“ပျားရည်တစ်စက်ကြောင့်
ပြည်ပျက်မည့်ကိန်း”
============================
ရှင်ဘုရင်ပွဲတော်တည်အပြီး
ပျားရည်တစ်စက် မင်းဥယျာဉ်ထဲ ကျကျန်ရစ်ခဲ့။
၎င်းပျားရည်ကို
အိမ်မြှောင်က လျက်။
အိမ်မြှောင်ကို
ကြွက်ခုတ်။
ကြွက်ကို
ကြောင်ကခုတ်။
ကြောင်ကို
ခွေးကကိုက်။
ခွေးကို လူကရိုက်။
လူကို လူတွေကပြန်ရိုက်။
ကြောင်ရှင်မင်းသားနှင့်
ခွေးရှင်မင်းသားတို့ ရန်ဖြစ်ရာမှ ပဋိပက္ခကြီးထွားသွားသည်။
နောက်ဆုံးတော့
တိုင်းပြည်ပါပျက်သွားပါလေရော။
အခုလည်း သာဝန်က
အဂတိလိုက်။
သာဝန်ကို
ပြည်သူကရှုတ်ချ။
အစိုးရက သာဝန်ဘက်ရပ်တည်။
အခုတော့ အစိုးရကိုပါ
ကန့်ကွက်ရှုတ်ချလာကြပြီ။
အင်း…
ပျားရည်တစ်စက်နှင့်
ပြည်ပျက်တော့လေမလား…။
တုပ်ကွေး၊
ရေဘေး၊ ဖြုတ်ချရေးတွေနဲ့ ဘယ်လိုများ နှစ်ပါးသွားကြမလဲ မသိပေ။
ဝီရသူ (မစိုးရိမ်)
2.8.2017
PM- 7:45
No comments:
Post a Comment