"မောင်တောအကြမ်းဖက်မှု ဂျီဟတ်တိုက်ပွဲသာ"
==========================
၂၀၁၂ ဇွန်လ ၈ ရက်နေ့ သောကြာနေ့ နေ့ခင်းကြောင်တင်ကြီး မောင်တောမြို့
ကျောက်ဗလီထဲမှ ဘင်္ဂလီလူအုပ်ကြီး
ပြေးထွက်လာပြီး မူဆလင်မဟုတ်သူမှန်သမျှကို တိုက်ခိုက် မီးရှို့ လုယက်
သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံဖိုင်လ် လူတိုင်းမြင်ဖူးကြမှာပါ။
ဇူလိုင်လ ၁၀ ရက်နေ့ မောင်တောမြို့ကို စာရေးသူရောက်သွားတော့
မောင်တောတိုက်ပွဲဟာ မြို့သိမ်းတိုက်ပွဲ ဖြစ်နေပြီး ဂျီဟတ်စစ်ပွဲသက်သက်သာဖြစ်တယ်၊
ဘာသာရေးလူမျိုးရေး အဓိကရုဏ်းလုံးဝမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။
အကြောင်းကတော့ ဘာသာရေးအဓိကရုဏ်းဆိုရင် လူတွေကိုပဲ သတ်ဖြတ်မှာ၊
သာသနိက အဆောက်အအုံတွေပဲ ဖျက်ဆီးမှာဖြစ်တယ်။
အခုတော့ ရဲစခန်းတွေလည်းဝင်စီး မီးရှို့ စာသင်ကျောင်းတွေ
ဆေးပေးခန်းတွေလည်းမီးရှို့တာကို တွေ့ရပါတယ်။
ဒါကိုကြည့်ရင် ဘာသာရေးအဓိကရုဏ်း လုံးဝမဟုတ်ပါဘူး။
လူမျိုးရေးအဓိကရုဏ်းလည်းမဟုတ်ပါဘူး။
လူမျိုးရေးမုန်းတီးမှုကြောင့်ဆိုရင် ရခိုင်တွေကိုပဲ
ပစ်မှတ်ထားတိုက်ခိုက်မှာပါ။
အခုဟာက ဟိန္ဓူတွေကိုပါ တိုက်ခိုက်သတ်ဖြတ်တာပါ။
ဒုက္ခသည်စခန်းမှာရှိတဲ့ ဟိန္ဒူတွေကို မေးကြည့်ပါတယ်
ရခိုင်တွေနဲ့ရောပြီး မီးရှို့ခံရတာလား၊ သိသိကြီးနဲ့ မီးရှို့တာလားလို့ မေးတဲ့အခါ
သိသိကြီးနဲ့မီးရှို့တာပါဘုရား နင်တို့လည်း ကာဖီရ်တွေပဲလို့ပြောပြီး မီးရှို့ကြ
တာပါတဲ့။
ဒါကိုထောက်ပြီး ၂၀၁၂ အဓိအရေးအခင်းဟာ
လူမျိုးရေးအဓိကရုဏ်းလည်းမဟုတ်ပါဘူး၊ မောင်တောမြို့ကို လိုချင်လို့ ဝန်ထမ်းတွေနှင့်
ပြည်သူတွေကို မနေရဲအောင် အကြမ်းဖက်တိုက်ခိုက်တာပါပဲ။
ဂျီဟတ်စစ်ပွဲလို့ခေါ်ပါတယ်။
အခုလည်း ဘာသာရေးအဓိကရုဏ်းမဟုတ်ပါဘူး
လူမျိုးရေးပြဿနာလည်းမဟုတ်ပါဘူး၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့
ကျူးကျော်စစ်ပွဲတစ်ခုသာဖြစ်ပါတယ်။
ဂျီဟတ်တစ်မျိုးပါပဲ။
ဝီရသူ(မစိုးရိမ်)
27.8.2017
PM 9:36
==========================================================
"အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား သတင်း - ၉"
=============================
အပြစ်မဲ့ ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အစွန်းရောက်
ဘင်္ဂါလီအကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်
သြဂုတ် ၂၇၊ ၂၀၁၇။
မောင်တောမြို့နယ် မြင်းလွတ်မြို့တွင် ယာယီလုပ်ငန်းဖြင့်
ရောက်ရှိနေသော မောင်တောမြို့ (၄) ရပ်ကွက်နေ ဟိန္ဒူ ဘာသာဝင် မိသားစု ၁၂ ဦးသည် သြဂုတ်
၂၆ ရက် ည ၁၁ နာရီတွင် မြင်းလွတ်မြို့မှ မောင်တောမြို့သို ပြန်လာစဉ် မြို့သူကြီး
ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ဆဲ
ခရိုင်တရားရုံးပေါ်သို့ တက်ပြေး ပုန်းရှောင်ခဲ့သည်။
ထိုသို့ ပုန်းရှောင်စဉ် ကြိုတင်ရောက်ရှိနေသည့် အစွန်းရောက် ဘင်္ဂါလီ
အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဟိန္ဒူဘာသာဝင် အမျိုးသား ၂ ဦး၊
အမျိုးသမီး ၁ ဦး နှင့် ကလေး ၃ ဦးတို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား
အမျိုးသမီး ၂ ဦးမှာ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ကလေးငယ် ၎
ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ မိုင် အထက်တန်းကျောင်း စုရပ်သို့ ပြန်လည်
ရောက်ရှိခဲ့သည်။
သေဆုံးသွားသူများအား မောင်တာ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး၊
လေးမိုင်စခန်းသို့ ရောက်ရှိနေသော ဟိန္ဒူ ဘာသာဝင် ၆ ဦးမှာ ယနေ့နံနက် ၆ နာရီတွင်
ဆွေမျိုးများရှိရာ ဘူးသီးတောင်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
(Zawgyi Version)
No comments:
Post a Comment