"ရခိုင်ပြည်နယ်
ကျဆုံးခြင်းဟာ ပြည်ထောင်စုကြီး ကျဆုံးခြင်းဖြစ်သွားနိုင်တယ်(၂)"
============================================
(ဆရာတော်ဦးဝီရသူနှင့်
အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးမျှော်လင့်ချက်)
မေး - ကိုဖီအာနန်ကော်မရှင်ရဲ့
အစီရင်ခံစာမှာ အကြံပြုချက် ၈၈ ခုပါနေပြီးတော့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကော်မရှင်၏အစီရင်ခံစာနှင့်
ပတ်သက်၍ သုံးသပ်အကြံပြု ပြောကြားတဲ့အခါ ကော်မရှင်အနေနဲ့ နိုင်ငံတော်အစိုးရ၏သဘောထား၊
တပ်မတော်၏သဘောထား၊
ဒေသခံပြည်သူများ၏ သဘောထားများကို ခြုံငုံစဉ်းစားသုံးသပ်ဖို့လိုတယ်။
ဒေသခံရခိုင်တိုင်းရင်းသားတွေလက်ခံဖို့အရေးကြီးတယ်၊ ရခိုင်တိုင်းရင်းသားတွေ လက်မခံရင် ဖြေရှင်းဆောင်ရွက်ဖို့
ခက်ခဲမယ်၊
ဘက်လိုက်
ထည့်သွင်းရေးသားဖို့မဟုတ်ဘဲ မျှတမှုရှိရန်အကြံပေးခြင်းသာဖြစ်တယ်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း
နိုင်ငံတော်အတိုင်ပင်ခံရုံးက ကော်မရှင်၏ လက်တွေ့ကျပြီး၊
ရေရှည် အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ကြိုဆိုတယ်၊
ကော်မရှင်၏
အစီရင်ခံစာနှင့်အကြံပြုချက်တွေကို ပကတိ မြေပြင် အခြေအနေပေါ် မူတည်ြ့ပီး အပြည့်စုံဆုံးနှင့်
အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အလေးအနက်ထား စဉ်းစားရမည်ဖြစ်တယ်ဆိုတော့
အဲဒီလို တပ်မတော်နဲ့အစိုးရအကြား
အကွဲအလွဲတွေဖြစ်နေတာနဲ့ပတ်သက်ပြီးလည်း ဘာများ သုံးသပ်ချင်ပါသလဲဘုရား။
ဖြေ - ပြောရမယ်ဆိုရင်တော့
ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ၀ါကာအူဒင်တို့နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့သတင်းတွေက ထွက်ခဲ့ဖူးတယ်လေ။
အဲတော့ ကတိက၀တ်တွေ
မရှိဘူးလို့ မပြောနိုင်ဘူး။ တခြားအပေးအယူတွေလည်း
ရှိနိုင်တာပေါ့။ နောက် ကျေးဇူးကလည်း မကင်းနိုင်ဘူးလေ။
အဲဒီတော့
ဘောင်ထဲကနေ ဒီလမ်းကြောင်းကြီးကို ခင်ကျင်းပေးလာခဲ့ရတာပေါ့။ အဲတော့ သူခင်းကျင်းပေးတဲ့လမ်းကြောင်းကြီးက
ဒီနေရာမှာ ဘွားခနဲပေါ်လာတဲ့အခါမှာ
သူ့အနေနဲ့
ဝမ်းသာအားရ မျက်နှာလုပ်တဲ့သဘောလား။ ပြောရမယ်ဆိုရင် အချုပ်အခြာအာဏာဆိုတာ အသာထား ကျေးဇူးတရားကို
အဓိကကြည့်လိုက်တာပေါ့။
သူတို့ ဒီနေရာရောက်အောင်
တွန်းတင်ခဲ့တဲ့ ကျေးဇူးတရားတွေကိုကြည့်ပြီးတော့ ၀မ်းသာအားရ မျက်နှာလုပ်လိုက်သလားလို့တောင်
တွေးမိပါတယ်။
မေး - ဒီကိစ္စမှာ
တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ဘာများ ပြောစရာရှိမလဲဘုရား။
ဖြေ - တပ်မတော်မှာ
ဆောင်ပုဒ်တစ်ခုရှိတာပေါ့နော်။ "တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်"ဆိုတာကို
တွေ့ရတာပေါ့။
စစ်သားတွေ
စစ်အရာရှိတွေ သစ္စာဖောက်တာတွေ ရှိခဲ့တယ်၊ ဒါပေမယ့် တပ်မတော်တစ်ရပ်လုံးအနေနဲ့ အမျိုးသားရေးကို
ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး။
ဒီကနေ့အထိလည်း
တပ်မတော်ရဲ့ အမျိုးသားရေးရပ်တည်ချက်က ပြတ်သားနေတယ်၊
မှန်ကန်နေတယ်။ ဒီအတွက် ဦးဇင်းတို့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တာပေါ့နော်။
မေး - ရခိုင်ပြည်နယ်မှာ
အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာကို စိတ်မကောင်းဖွယ်မြင်တွေ့ရတယ်၊ ဖြေရှင်းဖို့ခက်ခဲနေခဲ့ရတဲ့ အခြေအနေကို မီးလောင်ရာ
လေပင့်သလို ပိုမိုဆိုးရွားလာစေဖို့ အပြင်ဖက်က စွက်ဖက်တဲ့ အဖျက်အမှောက်တွေ မြင်တွေ့နေရတယ်၊
ရခိုင်ပြည်နယ်အရေးကိစ္စ ပိုမိုဆိုးရွားသွားစေမယ့် မီးလောင်ရာ လေပင့်တာတွေကို ရှောင်ကြဉ်ပြီး
ပြဿနာဖြေရှင်းရေးကို အလေးထား အာရုံစိုက်ကြဖို့ အရေးကြီးတယ်ဆိုတော့ ဘာတွေက အလေးထားအာရုံစိုက်စရာတွေဖြစ်မလဲဘုရား။
ဖြေရှင်းတဲ့သူတွေက ဘာတွေကို အလေးထားအာရုံစိုက်ရမလဲဘုရား၊
ဖြေ - အဓိက
အလေးထားသင့်တဲ့အရာကို လွှတ်တော်ကလည်း အလေးမထားဘူးဖြစ်နေတယ်။ အစိုးရကလည်း အလေးမထားဘူးလေ။
အဲတော့ ပြည်သူတွေက
ဘာကိုအလေးထားရမှာလဲလို့ သူ့ကိုမေးရမှာ။ သူကိုယ်တိုင်ကိုက အချုပ်အခြာအာဏာကိုလည်း အလေးမထားဘူး၊
ပြည်သူတွေရဲ့
အသက်အိုးအိမ်စည်းစိမ်ကိုလည်း အလေးမထားဘူး၊ ဒီလိုဖြစ်ပေါ်လာတဲ့အခါကျတော့ အဲဒီလို ထုတ်ပြန်တယ်ဆိုတော့
ပြည်သူတွေက မေးမယ် ဘာကိုအလေးထားရမှာလဲလို့။ အဲတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို
ပြောလိုက်ပါ၊ ပြည်သူတွေက ဘာကိုအလေးထားရမှာလဲဆိုတာ အတိအကျ ထုတ်ပြန်ပေးပါလို့။
မေး - ဒီတစ်ကြိမ်မှာတော့
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားဆိုတဲ့ စကားလုံးကို နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကိုယ်တိုင်က
သုံးနှုန်းလာတာကိုတွေ့ရပါတယ်ဘုရား။
ဆိုတော့ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့
နယ်မြေသိမ်းတိုက်ပွဲကို ခုခံနိုင်ဖို့၊ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေ အင်အားချိနဲ့သွားဖို့
အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင်သင့်ပါသလဲဘုရား။ ရခိုင်ပြည်နယ်ကမဟုတ်တဲ့ အခြားဒေသက သူတွေက
ဘယ်လိုမျိုးတွေ ပူးပေါင်ဆောင်ရွက်သင့်ပါသလဲဘုရား။
၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊
အခန်း(၁၁)မှာ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ဆိုတာပါတယ်လေ။ အဲဒီမှာ ပုဒ်မ ၄၁၀ ရှိတယ်၊
၄၁၁၊ ၄၁၂ ဆိုတာရှိတယ်ပေါ့။
အဲဒါတွေနဲ့
ရခိုင်ပြည်နယ်ဟာ ကိုက်ရုံတင်မကဘူး စိုးရိမ်ရတဲ့ အခြေအနေထိကို ရောက်သွားတာပေါ့။ အဲတော့
အရေးပေါ်အခြေက မဖြစ်မနေ ပြကို ပြဋ္ဌာန်းရမှာ။
ဒါပေမယ့်
လွှတ်တော်က ပယ်ချလိုက်၊ အစိုးရက မျက်ကွယ်ပြုလိုက်နဲ့
ဒီကနေ့ ပြည်သူတွေ ဒီအခြေအနေထိကို ရောက်ရှိလာတာပေါ့။
အရေးပေါ်အခြေအနေ
