"အမျိုးသားရေးကို
ဖိနှိပ်လာတဲ့အခါမှာလည်း ဥပဒေဘောင်ထဲကပဲ ဖိနှိပ်မှုကို တွန်းလှန်ကြပါ(၂)"
===================================================
(ဆရာတော်ဦးဝီရသူနှင့်
အမျိုးသားနိုင်ငံရေးရှုမြင်ချက်)
မေး - အရှင်ဘုရား
မန္တလေးသပိတ်စခန်းက အစိုးရဖက်က တရားစွဲဆိုတဲ့အထဲမှာ သပိတ်နဲ့ မသက်ဆိုင်တဲ့သူတွေလည်းပါ
နေတယ်လို့ သတင်းတွေအရ သိရပါတယ်ဘုရား။ အဲဒီအပေါ်မှာရော ဘာပြော ချင်ပါသလဲဘုရား။
ဖြေ - အဲဒီမှာ
၅ ဦးဝရမ်းအထုတ်ခံရတယ်။ အဲဒီအထဲမှာ ဆိုကြပါစို့၊ ဦးမြင့်ဦးကတော့ မိုက်ကြီးကိုင်ပြီး
မေးတာဖြေတာတွေလုပ်တာတွေ့လိုက်တယ်ပေါ့နော်၊ ဦးခင်မောင်ကြည်ဆိုတာ ဘယ်သူမှန်းမသိဘူး။
ဘယ်လိုပါဝင်ပတ်သက်မှန်းလည်း ဦးဇင်းတို့မသိဘူး။
ချောစုဝင်းဆိုတာလည်း တကယ်တမ်းကျတော့ သူတို့ ခေါင်းစဉ် တပ်ပြီးတိုင်ထားတဲ့ သပိတ်ခေါင်းဆောင်ဆိုတဲ့
စာရင်းထဲမှာမပါဘူး။ ပြောရမယ်ဆိုရင် တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ ဝန်းရံတဲ့အဆင့်ပဲရှိတယ်။
ဟိုနှစ်ယောက်ကျတော့ ဝင်ရောက် ဝန်းရံတဲ့အဆင့်မှာကို
မရှိတာ။ ကိုကျော်မျိုးရွှေသည် ၁။ ခေါင်းဆောင်ထဲမှာမပါ ၂။ ဗီနိုင်းမကိုင် ၃။ သံချပ်မထိုး
၎။ ကြွေး ကြောက်သံလိုက်မဆို။ အဲဒီအချက်တွေ လုံးဝ မရှိခဲ့ဘူး။ ဒါပေမယ့် သူနဲ့သိတဲ့ ဦးဇင်းတွေကို
သွားပြီးတော့ နုတ်ဆက်တယ်၊ စကားပြောတယ်။ အဲဒီပုံကလေး ကိုကြည့်ပြီးတော့ပဲ ခေါင်းဆောင်ဆိုတဲ့ ခေါင်းစဉ်တပ်လိုက်တာ။ အဲဒါကတော့ မြို့ နယ်အုပ်ချုပ်ရေးမှူး
ဦးစည်သူအောင်က တိုင်တာပေါ့နော်။ ဘာကိုကြည့်ပြီးတော့ ခေါင်းဆောင် ခေါင်းစဉ်တပ်ပြီး
တိုင်လိုက်သလဲ၊ အဲဒါ စဉ်းစားစရာတစ်ခုပေါ့နော်။
နောက်တစ်ခုက တင်ဇော်ကို(ခ)ဂျေကြီးတဲ့။ အဲဒါ
လူငယ်လေးပါ။ အသက် ၃ဝ တောင်မပြည့်သေးဘူး။ ဦးဇင်းထောင်ကထွက်လာကတည်းကိုက တရားပွဲတွေမှာ
တိပ်ခွေ၊ စာအုပ်တွေ လိုက်ရောင်းပေးတယ်၊ တရားပွဲ ဝေယျာဝစ္စအကုန် လုပ်ပေးတယ်။ နောက် ကျောင်းမှာလည်း
သံဃာဝေယျာဝစ္စ အမြဲတမ်းလာလုပ်ပေးတယ်။
နောက် ဒီကောင်လေး အလုပ်လုပ်တာလည်း လျှပ်စစ်ဝါယာထိန်းလုပ်ငန်း
လုပ်တာပေါ့။ ဝါယာထိန်းအလုပ်သမားလေးပေါ့။ ဒီဦးဇင်းတွေနဲ့
အကုန်ခင်တယ်။ ဒီဦးဇင်းတွေကခေါ်တယ်၊ သူက သွားပြီးတော့ မီးဆင်ပေးတယ်။ သူသည် မီးဆင်ပေးတဲ့
အလုပ်သမားတစ်ယောက်သာဖြစ်တယ်။ ဒါပေမယ့် သူသည်သပိတ်ခေါင်းဆောင်လို့ ခေါင်းစဉ်တပ်ပြီး
အတိုင်ခံထားရတယ်။
အဲတော့ သူရဲ့လှုပ်ရှားမှုက နှစ်ချက်ရှိတယ်။
တစ်အချက် "ဝီရသူချစ်သူများလှုပ်ရှားမှု"အတွက် ပွဲမိန့်ကို သူ့လက်မှတ်ထိုးပြီးတင်တယ်။
