"ကျောက်ချောရွာ
သားသားမီးမီးများနှင့်အတူ"
==========================
13.9.2017
ရက်နေ့ တော်သလင်းလဆုတ်(၈)ရက် ညနေစောင်းမှာ ကျောက်ချောရွာသို့ ရောက်ရှိပါတယ်။
ကျောက်ချောရွာရောက်တယ်ဆိုရင်ပဲ
သားသားမီးမီးတွေအပါအဝင် မိဘပြည်သူများပါ ဝိုင်းအုံရောက်ရှိလာကြပါတော့တယ်။
သားသားမီးမီးလေးတွေကို
သြကာသကန်တော့ချိုးဆိုခိုင်း သရဏဂုံဆောက်တည်ခိုင်း နမော တဿ ရွတ်ခိုင်းပြီး နေ့စဉ်မှန်မှန်ဘုရားရှိခိုးပြီးမှ
အိပ်ဖို့ ကျောင်းသွားကျောင်းပြန် နမော တဿရွတ်ဖို့ ဘုရားတရားကို အားကိုးဖို့ တိုက်တွန်းပြီး
မုန့်ဖိုးပေးပါတယ်။
ကလေးငယ်တွေတင်မကဘဲ
မိဘပြည်သူများပါ တန်းစီ တိုးဝေ့အလှူခံကြပါတယ်။
တစ်ယောက်တစ်ထောင်စီ
မုန့်ဖိုးပေးတာ နှစ်သိန်းကျပ်ကုန်သော်လည်း လူမကုန်သေးပါ။ ဒါကြောင့် လူကြီးတွေကို လူစေ့အောင်
မပေးနိုင်ခဲ့ပါ။
စာရေးသူက
တစ်သိန်းကျပ်၊ စာရေးသူရဲ့ ပါရမီဖြည့်ဖက်မိဘသားစု ဝီရမိုးကိုက တစ်သိန်းကျပ် စုစုပေါင်းနှစ်သိန်းကျပ်
လှူဒါန်းခဲ့ကြပါတယ်။
ကျောက်ချောရွာ
မဟော်သဓာကျောင်းမြေကွက်အတွင်းမှာ မုန့်ဖိုးပေးကြတာပါ။
မူဆယ်မှ ကိုသက်နှင့်ကိုချင်းတို့
လိုက်လာတာနှင့်ကြုံလို့ မဟော်သဓာကျောင်းတော်ကြီးအတွက် တစ်သိန်းကျပ်နှင့် နဝကမ္မများ
ရခိုင်ပြည်သူများအတွက် အလှူငွေများ ပေးလှူသွားကြပါတယ်။
ကျောက်ချောရွာဆိုတာ
မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ၇ မိုင်အပန်းဖြေစခန်းအသွား ရဲရွာလမ်းမကြီးဘေးမှာ
တည်ရှိပါတယ်။
ရွာသူရွာသားတွေကတော့
အားတက်သရောပါပဲ၊ ကလေးငယ်တွေက ပိုတက်ကြွပါတယ်။ ဘုန်းကြီးရောက်လာတာနှင့် လက်ဆွဲသူကဆွဲ
ဦးခေါင်းတိုးဝှေ့သူက ဝှေ့နှင့် အတော်ခင်မင်ကြပါတယ်။
ကြည်နူးစရာလေးပါပဲ။






















No comments:
Post a Comment