အမြန်ဆုံးပြဋ္ဌာန်းပါ။ ဒါက အဓိက လိုအပ်ချက်ဖြစ်နေတယ်။ ပြီးတော့မှ ရေတို၊ ရေရှည်စီမံကိန်းတွေဆွဲပြီးတော့
စနစ်တကျ ကာကွယ်စောင့်ရှောက်ပါ။
ဒါဆိုလို့ရှိရင်တော့
ပြည်သူတွေ ကျီးလန့်စာစားရတဲ့ဘ၀မျိုး မကျရောက်တော့ဘူးပေါ့။
နောက် ဦးဇင်းတို့
ပြည်တွင်းပြည်ပမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး၊ နိုင်ငံသားတွေအားလုံးကို ပြောချင်တာက
ရခိုင်ပြည်နယ်ရဲ့ အနောက်တံခါးမှာစောင့်ရှောက်နေတဲ့ တိုင်းရင်းသူတိုင်းရင်းသားတွေဟာ
ရွာပေါင်း ၃၀ ကျော်ပဲ ရှိတော့တယ်ပေါ့။ အဲဒီရွာပေါင်း ၃၀ ကျော်က ပြည်သူတွေဟာ ဒီကနေ့
ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေ့ခွင့်မရတဲ့ အခြေအနေကို
ရောက်ရှိနေပြီပေါ့။ အဲဒီ ပြည်သူတွေကို စာနာတဲ့အနေနဲ့ ၀ိုင်းဝန်းထောက်ပံ့လှူဒါန်းပြီး
အားပေးနှစ်သိမ့်ကြပါလို့ ဦးဇင်းတိုက်တွန်းချင်ပါတယ်။
မေး - အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုက
ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့လို့ ကြေညာခဲ့တယ်ဆိုတော့
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလာနိုင်စရာ ရှိလား။
အရှင်ဘုရား
ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။
ဖြေ - အဲဒါကတော့
အစိုးရနဲ့ အစိုးရခေါင်းဆောင်ပေါ်မှာမူတည်နေတယ်။ ခေါင်းဆောင်က ဥပဒေအတိုင်းတကယ်လုပ်မယ်ဆိုရင်
တကယ်အရေးယူနိုင်တာပေါ့။
ဥပဒေကို ကိုယ်လိုအပ်မှ
သုံးမယ်ဆိုရင်တော့ သွေးအေးရင်ပျောက်သွားမှာပေါ့။
ပြောရမယ်ဆိုရင် သွေးအေးအောင်လည်း အမေ့ခံသွားမလားပဲ။
မေး - အကြမ်းဖက်တိုက်ခိုက်မှုတွေကို
ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ အသက်ပေးလှူသွားတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် အထိမ်းအမှတ်ပွဲတွေ
လှုပ်ရှားမှုတွေရော
အရှင်ဘုရားတို့ ဦးဆောင်ပြီး လုပ်သွားဖို့ရှိဦးမလားဘုရား။
ဖြေ - ရှိတယ်။
၂၉ ရက်နေ့လုပ်ဖို့ကို မနက်ဖြန် စာတင်ကြပါလိမ့်မယ်။
မေး - ဒီတစ်ပတ်တော့
ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ပဲ အရှင်ဘုရားအနေနဲ့ ဖြည့်စွက်ပြောကြားစရာများရှိရင် ပြောကြားပေးပါဦးဘုရား။
ဖြေ - ရခိုင်အရေးနဲ့
ပတ်သက်ပြီး ပြောချင်တာကတော့ နှစ်ချက်ပေါ့။ လက်တလောဖြစ်ပေါ်နေတဲ့ နေရပ်စွန့်ခွာပြည်သူတွေကို
ဝိုငးဝန်းထောက်ပံ့ပြီး အားပေးကြဖို့က တစ်ချက်ပေါ့။
ရခိုင်ပြည်နယ်
ကျဆုံးခြင်းဟာ ပြည်ထောင်စုကြီး ကျဆုံးခြင်းဖြစ်သွားနိုင်တယ်။ ရခိုင်အနောက်တံခါးကို လုံခြုံအောင် ဦးဇင်းတို့က ရေရှည်စီမံကိန်း၊ သုံးနှစ်စီမံကိန်း ချပြီးလုပ်ဆောင်ထားတာရှိတယ်။
အဲဒီစီမံကိန်းကြီးကို
ကိုယ်အား၊ ဥာဏ်အား၊ ငွေအားနဲ့ ၀ိုင်းဝန်းပြီး ပံ့ပိုးကြပါလို့ ဦးဇင်းပြောချင်ပါတယ်။
ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်
No comments:
Post a Comment