သာဝန်ရှုတ်ချပွဲအတွက် ပွဲမိန့်ကိုလည်း သူ့လက်မှတ်နဲ့ပဲတင်တယ်။ အဲတော့ ရဲစခန်းမှာ သူသည်
ဝီရသူ တ ပည့်ဆိုပြီးတော့ စာရင်းပေါက်တယ်။ ဝီရ သူရဲ့ တပည့်စာရင်းပေါက်လို့ အတိုင်ခံရတဲ့သဘောမျိုး
သက်ရောက်တာပေါ့နော်။ သပိတ်ခေါင်းဆောင်တယ်၊
မဆောင်တယ်ဆိုတာထက် ဝီရသူရဲ့တပည့်ဖြစ်လို့ အတိုင်ခံရတဲ့သဘောပေါ့။
မေး - သပိတ်စခန်းနဲ့ပဲ
ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကျေးဇူးတင် လွှာတစ်စောင်ထုတ်ပြန်ခဲ့တယ်ပေါ့ဘုရား။
အဲဒီထဲမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးပျက်ပြားစေဖို့ မျိုးချစ်အမည်ခံအဖွဲ့တွေက
ထိုင်သပိတ်ဖွင့်တယ်၊ ပြည်သူတွေက မထောက်ခံ မပူးပေါင်းကြတာ၊ တာဝန်သိသိနဲ့ ရပ်တည်ကြတာ
ကျေးဇူးတင်လို့ ပါပါတယ်ဘုရား အဲဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ - အဲဒါနဲ့ပတ်သက်ပြီး
ပြောချင်တာ နှစ်ချက်ရှိပါတယ်။
သာဝန်ရှုတ်ချပွဲ ဘယ်လောက်ပဲ ကြီးကြီးမားမားလုပ်လုပ်
နိုင်ငံတော်အတိုင်ပင်ခံရုံးက မသိဘူး အောက်မေ့ထားတာပေါ့။ ပြည်သူတွေ ဘယ်လောက်အော်အော်
နိုင်ငံတော်အတိုင်ပင်ခံရုံးက လုံးဝမသိဘူးလို့ ထင်ထားတာပေါ့။ ကြေညာချက်ထွက်လာတာကို ကြည့်ခြင်းအားဖြင့်
သူသည် အရာအားလုံးသိနေတယ်၊ အရာအားလုံးကို ကြားနေတယ်။ ဒါပေမယ့် မသိချင်ယောင် ဆောင်နေတယ်၊
မမြင်ချင်ယောင်ဆောင်နေတယ်၊ မကြားချင်ယောင်ဆောင်နေတယ်ဆိုတာကတော့ တစ်ချက်ပေါ်လွင်သွားတယ်လေ။
နှစ်အချက်ကတော့ ဒါတွေကို ကျေးဇူးတင်စကားပြောတယ်ဆိုတာကတော့
သူတို့ပြောတဲ့ တည်ငြိမ်အေးချမ်းရေးပဲဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်
ခေါင်းစဉ်နဲ့လိုက်ဖက်တယ်ပဲ ဆိုကြပါစို့။ ဟုတ်ပြီ၊ အဲဒါတွေကို ကူညီတဲ့ပြည်သူတွေကို ကျေးဇူးတင်ထိုက်သလို
ရေးဘေးတွေကို လိုက်ကယ်နေတဲ့ တာဝန်သိ ပရဟိတအဖွဲ့တွေကိုကော ကျေးဇူးတင်ဖို့ မကောင်းဘူးလား၊
နောက်တစ်ခါ တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားနေ ချိန်မှာ နှာခေါင်းစည်းတွေလိုက်ဝေနေတဲ့
တာဝန်သိပြည်သူတွေကိုရော ကျေးဇူးတင်ဖို့မကောင်းဘူးလား၊ အဲဒါအပြင် အသတ်ခံရတဲ့ ကိုင်းကြီးရွာက
ပြည်သူတွေရဲ့မိသားစု၊ ကိုင်းကြီးရွာသူရွာသားတွေ ရခိုင်ပြည်သူတွေကိုရော စာနာကြောင်း၊
ဝမ်းနည်းကြောင်း၊ တာဝန်ယူကြောင်း၊ အားပေးစကားလေးတွေကော နိုင်ငံတော်အတိုင်ပင်ခံရုံးက
မပြောသင့်ဘူးလား။ အဲဒီ လိုမျိုး အတွေးဝင်မိတာပေါ့နော်။
ပြောစရာတစ်ခုထပ်ပေါ်လာတာက မျိုးချစ်အမည်ခံဆိုတဲ့စကားလုံးက သံဃာတွေကိုစော်ကားရာ
ရောက်တယ်။
မီဒီယာတွေကလည်း မျိုးချစ်အမည်ခံတို့ မျိုးချစ်ဆိုသူတို့
ရေးနေတာတွေ တွေ့ရတယ်။
