"ပြည်သူတွေ
ရန်သူ မိတ်ဆွေ မကွဲသေးဘူးလား"
===========================
မနေ့ညက ဘင်္ဂလီတွေ
စနစ်တကျဗျူဟာခင်းပြီး ဘူးသီးတောင် မောင်တောကို တပြိုင်နက်တည်း ဝင်စီးကြပါတယ်။
ပြည်သူတွေကို
ရှေ့ဆုံးကနေ ချီတက်ခိုင်းပြီး တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားတဲ့ အနက်ရောက်မျက်နှာဖုံးစွပ်သမားတွေက
နောက်ကနေ သေနတ်ကိုင် ချီတက်ကြတာပါ။
အရင်ဦးဆုံး
ရဲကင်းတွေကို လက်ပစ်ဗုံးများဖြင့် ဖြိုခွင်းပြီးမှ ပစ်ခတ်ကြတာပါ။
ရဲကင်းတွေနဲ့
အနီးဆုံးဘင်္ဂလီအိမ်တွေပေါ်တက်ပြီး ပစ်ခတ်ကြတာဖြစ်ပါတယ်။
ပါကစ္စတန်အောင်ပွဲ၊
ပါကစ္စတန်လွတ်လပ်ရေး၊ ပါကစ္စတန်အောင်ရမည် အဓိပ္ပါယ်သက်ရောက်တဲ့ ကြွေးကြော်သံတွေ ဘင်္ဂလီလိုအော်ဟစ်ပြီး
ချီတက်တိုက်ခိုက်ကြတာပါ။
ဘူးသီးတောင်
မောင်တော နှစ်မြို့နယ်လုံးမှ ရဲကင်းမှန်သမျှတွေကို
တပြိုင်နက်တည်း ဝင်စီးကြတာဖြစ်ပါတယ်။
အားလုံးဝင်မစီးခင် ည ၁၂း၀၀ နာရီကျော်မှာ ဗလီများမှ ဘင်္ဂလီလိုထအော်ပြီး
အချက်ပြပါတယ်။
ရဲကင်းတွေရှိတဲ့ ဘင်္ဂလီရွာတွေမှာ ရွာသူရွာသားတွေ တိတ်တဆိတ်
ကြိုတင်ရှောင်တိမ်းသွားကြပါတယ်။
လူမရှိတဲ့အိမ်တွေပေါ်တက်ပြီး ရဲကင်းတွေကို ပစ်ခတ်တိုက်ခိုက်တာပါ။
ဘူးသီးတောင်မြို့မှ တပ်ရင်း ၅၅၂ ကိုပါ ဝင်စီးကြပါသေးတယ်။
မောင်တောမြို့သူမြို့သားတွေကတော့ တစ်ညလုံး ကမ္ဘာပျက်သလို ခံစားနေကြရပြီး
လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ကောင်းကောင်းကြီး မေတ္တာပို့သနေကြပါတယ်။
အထူးသဖြင့် ဒေါ်ခင်စောဝေအဆိုကိုကန့်ကွက်သူ ၂၃၂ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးဆိုသူကို
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ရခိုင်ပြည်ကြီးကို ဘင်္ဂလီလက်ထဲ အပ်နှံနိုင်ပါစေကြောင်း
ဆုတောင်မေတ္တာပို့သနေကြတာပါ။
ဘင်္ဂလီခေါင်းဆောင်တွေရယ်၊ အာနန်ကော်မရှင်ရယ်၊ ကုလသမဂ္ဂရယ်၊
OIC ရယ် ပူးပေါင်းပြီး အချိတ်အဆက်မိမိ ကစားပြသွားတာပါပဲ။
အာနန်ကော်မရှင်က အပြီးသတ်အစီရင်ခံစာတွေတင်တယ်၊
အစီရင်ခံစာထဲမှာ ဘင်္ဂလီတွေအတွက် တရားဝင်တောင်းဆိုထားတယ်၊
အတိုင်ပင်ခံရုံးက ချက်ချင်းဆောင်ရွက်ပေးမယ်လို့ စာကြိုတင်ရေးထားပြီး
ချက်ချင်းထုတ်ပြန်ပေးခဲ့တယ်။
နာရီပိုင်းအတွင်းမှာပဲ ဘင်္ဂလီတွေက ဘူးသီးတောင် မောင်တော နှစ်မြို့လုံးကို
မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတယ်။
ဒါကိုကြည့်ရင် အာနန်ကော်မရှင် တောင်းဆိုထားတာမပေးက ရခိုင်ပြည်ကြီးပြာကျသွားစေရမယ်ဆိုတဲ့
အဓိပ္ပါယ်ပေါ်လွင်ပါတယ်။
ဒါကိုကြည့်ရင် ဘင်္ဂလီတွေရယ် အာနန်ကော်မရှင်ရယ် ကုလသမဂ္ဂရယ်
OIC ရယ်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ၂၃၂ဦးသော လွှတ်တော်ကိုယ်စားလှယ်တွေပါ
တကြိတ်တည်းတစ်ဉာဏ်တည်း ဖြစ်နေတယ်ဆိုတာ တွေ့ရမှာပါ။
ပြည်သူတွေ အခုအချိန်ထိ ဝေဝါးနေတုန်းပဲလား?
ခင်ဗျားတို့တင်မြှောက်ထားတဲ့အစိုးရက ပြည်သူ့အကျိုးလိုလားတဲ့အစိုးရဟုတ်ရဲ့လား?
ခင်ဗျားတို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေကရော ပြည်သူ့အကျိုးကိုလိုလားတဲ့ကိုယ်စားလှယ်တွေ
ဟုတ်ရဲ့လား?
အသိတရား သတိတရားများပေါင်းစပ်ပြီး ဆင်ခြင်ကြည့်ကြပါတော့။
ဝီရသူကတော့ မောင်တောအရေးနှင့်ပတ်သက်ပြီး တစ်ဆင့်တက် တောင်းဆိုပါတော့မယ်။
(အခင်းဖြစ်ပွားပုံများနှင့် အကျအဆုံးများ တိုက်ပွဲမပြီးသေး
အတည်မပြုနိုင်သေးတာကြောင့် ချန်ထားခဲ့ပါသည်။)
ဝီရသူ(မစိုးရိမ်)
25.8.2017
8:45 AM






No comments:
Post a Comment