Friday, September 15, 2017

"BBCကို ချီးထက်ရွံတယ်"

"BBCကို ချီးထက်ရွံတယ်"
================
12.9.2017 ရက်နေ့ကပါ။
BBC သတင်းထောက်က သဟာယကျောင်းရှေ့ လမ်းမကြီးပေါ်မှ ဗီဒီယိုကင်မရာများနှင့်ချိန်ပြီး အသင့်စောင့်နေပါတယ်။
မနက် ၁၁း၀၀ နာရီထိုးချိန် စာရေးသူ ဆွမ်းစားကျောင်းသွားမည့်လမ်းမှာ စောင့်ပြီးရိုက်ကူးဖို့ အဆင်သင့်အနေအထား ပြင်ထားကြတာပါ။
အဲဒီနေ့က မိုးလေးတဖွဲဖွဲလည်း ကျနေပါတယ်။
စာရေးသူက အဗျူးမခံချင်တာနဲ့ သူတို့ကမ်းလှမ်းတာကို ပယ်ထားပြီးသားပါ။
သူတို့နဲ့ဗျူးရင်လည်း အရှိအတိုင်းလွှင့်မှာမဟုတ်၊ ပြည်သူနဲ့ရန်တိုက်ပေးလို့ရမည့်စကားလုံးဆိုရင် လွှင့်မယ်၊ အမှားပါတဲ့စကားလုံးဆိုရင်လွှင့်မယ် ဒါမျိုးတွေရိုးနေပြီဆိုတော့ BBC ကမ်းလှမ်းတာကို လက်မခံလိုက်ပါဘူး။
စာရေးသူက လက်မခံဘူးဆိုတော့ အဖွဲ့နှင့်ပဲဗျူးတော့မယ်ဖြစ်သွားပါတယ်။
အဖွဲ့အနေနှင့် လက်ခံတာကတော့ ကောင်းပါတယ်။
စာရေးသူကို ပစ်မှတ်ထားသလိုမျိုး မဖြစ်နိုင်တာမို့ အဖွဲ့အနေနှင့် လက်ခံလိုက်ကြပါတယ်။
အဖွဲ့ဆီပဲသွားဗျူးမယ်ထင်နေတာ၊ ဆွမ်းစားသွားရာ လမ်းမှာ စောင့်နေတာ မသိလိုက်ဘူး။
ကံကောင်းချင်တော့ ခါတိုင်းစားနေကြ ဆွမ်းစားကျောင်းမှာမဟုတ်ဘဲ အခမ်းအနားကျင်းပတဲ့ လေးထပ်ကျောင်းကြီးမှာ ဆွမ်းပွဲပြင်ထားတာ သူတို့မသိကြဘူး။
ဒါကြောင့် သူတို့က အနောက်ဘက်ကနေစောင့်နေချိန် စာရေးသူက အရှေ့ဘက်ကိုသွားပြီး ဆွမ်းစားတော့ သူတို့မျက်ခြေပျက်သွားပါတယ်။
ဆွမ်းစားပြီးနောက် ရေနွေးမြည်းလို့အပြီးမှာ သူတို့တတွေ လေးထပ်ကျောင်းကြီးပေါ်တက်လာတာ တွေ့ရပါတယ်။
သံဃာစင်ပေါ်မှာ စာရေးသူတို့ကိုမြင်တော့ ကင်မရာသမားက လာရိုက်ဖို့ပြင်ပါတယ်။
စာရေးသူလည်း အားလုံးပြီးစီးနေပြီမို့ ကင်မရာသမားကိုရှောင်ကာ ကျောင်းကိုပြန်ဖို့ ဆင်းလာပါတယ်။
ကင်မရာသမားက နောက်ကပြေးလိုက်လာပြီး စာရေးသူကို ကင်မရာကြီးနှင့်ချိန်ပါတယ်။
စာရေးသူက သင်္ကန်းကို ခေါင်းပေါ်တင်ပြီးကွယ်လိုက်ပါတယ်။
အဲဒါကိုပဲ ရှေ့တည့်တည့်ကလာရိုက်လို့ သင်္ကန်းကိုခေါင်းမြီးခြုံပြီး မျက်နှာကိုဖုံးပြစ်လိုက်ပါတယ်။