သူတို့ဝေါဟာရနဲ့ သူတို့ကိုပြန်ရေးမယ်။ အတိုင်ပင်ခံဆိုသူ၊
သတင်းသမားဆိုသူ၊ မီဒီယာအမည်ခံ အဲဒီလိုရေးရင် သူတို့ကြိုက်မလား?။
နိုင်ငံအကြီးအကဲဆိုရင်လည်း နိုင်ငံအကြီးအကဲတစ်ယောက်ရဲ့ဂုဏ်သိက္ခာ၊
အကြီးအကဲကျင့်ဝတ်၊ စာနယ်ဇင်းသမားဆိုရင်လည်း စတုတ္ထမဏ္ဍိုင်ရဲ့ ဂုဏ်သိက္ခာ၊ စာနယ်ဇင်းကျင့်ဝတ်
ဒါတွေကို လေးစားဖို့ လိုတာပေါ့နော်။ လိုင်းပေါ်မှာ သာမန်အရပ်သားတွေ ရေးသလိုမျိုး ရေးတာကျတော့
အကြီးအကဲမပီသရာ ရောက်တယ်။ မဏ္ဍိုင်မပီသရာရောက်တယ်။
မေး - ဒေါ်အောင်ဆန်းစုကြည်က
အမျိုးသားရင်ကြားစေ့ရေးလို့ အမြဲပြောလေ့ပြောထရှိတော့ ဒီလိုကြေညာချက် ထုတ်လိုက်တဲ့အတွက်
သူတို့ပြောတဲ့ မျိုးချစ်ဆိုတဲ့အဖွဲ့တွေနဲ့ကော ရင်ကြားစေ့ရေးက အလှမ်းဝေးမသွားနိုင်ဘူးလား။
ဖြေ - ပြောမယ်ဆိုရင်တော့
သူတို့ရင်ကြားစေ့ရေးဆိုတာက သူတို့အထက် ကလူတွေကိုပဲ ကမ်းလှမ်းတာပါ။ ဥပမာပြောရရင် လက်နက်ရှိတဲ့သူတွေပေါ့။
အောက်ကလူတွေကိုတော့ ဖုတ်လေတဲ့ငပိထဲ သွင်းထားတာပေါ့။ အဲဒီတော့ ရင်ကြားစေ့စာရင်းထဲ မပါဘူး။
ဒါကြောင့်မို့
တို့ကလည်း မမှုပါဘူး။
မေး - ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့
မေးချင်ပါတယ်ဘုရား။ ရခိုင်ပြည်နယ်က လွှတ်တော်အမတ်တွေ ကာကွယ် ရေးဦးစီးချုပ်နဲ့တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီးကော
ဘာများသုံးသပ်ချင်ပါသလဲဘုရား။
ဖြေ - ဗဟိုအစိုးရ
ရှိတယ်လို့ကိုမထင်ကြတော့ဘူး။
ရခိုင်အရေးနဲ့ပတ်သက်ပြီး
သတင်းထုတ်ပြန်နေတာကလွဲလို့ တာဝန်ယူမှု၊ တာဝန်ခံမှုက အားရစရာ လုံးဝကို မရှိတဲ့ အတွက်ကြောင့်မို့
ဗဟိုအစိုးရကို ရခိုင်ပြည်သူတွေက လုံးဝအသိအမှတ်မပြုတော့ဘူးဆိုတဲ့ သ ဘောမျိုးလားလို့
တွေးမိတယ်။ ဒါကြောင့်မို့ ရခိုင်ပြည်သူတွေက ကာချုပ်ကြီးကို တိုက်ရိုက် အကူအညီ တောင်းပြီးတော့ အပ်နှံတဲ့အဆင့်အထိ
ရောက်သွားပြီလို့ ဦးဇင်းကတော့ မြင်တယ်။ ပြောရရင် အစိုးရကို အားကိုးလို့ရမတော့မှန်းသိသွားကြလို့
တပ်မတော်ကိုပဲ အားကိုးလာကြတဲ့သဘောလို့မြင်ပါတယ်။
မေး - နောက်ဆုံးအနေနဲ့
အမျိုးသားရေးသမားတွေအတွက် သြဝါဒစကားလေးမိန့်ပေးပါဦးဘုရား။
ဖြေ
- သြဝါဒစကားကတော့ အမျိုးသားရေးသမားတွေ သတိကြီးကြီးထားရမယ့်အချိန်ရောက်နေပါပြီ။
၆၆ ဃ နဲ့မငြိအောင် ဘယ်လိုရေးရမယ်ဆိုတာကို ဥပဒေကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးကြပါ။ ပြီးတော့
အမျိုးသားရေးကို ဖိနှိပ်လာတဲ့အခါမှာလည်း ဥပဒေဘောင်ထဲကနေပဲ ဖိနှိပ်မှုကို တွန်းလှန်ကြပါလို့
ပြောချင်ပါတယ်။
ငြိမ်းချမ်းသာ
တွေ့ဆုံမေးမြန်းသည်

No comments:
Post a Comment