Tuesday, September 12, 2017

"ကြက်တူရွေးက တော်တော်ရယ်"



"ကြက်တူရွေးက တော်တော်ရယ်"
===================

ဒီမိုကရေစီခေတ်မှာ ခွင့်ပြုချက်ကျမှ လုပ်ရမှာမျိုးရှိသေးသလားဗျ။
ဒီနေရာမှာ ဒါလုပ်မယ် ဒီလူတွေပါမယ် ဒီလူတွေဦးဆောင်မယ် ဒီလောက်ဆိုရင် မရဘူးလားဗျ။ အစိုးရကခွင့်ပြုမှ အခန်းအနားတွေ လုပ်ခွင့်ရတော့မှာလားဗျ။
ဒါဆိုရင်တော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောသလို ဒီမိုကရေစီအပြည့်အဝ မရသေးဘူးလို့ ပြောရဦးမှာပေါ့နော်။
တကယ်တော့ အာဏာပိုင်တွေနှင့် မဘသဆရာတော်တွေ ကရင်ပြည်နယ်မှာ အဆင်ပြေပြီးသားပါ။
ဝီရသူကိုဖမ်းစေချင်တာနဲ့ မဘသဆရာတော်တွေနှင့် အာဏာပိုင်တွေကို မီဒီယာတွေက တိုက်ပေးနေကြတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းကို အထူးကျေးဇူးတင်ပါကြောင်း။
ဤသို့သောဝန်ကြီးများ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ အသီးသီးမှာ အပြည့်အဝလိုအပ်နေပါကြောင်း.........................။
ဝီရသူ(မစိုးရိမ်)
12.9.2017
PM 7:31
========================================================

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ပါဝင်တဲ့ဟောပြောပွဲ စီစဉ်သူတွေကို လောလောဆယ် တရားစွဲဆိုဖို့ အစီအစဉ်မရှိသေးဘူးလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
အဲဒီဟောပြောပွဲကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုတွေဆုံးဖြတ်ထားလဲဆိုတာကို ဝန်ကြီး ဦးမင်းတင်ဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
https://soundcloud.com/burmeserfa/b0912tmz

No comments:

Post a Comment