်စောင့်ရှောက်ပေးပါကလည်း လက်ခံကြိုဆိုသွားမည်သာဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း NDF ပါတီ၏သဘောထား ထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာသို့ရှင်းလင်းသည့် မိန့်ခွန်း (Diplomatic
Briefing)တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လက်ခံထားသည့် (Right To Defend) အရ
မိမိနိုင်ငံအတွင်း အကြမ်းဖက်လာမှုကို အကြမ်းဖက်နှိမ်နင်းရေး ဥပဒေဖြင့် ကာကွယ်နှိမ်နင်းခြင်းသာဖြစ်ပြီး
ယခုအချိန်ထိ လူမျိုးတုံးသတ်ဖြတ်မှုမျိုး မရှိသေးခြင်းဟူ၍ လည်းကောင်း၊
နိုင်ငံတော်အစိုးရမှ
လုံခြုံရေးအဖွဲ့အစည်းများကို (Code of Conduct)အရ အစွမ်းကုန်ချုပ်တည်းကိုင်တွယ် စေခြင်းနှင့်
ယင်းအကျိုးဆက်ကြောင့် မူဆလင်အများစုသည် မိမိတို့မူရင်းရပ်ရွာဒေသများမှ ထွက်မပြေးဘဲ
အေးချမ်းစွာရှိနေကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် အပြစ်မဲ့လူနည်းစုဘင်္ဂါလီများကို
လူမျိုးတုံး သတ်ဖြတ်နေသည်ဟု စွပ်စွဲမှုများကို လူ့အခွင့်အရေးနှင့် အမျိုးသားလုံခြုံရေးရှုဒေါင့်မှ
ချေပရာရောက်ခြင်း ဖြင့်လည်းကောင်း၊
ကမ္ဘာပေါ်တွင်
နိုင်ငံမဲ့လူအုပ်စုကြီး မြန်မာနိုင်ငံ၌ရှိနေပြီဟု စွပ်စွဲချက်ကို National Verifiaction
System နှင့် ဆောင်ရွက်မှုများရှိခဲ့ပြီး ယင်းအစီအစဉ်တွင် ပူးပေါင်းပေးကြရန် ပြောကြားခဲ့သည်။
ယင်းစိစစ်မှုတွင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအပေါ် အခြေခံ၍ ဖြေကြားသည်ဟု NDF ပါတီမှ သဘောရပါသည်။
သို့ဖြစ်ပါ၍ လူ့အခွင့်အရေးခေါင်းစဉ်ကြီးကို မေ့မထားပါ စသဖြင့် အမျိုးသားအကျိုးစီးပွားနှင့်
အမျိုးသားလုံခြုံရေးကို ရှေ့ရှု၍ နိုင်ငံတကာသို့ သိစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
ဤပြောကြားချက်များသည်
မြန်မာပြည်သူအများစု ဆန္ဒသဘောထားကို ထင်ဟပ်သည်ဖြစ်၍ NDF ပါတီမှ လက်ခံကြိုဆိုပါကြောင်း
သဘောထားထုပ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:
Post a Comment