"ကြည်ညိုစရာ
အစိုးရကြီး(၂)"
================
ခုတလော
အစိုးရကို အကြည်ညိုပျက်အောင် လုပ်တဲ့သူတွေများပြားလာလို့ NLD အစိုးရရဲ့ ကြည်ညိုဖွယ်ရာ
ဂုဏ်ပုဒ်တွေထဲက အသေးအဖွဲလောက်သာရှိတဲ့ ကြည်ညိုဖွယ်ဂုဏ်ပုဒ်လေးတစ်ခုကို ရုပ်/သံ မှတ်တမ်းများနှင့်
အတူ ကာယကံရှင် အမျိုးသမီးတစ်ဦးရဲ့ အတွေ့အကြုံလေးကိုပါ ပူးတွဲတင်ပြလိုက်ပါတယ်။
ဆေးရုံကြီးမှာ
သွားရောက်ကုသမှုခံယူထားပြီး တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတဲ့အပြင် ဆိုင်ကယ်မတော်တဆ မှုမှ
ရလာတဲ့ အရင်ဒဏ်ရာဟောင်း ပြန်ပေါ်လာလို့ အိပ်ယာထဲလှဲနေရသူပါ။
ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်
သူမ တွေ့ကြုံခဲ့ရတာလေးတွေကို အခန်း(၂)အဖြစ် ထပ်မံတင်ပြ လိုက်ပါတယ်။
တကယ်လို့များ
ဒီအမျိုးသမီးသာ
နိုင်ငံရေးအသိုင်းအဝိုင်းထဲက ဖြစ်ခဲ့ရင်
ဒီအစိုးရနေရာမှာ
အရင်အစိုးရသာဖြစ်ခဲ့ရင် မြန်မာ့သတင်း ကမ္ဘာ့သတင်းတွေထဲမှာ ဒီအမျိုးသမီးဟာ ချက်ချင်းလက်ငင်း
ဟီးရိုးဖြစ်သွားပြီး ဘွဲ့တံဆိပ်တွေ ဆုငွေတွေ သဲ့ယူလို့ရလောက်ပြီပေါ့ဗျာ။
အခုတော့
အခြေအနေတွေက ပြောင်းပြန်ကြီးဖြစ်နေလို့ ခွေးတစ်ကောင် ကြောင်တစ်မှီးမှ ဂရုစိုက်ရေးသားမှု
မရရှိနိုင်တော့တာကြောင့် FB လောက်နဲ့ပဲ ကျေနပ်နေရမှာပေါ့နော်။
ကျေးဇူးတင်စကားတွေတောင်
စာထုတ်ရေးသားခဲ့ပြီး သံဃာတွေကို လက်သီးနဲ့ထိုးတာတွေ၊ ကျင်စက်နဲ့တို့တာတွေ၊ မိန်းမသားတစ်ဦးကို
အမဲဖြတ်တာတွေကို သိတော့သိပုံရပါတယ်။ မသိချင်ယောင်ဆောင်နေလည်း ဖြစ်တာပါပဲ။
ဒီမိုကရေစီသဘောတရားအရ
ဥပဒေနှင့်အညီ သပိတ်စခန်းကြီးကို အကြမ်းဖက် ဖြိုခွင်းရာမှာ ပါဝင်ကူညီတဲ့ ဗော်လံတီယာ
လူဆိုးကြီးများကို ကျေးဇူးတင်နေပုံရပါတယ်။
နောက်ဆိုရင်
ဗော်လံတီယာ မုဒိမ်းသမား၊ ဗော်လံတီယာလူသတ်သမား၊ ဗော်လံတီယာ အကြမ်းဖက်သမားတွေ အစိုးရလက်ပါးစေအဖြစ်
ဆက်လက်ပေါ်ပေါက်နေဦးမှာပါ။
ဝီရသူ(မစိုးရိမ်)
9.8.2017
PM
00:46
No comments:
Post a Comment