"အနောက်တံခါးလုံခြုံရေးခရီးစဉ်(၈)"
===================
ဇူလိုင်လ
၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းရှိ ဗောဓိကုန်းရွာကို ရောက်ရှိခဲ့ပါတယ်။
ဗောဓိကုန်းရွာဘုန်းကြီးကျောင်းမှာ
ရွာသူ ရွာသားများနှင့်အတူ ကံသာယာအထက်၊ ကံသာယာအလယ်မှ ရွာကိုယ်စားလှယ်များလည်း ရောက်ရှိနေပါတယ်။
ဗောဓိကုန်းရွာမှာ
အိမ်ခြေ ၃၈ အိမ်ရှိပါတယ်။
နာမည်ကျော်
ဒုချီးယားတန်းကျေးရွာအုပ်စုပါ။
၎င်းအုပ်စုမှာ
ဒုချီးယားတန်း ဘင်္ဂလီရွာကြီးနှင့် ခရေမြိုင်၊ ကင်းချောင်း၊ ကံသာယာအလယ်၊ ကံသာယာအထက် ဗောဓိကုန်းရယ်လို့
တိုင်းရင်းသားရွာလေးတွေလည်းပါပါတယ်။
၂၀၁၂
ခုနှစ်က ဗောဓိကုန်းရွာလေး ရွာလုံးကျွတ်မီးရှို့ခံလိုက်ရပါတယ်။
အိမ်သာတောင်
မကျန်အောင် ရှို့သွားတာပါ။
တောင်ပေါ်တက်ပြေးသူကပြေး၊
လေးမိုင်ရွာစစ်တပ်ထဲခိုလှုံသူက ခိုနှင့် လူတွေအားလုံးလွတ်မြောက်ကြ သော်လည်း ပစ္စည်းတွေလုယက်ခံရပြီး
အိမ်တွေမီးရှို့ခံရတာပါ။
ရွာမှာရှိတဲ့
ကျွဲနွားကအစအကုန် ယူသွားကြတာပါ။
ဘင်္ဂလီတွေဟာ
သူပုန်ထက်ဆိုးတယ်လို့ ဗောဓိကုန်းရွာသားတွေက လျှောက်ကြပါတယ်။
ဘာကြောင့်လဲဆိုရင်
သူပုန်တွေက ဘုန်းကြီးကျောင်းလည်းပစ်မှတ်မထားဘူး၊ အိမ်သာကိုလည်း မီးမရှို့ဘူး၊ ဘင်္ဂလီတွေကတော့
ဘုန်းကြီးကျောင်းကို နံပါတ်တစ်ပစ်မှတ်ထားပြီး အိမ်သာကိုပါ မီးရှို့ပစ်လိုက်ကြလို့ သူပုန်ထက်ဆိုးတယ်လို့
ဆိုရခြင်းဖြစ်ပါတယ်။
ရုပ်ရှင်အစည်းအရုံးနှင့်
GE တပ်တို့ ကျေးဇူးကြောင့် ဘုန်းကြီးကျောင်းနှင့် ရွာအိမ်များ အခုလို ပြန်ဆောက်လုပ်ခွင့်ရတာပါ။
ဗောဓိကုန်းရွာလေးက
မောင်တောနယ်မှာ စံပြရွာလိုဖြစ်နေပါတယ်။
သီးပင်
စားပင်တွေနဲ့ သာယာအေးချမ်းတဲ့ ရွာလေးပါ။
ဒုချီးယားတန်းဘင်္ဂလီရွာကြီးမှ
အန္တရာယ်မပေးရင်တော့ နေချင်စဖွယ်လေးပါပဲ။
ကံသာယာအလယ်ရွာကတော့
၂၀၁၂ မှာ အကြမ်းဖက်မခံလိုက်ရပါ။
အမဲလိုက်ဖို့ဆောင်ထားတဲ့
တူမီးသေနတ်နှင့် ခုခံကာကွယ်တာကြောင့် ဘင်္ဂလီတွေ လှည့်ပြန်သွားရခြင်း ဖြစ်ပါတယ်။
ပထမတစ်လောင်းကျသွားပါတယ်။
ဆက်တက်ပါတယ်။
ဒုတိယတစ်လောင်းကျသွားပါတယ်
နောက်ပြန်လှည့်သွားကြပါတယ်။
ကံသာယာမှ
ကိုယ်တွေ့ကြုံလိုက်ရတဲ့ ကာကွယ်ရေးမှူးရွာသားကြီးနှင့်လည်း တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့
မြေအောက် ဘင်္ဂလီစခန်းကို သွားရှာရာမှာလည်း ကံသာယာရွာက လမ်းပြပါဝင်ပါတယ်။
ဒါကြောင့်
ဘင်္ဂလီတွေက ကံသာယာကို မဲနေကြတယ်လို့ ရွာသားတွေကလျှောက်ပါတယ်။
ထောက်ပံ့ရေးပစ္စည်းလေးတွေ
ပြောပြပြီး မြင်းခြံမဘသမှ ဆရာတော်ဦးဇာဂရက ဘုရားတရားမမေ့ဖို့ စည်းလုံးညီညွတ်ကြဖို့
စုစုစည်းစည်းနှင့် ကာကွယ်ကြဖို့ တိုက်တွန်းဟောကြားတော်မူပါတယ်။
No comments:
Post a Comment