"ပလီပလာမီဒီယာ"
============
သတင်းခေါင်းစဉ်နှင့်
သတင်းရေးပုံက တစ်ခြားစီပါပဲ။
ယာဉ်ထိန်းရဲကို
ဆဲရုံလေးနှင့် ပုဒ်မသုံးခုတပ်ရကောင်းလားဆိုတဲ့သဘောသက်ရောက်နေပါတယ်။
ယာဉ်ထိန်းရဲကိုဆဲတာက
၂၉၄ တစ်ခုတည်းပါ။
ပတ်ဝန်းကျင်ကိုဆဲတာက
၂၉၄ နှင့် ၂၉၅(က)ပါ။
၂၉၅(က)
လူတွေကိုဆဲတာမဟုတ်ဘဲ ဘာသာ သာသနာနှင့်ကိုင်ဆဲတာကြောင့် ဘာသာ သာသနာကို ထိခိုက်နစ်နာစေမှုပါ။
ဆဲတာလေးမရေးရင်တောင်မှ
ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးလေးတော့ ထည့်ရေးသင့်တယ်။
ဒါမှ
၂၉၅(က)သဘောသက်ရောက်မှာပါ။
အခုတော့
ကျူးလွန်သူနှင့် အရေးယူသူမှာ အရေးယူသူကပဲ အဆိုးပုံစံမျိုး သက်ရောက်နေပါတယ်။
သတင်းသမားဖိုးတုတ်
ဘယ်သူလဲ ဘာကြောင့်ဒီလိုရေးတာလဲ သတင်းထောက်ချုပ် ဘာကြောင့် ဒီလိုလက်ခံခဲ့တာလဲ။
7
Day ဘာလဲ အားလုံးလေ့လာကြဖို့လိုပါပြီ။
ဒီလိုသတင်းသမားတွေကြောင့်
မီဒီယာလောကကို နှာခေါင်းရှုံ့နေကြတာပါ။
အမျိုးသားရေးသမားတွေဆိုရင်တော့
ရေးပါပြီ အမျိုးသားရေး တက်ကြွလှုပ်ရှားဆိုသူတို့၊ မျိုးချစ်အမည်ခံတို့၊ ဆူပူလှုံ့ဆော်မှုတို့၊
အမုန်းတရားဖြန့်ဖြူးတို့ အစွန်းရောက်တို့ စုံနေအောင် ဂုဏ်ပုဒ်တွေတပ်ကြပေမဲ့ ဗုဒ္ဓဘာသာတွေကို
ကိုင်တုတတ်တဲ့သတင်းမှာတော့ ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးလေးတောင် ပါဝင်အောင်မရေးသားရဲဘူး။
ပလီပလာမီဒီယာတွေပါဗျာ။
ဝီရသူ(မစိုးရိမ်)
12.9.2017
PM
8:59
========================================================
"ယာဉ်ထိန်းရဲကိုဆဲသူ
ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထား"
ဖိုးတုတ်၊
ရန်ကုန်
ယာဉ်ထိန်းရဲကိုဆဲသည့်
ယာဉ်မောင်းကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသည်။
မင်္ဂလာတောင်ညွန့်တွင်
စက်တင်ဘာ ၄ ရက်နေ့လယ်က ယာဉ်မှုစစ်အဖွဲ့က ယာဉ်လမ်းကြောင်း ပိတ်ဆို့နေသည့် နေရာများရှိ
ကားများကို လိုက်လံဖမ်းဆီးရာမှ အဆိုပါယာဉ်မောင်းနှင့် အမှုစစ်ရဲအုပ်တို့ စတင်စကားများခဲ့ကြောင်း
ဖမ်းဆီးမှုအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။
ယာဉ်ထိန်းရဲအရာရှိကို
ဆဲဆိုပြီးနောက် ပတ်ဝန်းကျင်ရှိလူများနှင့် စကားများသည့် ယင်းဗီဒီယိုဖိုင် စက်တင်ဘာ