လှေခါးထစ်နားရောက်တဲ့အခါ သတင်းထောက်က BBC ကဖြစ်တဲ့အကြောင်း လာမိတ်ဆက်ပါတယ်။
နောက်လှည့်မကြည့်လိုက်ပါဘူး။
ထီးယူပြီးထီးနှင့်ကွယ်ပြီး အောက်ဆင်းလာခဲ့ပါတယ်။
သူတို့တတွေ စာရေးသူထီးနှင့်ဆင်းသွားတာကို ဆက်ရိုက်နေတယ်လို့ သိရပါတယ်။
အောက်ထိတော့ ပါမလာတော့ပါဘူး။
ဒီသတင်းထောက်က ဟိုအရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော သတင်းထောက်ပါ။
အခြားသတင်းထောက်တွေကို ဗျူးခွင့်မပေးဘဲ BBC တစ်ခုတည်းကိုပဲဗျူးခွင့်ပေးလို့ အသံတွေထွက်လာ ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတောင် သူ့ကိုဗျူးခွင့်ပေးပြီး စာရေးသူက သူ့ကိုဗျူးခွင့်မပေးရကောင်းလားဆိုပြီး မရ ရအောင် သတင်းယူတဲ့သူပါ။
ဒီကနေ့တွေ့ရတဲ့ သူတို့ရဲ့အပြုအမူရာ အတော်ရိုင်းစိုင်းပါတယ်။
ကိုယ့်ဘက်က ကင်မရာကိုပုတ်ချတာတို့၊ အော်ဟစ်ငေါက်ငန်းတာတို့လုပ်လိုက်ရင် သူတို့အကွက်ဝင်သွား မှာလည်း စိုးရပါတယ်။
အမှားတစ်ခု ကျူးလွန်သလိုဖြစ်သွားမှာလည်း စိုးရပါတယ်။
ဧည့်သည်ရိုင်းတာကိုမြင်ကြမှာမဟုတ်ဘူး၊ အိမ်ရှင် အော်ဟစ်တာကိုပဲ မြင်ကြမှာမို့ သည်းခံခဲ့တာပါ။
ချက်ချင်း သတင်းမတင်ဖြစ်တာလဲ သူတို့ဌာနကို အားနာလို့ပါ။
အခုတော့ BBC က စာရေးသူ သင်္ကန်းခြုံတဲ့ပုံ မျက်နှာအုပ်ထားတဲ့ပုံတွေကို ခွင့်ပြုချက်မတောင်းပဲ လွှင့်နေပါပြီ။ ဒါဟာ တိုက်ခိုက်မှုတစ်ခုပါ။ BBC ဘာကြောင့် ဝီရသူကိုမုန်းနေသလဲဆိုတာ သိပါတယ်။ ဝီရသူမရှိတော့ရင်လည်း သူတို့စားပေါက်ချောင်တော့မှာမဟုတ်ပါဘူး။
BBCကိုလက်မခံတာကတော့ ရွံလို့ပါ။BBCကို ချီးထက်ရွံပါတယ်။
BBC လိုပဲ ချီးထက်ရွံရတဲ့ တစ်ခြားမီဒီယာတွေလည်းရှိပါတယ်။
ရခိုင်အရေး BBC တင်တဲ့သတင်းကိုသာ ဖတ်ကြည့်ပေတော့။
ကုလားပေးစာကမ်းစာတွေနှင့်ရပ်တည်နေပြီး တစ်ဖက်သတ် ထုတ်လွှင့်ချက်တွေနှင့် ကမ္ဘာ့ပြည်သူတွေကို မျက်စိတစ်ဖက်ကန်းအောင်လုပ်နေလို့ ချီးထက်ရွံတာပါ။
ဝီရသူ(မစိုးရိမ်)
15.9.2017
PM 9:46





















No comments:

Post a Comment