"လောကအလင်း
ဂိုက်တန်းဖွင့်လှစ်တဲ့ည"
========================
31.7.2017
ည ၇း၀၀ နာရီမှာ လောကအလင်းကိုရောက်ရှိခဲ့ပါတယ်။
မိဘပြည်သူများ
တာဝန်ကျကျောင်းကော်မတီဝင်များ၊ လုပ်အားပေး ဆရာ ဆရာမလေးများ ကျောင်းသူကျောင်း သားများ
စုံစုံလင်လင်ပါပဲ။
ဆရာတော်ဦးဝေပုလ္လ(Eng)
ရောက်မလာခင် သြဝါဒပေးပါတယ်။
စာအုပ်နှင့်
စာကို ရိုသေဖို့ လေးစားဖို့ တန်ဖိုးထားဖို့ အဓိကသြဝါပေးခဲ့တာပါ။
စာအုပ်နှင့်
စာကို ရိုသေမြတ်နိုး တန်ဖိုးထားတဲ့အတွက်ကြောင့် အမေရိကန်အိမ်ဖော် နီဂရိုးမကြီးရဲ့ သား
ကာဆင်နှင့် ရာဇင်တို့ ဒေါက်တာဘွဲ့တွေရရှိပြီး ထင်ရှားကြော်ကြားခဲ့တဲ့အကြောင်းတွေ နည်းယူအားကျလို့
ရအောင် မိန့်ကြားခဲ့ပါတယ်။
လောကအလင်းမှာ
ကျောင်းသူကျောင်းသား ၁၇၀ ကျော်ရှိပေမဲ့ ညဂိုက်တန်း ၁၂၅ဦး တက်ရောက်ပါတယ်။
အကြိုအပို့မလုပ်နိုင်တဲ့
ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းကော်မတီဝင်များက ကူညီစောင့်ရှောက်နိုင်ဖို့ တစ်ညလျှင်
အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ အလှည့်ကျ စောင့်ရှောက်ပေးနေကြပါတယ်။
လောကအလင်းပညာဒါနကျူရှင်ကျောင်းက
မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် မမ-၁၃ ယုဇနလမ်းနှင့် ၅၃လမ်းထောင့်မှာ
တည်ရှိပါတယ်။
စာရေးသူတည်ထောင်ထားတာ ၅ နှစ်ကျော်ခဲ့ပါပြီ။
ဆင်းရဲသူ
ဆင်းရဲသားလေးများ သူဌေးသားသမီးများနှင့်တန်းတူ ပညာဆည်းပူးခွင့်ရအောင် ပရဟိတအားသန်တဲ့
ဘော်ဒါဖွင့်လှစ်ထားသော ဆရာ ဆရာမများနှင့် ပူးပေါင်းပါရမီဖြည့်ဆည်းနေတာပါ။






























No comments:
Post a Comment