၉ ရက်ညက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။
အဆိုပါဗီဒီယိုဖိုင်တွင်
ကားဖမ်းဆီးခံရသည့်နေရာ၌ ဖြူနီကျားမျဉ်းမရေးဆွဲဘဲ ဖမ်းဆီးသည့် ယာဉ်ထိန်းရဲ အရာရှိကို
ဆဲဆိုပြီး အရက်နံ့နံသည်ဟုပြောကာ ဆိုဆိုပြီးနောက် ရပ်ကြည့်နေသည့် ပြည်သူအချို့နှင့်
စကားများပြီး တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့သည်။
ပြစ်မှုကျူးလွန်သူ
ယူစွတ်(ပ်)(ခ)ကျော်စိုးဝင်းကို ရာဇသတ်ကြီးပုဒ်မ ၁၈၆(ပြည်သူ့ဝန်ထမ်းတစ်ဦးကို အလုပ်ဝတ္တရားဆောင်ရွက်စဉ်
ဟန့်တားခြင်း)၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄(ညစ်ညမ်းသော ပြုလုပ်မှုများ)၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က(လူတစားကိုးကွယ်သည့်
ဘာသာကို စော်ကားခြင်း)ပုဒ်မများဖြင့် စက်တင်ဘာ ၉ ရက်က အမှုဖွင့်အရေးယူထားသည်။
"သူ့ကားတစ်စီးတည်းဖမ်းတာတော့မဟုတ်ပါဘူး။
သူ့ကားကိုဖမ်းတော့ ယာဉ်ထိန်းရဲအရာရှိကိုဆဲတယ်။ သူကလည်း ဗီဒီယိုတွေပြန်ရိုက်တယ်။ တခြားဘေးကကြည့်နေတဲ့သူတွေကလည်း
ရိုက်နေကြတယ်။ အရက်စော်နံတယ်ပြောပြီး ဆဲရာကနေ ပတ်ဝန်းကျင်က သူတွေနဲ့ စကားများကြတာပါ။
ပြဿနာတွေ မဖြစ်ခဲ့ပါဘူး" ဟု အထက်ပါ အမျိုးသားက ပြောသည်။
စုပေါင်းဖမ်းဆီးရေးအဖွဲ့တွင်
ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲ၊ ယာဉ်ထိန်းရဲနှင့်
စည်ပင်ရဲတပ်ဖွဲ့များ ပါဝင်ပြီး ယာဉ်လမ်းကြောင်း ပိတ်ဆို့သည့်နေရာများ၌ လိုက်လံလမ်းကြောင်းရှင်းခြင်းကြောင်း
အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
"ကားဖမ်းတယ်ဆိုတော့
ပတ်ဝန်းကျင်ကလူတွေကလည်း ဝိုင်းကြည့်နေတယ်။ သူကကားအဖမ်းခံရတော့ ဒေါသထွက်ပြီးဆဲဆိုရာကနေ
ဖြစ်တာပါ။ ပတ်ဝန်းကျင်က သူတွေကလည်း ခုလိုဆဲဆိုတဲ့အတွက် မကျေနပ်လို့ ပြန်ပြောရာကနေ ဖြစ်သွားတာပါ"
ဟု ၄င်းကပြောသည်။ မင်္ဂလာတောင်ညွန့်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ(၃)ခုဖြင့် စက်တင်ဘာ ၉ ရက်တွင်
အမှုဖွင့် အရေးယူထားသော်လည်း စက်တင်ဘာ ၁၀ ရက်ညနေအထိ ဖမ်းမိခြင်းမရှိသေးကြောင်း ရဲအရာရှိက
ပြောသည်။
"သူနေတဲ့နေရာနဲ့
ကားလိပ်စာနဲ့က တစ်နေရာစီဖြစ်နေတယ်။ သူတို့မိသားစုဝင်တွေကလည်း ရဲစခန်းလာပို့ပေးမယ်ပြောထားပါတယ်"
ဟု ၄င်းကပြောသည်။
No comments:
Post a Comment